ယောင်္ကျားလေးသူငယ်ချင်းများတဲ့ ကောင်မလေးတွေ .. (Today Special)
ယောင်္ကျားလေး သူငယ်ချင်းများတဲ့ ကောင်မလေးတွေမှာ ဒီလိုအချက်တွေ ပိုင်ဆိုင်နေတတ်ကြတယ်တဲ့ .. ဟုတ်ရဲ့လား .. ကြည့်လိုက်ပါဦးနော် ...
၁ - တည်ငြိမ်
စိတ်အပြောင်းအလဲမြန်သူတွေ မဟုတ်ပါဘူး။ ခုတစ်မျိုး တော်ကြာ တစ်မျိုးမဖြစ်တတ်ပါဘူး။ စိတ်ထား တစ်သမတ်တည်းရှိသူတွေပါ။
၂ - တက်ကြွ
ဘယ်ကိစ္စမဆို တက်တက်ကြွကြွရှိပါတယ်။ ပျော့ဖတ်ဖတ်နဲ့ တွန့်ဆုတ်တွန့်ဆုတ်ပုံစံမျိုး မရှိပါဘူး။
၃ - မေ့ပျောက်လွယ်တယ်
သူတို့ကတစ်စုံတစ်ခုကို အညိုးအတေးကြီးသူတွေမဟုတ်ပါဘူး။ မကောင်းတဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကို မေ့ပျောက်လွယ်ပါတယ်။
၎ - လွတ်လပ်တဲ့စိတ်ထား
ဘဝ၊အချစ်၊ လူနှစ်ဦးဆက်ဆံရေး စတဲ့ကိစ္စတွေမှာ လွပ်လပ်တဲ့အတွေး အခေါ်မျိုးရှိပါတယ်။ ဒီလိုစိတ်ထားမျိုးကြောင့် မိန်းကလေးသူငယ်ချင်း အရင်းကြီးဆိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။
၅ - ပျော်တတ်
အသေးအဖွဲ့လေးတွေက သူတို့ကို စိတ်အနှောင့်အယှက်မပေးနိုင်ပါဘူး။ ဒါကြောင့် တစ်ခုခုကို ငြီးညူနေသူတွေမဟုတ်ပါဘူး။ အပေါင်းအသင်းနဲ့ ပက်သက်ရင် အမြဲတမ်း ပျော်ရွှင်တတ်တဲ့စိတ်ထားရှိနေသူတွေပါ။
၆ - အသစ်
အသစ်တစ်ခုခုကိုလုပ်ဖို့ စိတ်အားထက်သန်သူတွေပါ။ ဒါကြောင့်မို့ နေရာသစ်၊ ကိစ္စသစ်တွေကိုလုပ်ကြဖို့ သွားတိုင်ပင်ရင် အမြဲလက်ခံ
တတ်တဲ့မိန်းကလေးမျိုးပါ။
၇ - သူငယ်ချင်း
ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူက ပေါင်းတတ်သင်းတတ်ပါတယ်။
၈ - မတွန်းဘူး
သင်တကယ်မလုပ်ချင်တာကို သူတို့က တွန်းတွန်းတိုက်တိုက်မလုပ်ပါဘူး။
Credit - duwun
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment