Header Ads

သင်မသိပဲရလိုက်တဲ့အမွေ







သင့်မှာ မိဘပေးတဲ့အမွေ မျက်လုံးရှိတယ်

ကြည့်ပါ နီးနီးမကြည့်နဲ့ ဝေးဝေးကြည့်ပါ

သင်ဟာ ဉာဏ်အမြော်မြင် ကြီးလာတဲ့

သူတယောက် ဖြစ်ကို ဖြစ်ရမယ်....


သင့်မှာ မိဘပေးတဲ့အမွေ နားရှိတယ်

နားထောင်ပါ နှစ်ဖက်စလုံး ကို နားထောင်ပါ

သင်ဟာ ကြားသမျှစကား အမှားအမှန်

ဝေဖန်တတ်တဲ့သူတယောက် ဖြစ်ကိုဖြစ်ရမယ်...


သင့်မှာ မိဘပေးတဲ့အမွေ ခြေထောက် ရှိတယ်

လျှောက်ပါ မရောက်မချင်း လျှောက်ပါ

သင်ဟာ မျှော်လင့်သော ပန်းတိုင်သို့

ရောက်ကိုရောက်ရမယ်...


သင့်မှာ မိဘပေးတဲ့အမွေ လက်ရှိတယ်

လုပ်ပါ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ပါ

သင်ဟာ တနေ့တခြား ထူးခြားစွာအောင်မြင်လာတဲ့

ထူးချွန်သူတယောက် ဖြစ်ကိုဖြစ်ရမယ်....


တကယ်တော့လူသားတိုင်းအတွက်

မိဘကပေးတဲ့ အမွေဆိုတာ လူ့ဘ၀ရောက်လာ

သည့်နေ့မှစ၍ အမွေတွေ ကိုယ်စီရထားပြီးသားပါ


ရလာတဲ့ အမွေတွေကို သုံးမတတ်ကြတော့


ဆိုးသူကဆိုး

မိုက်သူကမိုက်

ပျက်သူကပျက် ဤသုံးချက်နဲ့


နောက်ဆုံး စာနာမူ့တရားလုံးဝမထားတတ်တဲ့

လူယုတ်မာတွေပါ ဖြစ်ကုန်ကြတာ


ငါ့မိဘဆင်းရဲလို့ ဘာအမွေမှ မပေးနိုင်ဘူးလို့

စိတ်အားငယ်နေမယ့်အစား မွေးရာပါ အမွေတွေနဲ့

ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး

ဖန်တီးလိုက်ရတာက ပိုပြီးတော့မြင့်မြတ်တဲ့

ခံယူချက်တွေပါလို့ တိုက်တွန်းရင်း..........


လေးစားစွာဖြင့်......


Ref - ကျွဲကျောင်းသား


Credit : Original Uploader


No comments