Header Ads

စည်းလုံးခြင်းရဲ့အလှတရား




တစ်ခါတုန်းက ကမ္ဘာပေါ်မှာရှိတဲ့အရောင်တွေ စကားများ ရန်ဖြစ်ကြပါတယ်။ အားလုံးက အခိုင်အမာပြောဆိုကြတာက
ငါသာ အကောင်းဆုံး ငါသာ အရေးအပါဆုံး ငါသာ အသုံးအဝင်ဆုံး ငါသာ အလှဆုံး ဆိုပြီး ငါချင်း ထပ်နေခဲ့ပါတယ်။

အစိမ်းရောင်ရဲ့ ပြောစကား က့
" အရှင်းဆုံး ပြောရရင် ငါက အရေးအကြီးဆုံး အရောင်ပါပဲ။
ငါဟာ ဘဝရဲ့သင်္ကေတ ငါဟာ မျှော်လင့်ခြင်း ရဲ့ သင်္ကေတ ပဲ ဖြစ်တယ်။ ငါ့ကို မြက်ခင်းတွေ သစ်ပင်တွေ သစ်ရွက်တွေ က ရွေးချယ်ထားတယ်။ ငါသာ မရှိရင် တိရစ္ဆာန်တွေ အားလုံးသေကုန်ကြမှာပေါ့ ။ တိုင်းပြည် အနှံ့အပြား လိုက်ကြည့်
လိုက်ပါ ငါကိုပဲ နေရာတိုင်း မြင်ရမယ်လေ "

အပြာရောင်ကလည်းဝင်ပြောပြန်ရော့
" ခင်များ က ကမ္ဘာကြီး အကြောင်းပဲ ပြောနေတာကို့ ကောင်းကင် တို့ ပင်လယ်တို့ အကြောင်းလည်း တွေးကြည့်ပါဦး
ရေ ဆိုတာ ဘဝရဲ့ အခြေခံ လိုအပ်ချက်နော်။ ကောင်းကင် ကြီး က ကျယ်ပြန့်မှု ငြိမ်းချမ်းမှု ကို ပေးစွမ်းတယ် ကျုပ် အပြာရောင်
ပဲ ရှိတယ်လေ့ ဒီတော့ ခင်များ ရဲ့ အရေးပါမှုကြီး ပဲ ပြောမရ ဘူး လေ "

အဝါရောင်ကလည်း တစ်ခစ်ခစ် ရီမောရင်း နဲ့
" ခင်များတို့ကို ပြောရဦးမယ့့် ကျုပ်ကတော့ ရီမောခြင်း ပျော်ရွှင်မြူတူးခြင်း နွေးထွေးမှုတွေကို ကမ္ဘာကြီး ဆီကို သယ်လာတာ ဗျ့ နေမင်းကိုကြည့် လမင်းကြီးကိုကြည့် ကြယ်လေးတွေ ကြည့်လိုက်ဦး အားလုံးဟာ အဝါရောင်နော်။
အချိန်တိုင်းကြည့် နေကြာပန်း ဒါလည်း အဝါရောင်နော်။ ကမ္ဘာကြီး ဟာ အပြုံးနဲ့ စတင်တာ ကျုပ်မရှိရင် ပျော်ရွှင်မှုဆိုတာ
ရှိမှာ မဟုတ်ဘူး "

လိမ္မော်ရောင် ကလည်း ကျယ်ကျယ်လောင်လောင် နဲ့ ဝင်ပြောတာက့
" ကျုပ်ကတော့ ကျန်းမာရေး နဲ့ ခွန်အား ကို ကိုယ်စားပြု အရောင်
ပါပဲ။ ကျုပ်ဟာ ရှားပါးပေမယ့် တန်ဖိုးရှိတယ် လူသားတွေရဲ့ ဘဝ
လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်။ အရေးအပါဆုံး ဗီတာမင်
တွေကို သယ်ဆောင်ပေးတယ်။ ဟော ကြည့် မုန်လာဥနီ ဖရုံသီး
လိမ္မော်သီး သဘောင်္သီးတွေမှာ ကျုပ်က မပါမဖြစ်လေ ။ နောက်
နေထွက်ချိန် နေဝင်ချိန် တွေ မှာ ကျုပ်မပါဘူးဆိုရင် မဖြစ်ဘူး
ဆိုတာ သတိရ ကြပါဗျာ "

အနီရောင်ကလည်း ဆက်ပြီးမအောင့်နိုင်တော့ပဲဝင်ပြောပါတယ်။
" ဟေ့ ငါက မင်းတို့အားလုံးရဲ့ အချုပ်ပဲ့ ငါက သွေး ဘဝရဲ့
သွေးပဲ ကွ့ ငါ က အန္တရာယ် နဲ့ သတ္တိရှိခြင်း ကို ကိုယ်စားပြုတယ် ။ အကြောင်းအရာတစ်ခုကို တိုက်ခိုက်ဖို့ ငါက လုပ်နိုင်တယ်။ သွေးထဲက လောင်မြိုက်မှု မီးကို သယ်ဆောင် နိုင်တယ်။ချစ်ခြင်း ရဲ့ ပြင်းပြမှုအတွက် ငါက ကိုယ်စားပြုတယ် "

ခရမ်းရောင်ကလည်း တစ်စခန်းထလာပြီး ဝင်ပြောပါတယ်။
" အင်း ခင်များတို့က ကျုပ်ရဲ့ ထည့်ဝါခန့်ငြား မှုကို ထည့်မတွက် ကြဘူးပေါ့။ ကျုပ်က တော်ဝင်ဆန်မှု ပါဝါရှိမှု ကို
ကိုယ်စားပြုတယ်လေ။ ဘုရင်တွေ အကြီးအကဲတွေ က အမြဲတမ်း ရွေးချယ်ကြတယ်။ ကျုပ်က လုပ်ပိုင်ခွင့် နဲ့ ဥာဏ်ပညာ
ကို ကိုယ်စားပြုနေတယ်ဆိုတာ မမေ့ကြပါနဲ့ "

နောက်ဆုံး ထပြောသူကတော့ မဲနယ်ရောင် ပါပဲ့
" အားလုံးက ပြောပြီးရင်တော့ ကျုပ်လည်း ပြောရဦး မှာပေါ့
ကျုပ်ကတော့ တိတ်ဆိတ်မှု ကိုယ်စားပြုတယ်။ အေးဆေးပဲ နေတယ်။ ခင်များတို့ အော်ဟစ်ပြောဆိုမှု ရဲ့ ဆန့်ကျင်ဖက် တိတ်ဆိတ်ငြိမ်သက်မှု ကျုပ်မရှိရင် မပါရင် မဖြစ်ပါဘူး ဗျာ ။
ငြိမ်သက်မှုဆိုတာ တစ်ကယ်တော့ ဘဝ မှာ အလိုအပ်ဆုံးဆိုတာ
ခင်များ တို့ သတိမူဖို့ ကောင်းပါတယ် ဗျာ "

တစ်ဦးနဲ့ တစ်ဦး အားကျမခံ စကားအနိုင် လုနေကြပါတယ်။ လေသံတွေကလည်း ပိုပိုပြီး ကျယ်လောင်လာပါတယ်။ အဲဒီ အချိန်မှာပဲ့ ကောင်းကင်က လျှပ်စီးများ လက်လာသလို မိုးခြိမ်းသံများ မိုးကြိုးပစ်သံများ ကြားရပြီး မိုးက သဲသဲမဲမဲ ရွာချ
လိုက်ပါတယ်။ အရောင်တွေအားလုံး ကြောက်ရွံ့မှု နဲ့ အတူ လွတ်ရာ ကိုပြေး ပုန်းကြပါတယ်။

သိပ်မကြာခင်မှာပဲ့ ကျဆင်းလာတဲ့ မိုးရေက အရောင်များ
ကို စကားပြော လိုက်ပါတယ်။

" သင်တို့ အားလုံး ရူးသွပ်နေတဲ့ သူတွေ ပါလား။ တစ်ကယ်တော့
သင်တို့အားလုံးမှာ စွမ်းရည်ကိုယ်စီ ရှိကြပါတယ်။ ဒါကို တလွဲ ဆံပင်ကောင်း ရှောက်ပြော မနေပါနဲ့ ကျုပ်ဆီမှာ ရည်မှန်းချက်
တစ်ခု ရှိတယ်။ ကျုပ်နောက် လိုက်ခဲ့ကြပါ အားလုံး လက်တွဲ ကြပြီး ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်ကြ ပါစို့ "

အရောင်များ အားလုံး မိုး ၏ ခေါ်ဆောင်ရာ လိုက်ပါကြပြီးနောက် မိုးက ဆက်ပြော လိုက်ပါတယ်။

" မကြာခင် မိုးစဲတော့မယ့့် အားလုံးက အင်အားတွေ စုစည်း
ပြီး ကောင်းကင်ကြီးကို ဖြတ်ပြီး လေးကိုင်းကြီး တစ်ခု ဖန်တီး ကြပါစို့ ဒါဟာ မနက်ဖြန်အတွက် မျှော်လင့်ချက် သင်္ကေတ သက်တန့် ကြီး ဖြစ်လာပြီး လူသားတွေ အားလုံးက အံ့သြမှု အပြည့် နဲ့ သင်တို့ အား ချီးကျူးကြ မှာ ဖြစ်ပါတယ် ဗျာ "

မိုးရေတွေက ကမ္ဘာကြီးကို ဆေးကြောသန့်စင်လိုက် အပြီး
ကောင်းကင်ထက် အရောင်စုံ သက်တန့်ကြီး ကစည်းလုံးမှု ရဲ့ အလှတရား အဖြစ် ပေါ်ထွက်လာတော့ သတည်း။

#kazaw
မှ တ် စု ကြ မ်း
Ref : The Colors Of Friendship.


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments