Header Ads

ထာဝရ မဟောင်းနွမ်းမဲ့ အချစ်


မင်္ဂလာ ဆောင်တစ်ခုမှာအခမ်းအနားမှူးက

ကျပ်၁၀၀၀ တန် အသစ်ကလေးတစ်ရွက်ထုတ်ပြီး

ပရိသတ်ကိုမေးတယ်

လိုချင်တဲ့လူ လက်ညိုးထောင်ပါ

အားလုံးကြောင်တောင်တောင်ဖြစ်ကုန်တယ်

အခမ်းအနား မှူးကထပ်ပြောတယ်

ကျနော်တကယ်ပြောတာပါ

လိုချင်တဲ့လူလက်ညိုးထောင်ပါ

လူတော်တော်များများကလက်ညိုးထောင်တယ်

အခမ်းအနား မှူးက

လူတော်တော်များများကိုကြည့်ပြီးတော့

၁၀၀၀တန်အဟောင်းတစ်ရွက်နဲ့လဲလိုက်တယ်

လက်ညိုးထောင်ထားတဲ့အရေအတွက်

သိသိသာသာနည်းသွားတာကိုတွေ့ လိုက်ရတယ်

အခမ်းအနား မှူးက ရယ်ပြီးနောက်ထပ်ပိုပြီး

ဟောင်းနွမ်းတွန့်ကျေနေပြီးစုတ်နေတဲ့

၁၀၀၀တန် တစ်ရွက်ကို ထုတ်လာတော့

လက်ညိုးထောင်ထားတဲ့လူ အကုန်ုလုံးနီးပါး

လက်ပြန်ချသွားတယ် အခမ်းအနား မှူးက

လက်ညှိုးထောင်ထားတဲ့ထဲက

ကောင်လေးတစ်ယောက်ကိုစင်ပေါ်ခေါ်ပြီး

ဘယ်သူမှမလိုချင်တဲ့ဟောင်းနွမ်းပြီးစုတ်ပြတ်နေတဲ့

၁၀၀၀တန်ကိုတွေ့ရက်နဲ့

ဘာလို့လက်ညိုးထောင်ရတာလဲလို့်မေးလိုက်တယ်

ကောင်လေးကပြန်ဖြေလိုက်တယ်

အသုံးများလို့ဟောင်းနွမ်းသွားပေမယ့်

တန်ဖိုးကတော့ အသစ်ကဲ့သို ၁၀၀၀ ပါပဲ

မိတ်ဆွေသင်ဒီနေ့

့လက်ထပ်တာဟာအသစ်စက်စက်ပါ

အချိန် နှစ်လကြာသွားတဲ့အခါ

ဟောင်းနွမ်းသွားပါလိမ့်မယ်

ဘယ်လောက်ပဲလှပနေတဲ့အလှပဲဖြစ်ပါစေ

အချိန်ကာလတစ်ခုပျောက်ဆုံးသွားတဲ့အခါမှာ

ပျက်သုန်းသွားမယ့်တစ်နေ့ရောက်လာမှာပဲ

ဘယ်လောက်ထိ romanticဆန်နေတဲ့အချစ်ပဲ

ဖြစ်ပါစေ....ဘဝရဲ့ပြောင်းလဲမှုအခြေအနေပေါ်

မူတည်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်

အိုမင်းသွားတဲ့အချိန် 

စိတ်လှုပ်ရှားမှုတွေ

ငြိမ်းအေးသွားတဲ့အချိန်မှာ

ဒီ ၁၀၀၀ တန်လေးကိုသတိရလိုက်ပါ

ဟောင်းနွမ်းသွားပေမယ့်လဲ

သူတန်ဖိုးဟာအသစ်ကဲ့သို့တစ်ပြားမှ

လျော့မသွားပါဘူး

ကိုယ်ပြောပြောခဲ့တဲ့

"အိုသည်ဖြစ်စေ နာသည်ဖြစ်စေ တသက်လုံး

သစ္စာ ရှိစွာလက်တွဲသွားမယ်"

ဆိုတဲ့ကတိစကားကို

ဘယ်တော့မှမမေ့လိုက်ပါနဲ့

တစ်ချိန်ကကိုယ်ဟာသူ့ကိုရယူပိုင်ဆိုင်ဖို့အတွက်

အဆက်မပြတ်ကြိုးစားခဲ့တယ်

လက်ထဲရောက်လာရင်တန်ဖိုးထားတတ်ဖို့

မေ့လျော့တတ်ကြတယ်

ရင်ခုန်သံလျော့နည်းသွားတာကိုအရင်းပြု ပြီး

ဟောင်းနွမ်းသွားပြီလို့ ယူဆလျက်

အသစ်အသစ်ကို စမ်းသပ်ချင်တဲ့

ဖောက်ပြန်ခြင်းသဘောတွေ ကိုယ့်ဆီကို

မဖိတ်ခေါ်ပဲရောက်လာတတ်ပါတယ်

စိတ်တိုင်းမကျတာတွေများလာတဲ့အခါ

စိတ်ကုန်ခြင်းဆိုတဲ့အပင်လေးပေါက်လာပါတယ်

နောက်ဆုံးတော့တဖက်ကနာကျင်ခြင်းဆိုတဲ့

ဝေဒနာနဲ့အဆုံးသတ်ရတတ်ပါတယ်

အဲလိုမဖြစ်အောင် ကိုယ့်ရဲ့

ရင်ခုန်ခြင်း ၊ ပျော်ရွှင်ခြင်း ၊ဆိုတာ ရေရှည်

တည်မြဲနေအောင် ထိန်းသိမ်းထားတတ်ဖို့လို့ပါတယ်

ပွင့်လင်းခြင်း ၊ ညှိနှိုင်းဆွေးနွေးခြင်း

တစ်ယောက်ကိုတစ်ယောက်

နားလည်မှုရှိခြင်း ၊ တန်ဖိုးထားခြင်း

ဂရုစိုက်ခြင်း ဟာ 

အကောင်းဆုံးဆေးတစ်ခွက်ပါ

အကောင့်အတွင်းမှ

သူငယ်ချင်းများ

ညီအစ်ကိုများ

အစ်မ ညီမများ

ဦးဦး ဒေါ်ဒေါ်များ

အားလုံး 

ထာဝရမဟောင်းနွမ်းပဲ

ချစ်နိုင်ကြပါစေ

Te Te Lay


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments