အယ်ဇိုင်းမား(ကြေကွဲစရာဇာတ်လမ်းတစ်ပုဒ်)
တချိန်တုန်းက သူအမြဲပြောဘူးတယ် 😣😣 "နင့်ကိုမေ့သွားရင် ကောင်းမယ်" တဲ့ ...
တချိန်တုန်းကသူအရမ်းဖြစ်ချင်ခဲ့မိတယ် 😢😢 "နင့်ကိုလုံးဝ မမှတ်မိတော့ရင် ကောင်းမယ်" တဲ့ ...
အခုချိန်ကျမှ သူ့ဆန္ဒတွေ လာပြည့်နေတယ်ထင်ပါရဲ့ 😔😔
ဒိုင်ယာရီလေးရေ.....
ဒီနေ့ကစပြီး ငါ့ခံစားချက်တွေကို ဒီမှာပဲချရေးတော့မယ် 📝📝 .. ငါသူ့ကို မေ့သွားရင်သိပ်ကောင်းမယ် .. နင်သိလား? အဲ့ချိန်တုန်းက ငါလေ... အရမ်းငိုခဲ့ရတာ 😢 ငါ့ဆီမှာ ပျော်စရာတွေမရှိခဲ့ဘူး .... ခေါင်းအုံးလေးကို ဖက်ပြီး အခန်းထဲမှာ အသံတိတ်ငိုခဲ့ ရတဲ့ရက်တွေ ...
ငါရင်မဆိုင်ချင်ပေမယ့် အမြဲကြုံတွေ့ခဲ့ရတယ် 😣 ထမင်းတလုပ်မျိုချဖို့ ငါ့အတွက်သိပ်ကို ခက်ခဲခဲ့တယ်... လူတိုင်းကို ပြုံးပြဖို့ဝန်မလေးတဲ့ငါ့ဆီမှာ အဲ့ဒီအပြုံးတွေ မြင်ရဖို့ ငါ့သူငယ်ချင်းတွေ သိပ်ကိုကြိုးစားခဲ့ရတယ်... အသဲကွဲတာကို ဒီ့ထက်ပိုပြီး ငါမခံစားနိုင်တော့ဘူး ...
သူပေးတဲ့ဒဏ်ရာတွေလည်း ငါ ခံနိုင်ရည်မရှိတော့ဘူး .. ငါ့ပါးစပ်က တဖွဖွရေရွတ်မိတယ်... သူ့ကို ပြန်တွေ့တဲ့အခါ ငါလုံးဝမမှတ်မိခဲ့ရင်သိပ်ကောင်းမယ်ဆိုတဲ့ .. စကားတခွန်းကို ငါ့အသိစိတ်ထဲမှာရော ဦးနှောက်ထဲမှာရော အမြဲဖြစ်ချင်ခဲ့မိတယ်... သူတခြားတယောက်နဲ့အတူ ပျော်နေချိန်မှာ ငါကတော့ မျက်ရည်တွေနဲ့ အဖော်ပြုနေရတယ်... သူတခြားတယောက်နဲ့ စကားတွေပြောနေချိန်မှာ ငါကတော့ မက်ဆေ့ဟောင်းတွေ ပြန်ဖတ်ရင်း အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့နေရတယ်...
သူ့ကိုမေ့ပြစ်ဖို့ ငါ့အသိစိတ်က အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး....
ငါ့နှလုံးသားထဲမှာ လက်ရေချိုးပြီး ရေတွက်လို့ရတဲ့ သူနဲ့အမှတ်တရတွေရှိခဲ့တယ်...
အတူရှိခဲ့ချိန်တွေ နည်းသလောက် မေ့ပစ်ဖို့ကျတော့ အဲ့အချိန်တစ်ခုနဲ့ မလုံလောက်ခဲ့ဘူး....
အရင်လို ပုံမှန်တကျဖြစ်ဖို့ သိပ်ကိုကြိုးစားခဲ့ရတာ .... ....
နောက်ဆုံး~~~
အချိန်တွေက ကုစားသွားခဲ့တယ်ဆိုရမလား!!! အရင်လောက်သူ့ကို မလွမ်းတော့ တာကလွဲရင်ငါနေတတ်သွားပြီ ... တခါတလေ သတိမရမိတော့တာက လွဲရင်ငါအဆင်ပြေသွားပြီ ။... အရင်လိုရှိုက်ကြီး တငင်မငိုတော့တာက လွဲရင်ငါနေသားကျလာပြီ ... ငါ့သူငယ်ချင်းတွေနဲ့ ငါပျော်ပျော်နေတတ်လာပြီ ... ငါ့မျက်နှာက အပြုံးတွေပြန်တွေ့နေရပြီ ... အရင်လို လူမှုရေးပိုင်းမှာ ပြန်ရောတတ်လာပြီ ...
ဒါပေမယ့်ဟာ......
ငါအခုတလော တခုခုဆို အမြဲမေ့မေ့နေတယ် .. ပြောပြီးသားစကားတွေလည်း ထပ်ခါထပ်ခါပြောနေမိတယ် .. ပြောနေရင်းနဲ့ စကားကိုမေ့မေ့သွားတယ်.. ငါအခု အရမ်းမေ့တတ်လာတယ် .. ငါ့သူငယ်ချင်းတွေက စိုးရိမ်လို့ပြောတယ် .. ဆေးရုံသွားပြဖို့ အထပ်ထပ်သတိပေးတယ် ... ငါမသွားခဲ့ဘူးဟာ.... ဒါကသာမန်ပါပဲ အထူးဆန်းမှမဟုတ်တာ.... ဒါပေမဲ့ ငါအခုပိုပိုဆိုးလာတယ် .. လူတယောက်ကလာ မိတ်ဆက်ရင်လည်း ငါအကြာကြီး ပြန်စဉ်းစားယူရတယ် ..
အရင်ကဆို...
ငါအရမ်း မှတ်မိလွယ်တာလေ .. တခုခုဆို မေ့ဖို့မပြောနဲ့ သတိရလွန်းလို့တောင် သူငယ်ချင်းတွေ ပြောတာအမြဲခံရတယ် .. ငါကအမှတ်သည်းခြေလည်း ကြီးသလို မှတ်ဥာဏ်လည်း သိပ်ကောင်းတာ အခုတလော ငါနေလို့လည်း မကောင်းဘူးဟာ .. ငါအိပ်ရေးပျက်တာတွေ များလို့ထင်တယ် 😔😔 ငါ့မှတ်ဥာဏ်တွေ ပျောက်ဆုံးသလို ငါခံစားနေရတယ် ..
ဒါပေမယ့် ....
ဘာ့ကြောင့်မှန်းမသိဘူး .. ဟော့ဒီဒိုင်ယာရီလေးကိုတော့ ငါနေ့တိုင်းရေးဖြစ်တယ်သိလား ငါရေးဖို့မေ့မနေခဲ့ဘူး 📝📝📝 ထူးဆန်းတယ်နော်......... အခုရက်ပိုင်း ငါ့သူငယ်ချင်းတွေက ငါ့ကို ခဏခဏလာကြည့်ကြတယ် .. ငါ့ကို အရင်က ထက်ပိုဂရုစိုက်ကြတယ် .. ကလေးလေးကျနေတာပဲ ငါ့ကိုယုယနေကြတာများဆိုရင်__ ငါ့ကိုမုန့်တွေလည်း ဂရုတစိုက်ကျွေးတယ် .. ထမင်းလည်း ခွံကျွေးကြသေးတယ် ... ဒါပေမယ့် ..သူတို့တွေကပြောင်းလဲနေသလိုပဲ .. အရင်ကနဲ့မတူတော့ဘူး... ငါ့ထက်အသက်ကြီးနေသလိုပဲ.. ငါ့သူငယ်ချင်းတွေ ကိုငါမှတ်မိတာပေါ့ ... ငယ်ငယ်ကတည်းက ပေါင်းလာတာ အခုဆို ဆယ့်သုံးနှစ်တောင်ရှိပြီ .....
ဒါပေမယ့် ငါကျောင်းလည်း မတတ်ရတာကြာပြီ .. သူတို့က ငါ့ကိုမသွားလည်း ရတယ်ပြောတယ် .. ခွင့်တိုင်စာ တင်ထားတယ်တဲ့...
အရင်က ကျောင်းခနတိုင်း လစ်ဖူးပေမယ့် အခုကျပျင်းတာဟာ .. သူတို့ကငါနဲ့လည်း အရင်လို မကစားပေးကြဘူး .. မအားလို့.. မအားလို့ပဲ ပြောနေကြတယ် 😒😒 ချိုချဉ်လို့သာပြောတယ် ခါးတာကြီးတွေ ငါ့ကိုသူတို့ ညာညာ တိုက်နေတာငါ့ကို အ အကြီးမှတ်နေကြတာနေမှာ .. ငါသိသားပဲ အဲ့ဒါဆေးတွေ 💊💊
ငါမသိချင်ယောင်ဆောင်နေတာ သူတို့မသိဘူး .. သူတို့ကမှငတုံးတွေ... ငါ့မှာ လွတ်လွတ်လပ်လပ် မေနေရပါဘူးဟယ် .. ငါဘယ်သွားသွား Nurse ဆိုတဲ့အမျိုးသမီးကြီး အမြဲပါတယ် .. ဒါနဲ့...... ဟိုနေ့က ငါ့ဆီကို လူတယောက် အလည်လာတယ် .. သူကမင်းသားလေးလိုပဲ ချောချောလေးသိလား .. ဒါပေမယ့် .... ငါ့ကိုကြည့်ပြီး သူငိုပဲငိုနေတယ် 😢😢 ငါ့လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ထားပြီးတော့ ....
"သူ့ကြောင့်ဒီလိုတွေဖြစ်ရတာတောင်းပန်ပါတယ်"ဆိုပြီးပဲ ခဏခဏပြောနေတာ.... ကျန်တဲ့စကားတွေ မပြောဘူး... အဲ့စကားတခွန်းပဲပြောပြီး မျက်ရည်တွေကျနေခဲ့တာ .. ငါလေ.. စိတ်မကောင်းဘူးသိလား .. ငါ့ရင်ဘတ်ထဲမှာလည်း အရမ်းကို နာကျင်နေမိတယ် .. ငါကသူ့ကို အခုမှတွေ့ဖူးတာ သူကတော့ငါ့ကို အရမ်းရင်းနီးနေသလိုပဲ...
အခုဆို_____
ငါ့ဆီကို နေ့တိုင်းလာတယ် . ငါသွားချင်တဲ့နေရာတွေကိုလည်း သူလိုက်ပို့ပေးတယ် .. ဘာ့ကြောင့် မှန်းတော့မသိဘူး ... သူနဲ့အတူရှိနေရရင်ငါသိပ်ကိုပျော်တာ ... သူက ငါပျော်ရွှင်အောင်လုပ်ပေးပေမယ့် ... ငါ့ကိုကြည့်နေတဲ့ အခါတိုင်း သူ့မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းလို့..... သူအရင်လိုမဟုတ်တော့ဘူး.... တနေ့တခြား သူ့မျက်နှာလေးညှိုးလာတယ်.... ငါ့ကြောင့် သူပင်ပန်းလို့ထင်ပါရဲ့ 😔😔
ငါလည်းလေ...... အခုတလောခေါင်းတွေ အရမ်းကိုက်တာပဲ ငါမသက်သာဘူး ငါဆေးတွေလည်း သောက်ပါတယ်ဟာ... ငါလိမ်လိမ်မာမာလည်းနေပါတယ်.. ဒါပေမဲ့ အရင်ကထက်ပိုဆိုးလာသလိုပဲ 😣😣 ငါ့ဒိုင်ယာရီလေး အရင်လို ရေးဖို့ခွန့်အားတွေတောင်မရှိတော့ဘူး .. နောက်နေ့ကစပြီး ငါဒီစာအုပ်လေးကို မဖွင့်ကြည့်တော့ဘူး .. အဲ့ဒီလူကို ဒီစာအုပ်လေး လက်ဆောင်ပေးလိုက်ရင် သူပျော်မှာသေချာတယ် ... ငါစာရေးတိုင်း ဘာတွေရေးနေတာလဲဆိုပြီး ... ခနတိုင်းမေးမေးနေတဲ့ အဲ့ဒီလူက ငါ့စာတွေဖတ်ချင်နေမှာ ခေါင်းတွေအရမ်းကိုက်တာပဲဟာ ...
ဒိုင်ယာရီလေးရေ.......
ငါခနလောက်အိပ်လိုက်ဦး မယ်နော် ငါ့ရဲ့ခံစားချက်တွေ ဖွင့်ဟရာစာအုပ်လေး 📓📓📓
မနက်ရောက်တဲ့အခါ....
သူမပွေ့ပိုက်ထားတဲ့စာအုပ်မဲ လေးတစ်အုပ်နဲ့အတူ သူမရဲ့အေးစက်တောင့်တင်းနေတဲ့ ခန္ဓာကိုယ်တစ်ခုကြောင့် ကျတော်သွေးပျက်သွားမိတယ်...
နောက်ဆုံးထားသွားတဲ့ လူကကျတော်မဟုတ်ဘူး သူမဗျ 😓😓😰😰 ကျတော့်ကိုအပြီး ပိုင်ထားသွားခဲ့တာ သူမဘ၀ထဲကအပြီးပိုင်ထုတ်ပစ်လိုက်ခြင်း ခံခဲ့ရတာ သူရေးထားတဲ့ဒိုင်ယာရီစာအုပ်ထဲကလို ကျတော့်ကို လုံးဝမေ့သွားတာ.... ကျတော့်ကြောင့် သူမဘယ်လောက်ထိ ပင်ပန်းခဲ့ရပါမည်နည်း ..
နောက်ဆုံးတော့လည်း ....
သူမ ဖြစ်ချင်ခဲ့တဲ့အတိုင်း ကျတော့်ကိုမေ့သွားနိုင်ပါပြီ .. လွန်ခဲ့သော ဆယ့်သုံးနှစ်က သူမအကြောင်းတွေကလွဲလို့ ကျတော်နဲ့တွေ့ဆုံခဲ့တဲ့ဆယ့်ကိုးနှစ်က အဖြစ်ပျက်တွေအားလုံးကို သူမအပြီးပိုင်မေ့သွားခဲ့တာပါ... အခုချိန်မှာ သူမရုပ်ဝတ္ထုတစ်ခုကို ဖက်ပြီး ရှိုက်ကြီးတငင်ငိုနေခဲ့ရုံမှအပ ကျတော်ဘာမှ မတတ်နိုင်တော့ပါ 💔💔💔
>>>>> စိတ်ကူးယဉ်သက်သက်ရေးထားသော ဇာတ်လမ်းလေးတပုဒ်ပါ ကျေးဇူးအများကြီး တင်ပါတယ်<<<<<
Credit - ♡ နန်းသဇင်ကို ♡
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment