အသက် ၂၃ နှစ်ပြည့်တဲ့အခါလူတိုင်း ကြုံရတဲ့ ဒုက္ခ၁၀ ခု
အသက် ၂၃ နှစ်ပြည့်တဲ့အခါ လူတိုင်း ကြုံရတဲ့ ဒုက္ခ (၁၀) ခု
အသက် ၂၃ နှစ်အရွယ်ကို ဖြတ်သန်းဖူးသူတွေကတော့ ဒီဒုက္ခတွေကို ကောင်းကောင်းသိနေကြမှာပါ။
ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ တွေးရင်နဲ့ပဲ ဒီလိုအရွယ်ကို ရောက်လာ တက်ကြပါတယ်။ အသက် ၂၃ နှစ်အအရွယ်ဟာအသက်ကြီးပြီလို့ ဆိုနိုင်တဲ့ အရွယ်တော့မဟုတ်တော့ပါဘူး။
ဒါပေမယ့် အသက်နှစ်ဆယ်ရောက်စ လူငယ်တစ်ယောက်အနေနဲ့ တော့ အများ ကြီး ကွာခြားသွားပါပြီ။ အသက် ၂၃ နှစ်ရောက်လာတဲ့အခါ ကြုံရတဲ့ ဒုက္ခ (၁၀) ခုရှိပါတယ်။
၁။ အလုပ်မှာ၊ ရုံးမှာ သင်က အငယ်ဆုံးမဟုတ်တော့ပါဘူး။ သင့်ထက်ငယ် သူတွေက နောက်ကို သင်မနည်း အမီလိုက်နေရပါပြီ။
၂။ ဘမ်း စကားတွေ မသိတော့ဘူး။ ဒီနေ့ ခေတ် အသက်၂၀ အောက် လူငယ်တွေ ပြောနေကြတဲ့ စကားတွေကို သိပ်နားမလည်ချင်တော့ဘူး။
၃။ တက္ကသိုလ် ပြန်တက်ချင်စိတ်တွေပေါက်လာမယ်။ လုပ်ငန်းခွင်မှာ အခက် အခဲ တွေ့လာရင် ဒီအချိန်တွေကို ပိုသတိရလာမယ်။
၎။ မိဘတွေနဲ့ အိမ်မှာနေရတာ ရှက်တက်လာပြီ။ ဒါပေမယ့် ကိုယ့်ဘာသာ လည်း တစ်ယောက်တည်းနေဖို့ ဝင်ငွေ မရှိသေးဘူး။
၅။ လေ့ကျင့်ခန်းလုပ်ဖို့ စပြီး စဉ်းစားလာရပြီ။ အထိုင်များတဲ့ အလုပ်လုပ်ရင် ဒီအရွယ်မှာ Gym ကိုပြေးနေရပြီ။
၆။ ရည်းစားထားဖို့၊ အခြားကောင်လေးတွေ၊ ကောင်မလေးတွေနဲ့ အီစီကလီ လုပ်ဖို့ အချိန်မရှိတော့ဘူး။ အလုပ်အတွက်ပဲ အချိန်ကုန်နေရပြီ။
၇။ ဘဝကို မြန်မြန်အခြေကျချင်နေပြီ။ အိမ်လေးတစ်လုံးလောက်တော့ ပိုင်ချင်နေပြီ။ ဒါပေမယ့် အလုပ်ကလည်း ဝင်ငွေ အဲဒီလောက် မကောင်းသေးဘူး။
၈။ လူငယ်သာ မဟုတ်တော့တာ။ ဘယ်သူမှလည်း ကိုယ့်ကို လူကြီးဆိုပြီး လေးလေးစားစား မဆက်ဆံသေးဘူး။
၉။ အလုပ်မှာ ဆရာလုပ်တာလည်း ခဏခဏ ခံရသေးတယ်။
ညီလေးအစ်ကိုတို့တုန်းက ဒီလိုကွ ဆိုတာမျိုး ခဏခဏ ဆရာလုပ်ခံရတယ်။ ဒါပေမယ့်အလုပ်မှာ ကိုယ့်ထက်ငယ်သူတွေကိုတော့ ဆရာပြန်လုပ်လို့ မရပြန်ဘူး။
၁၀။ အခုမှတက်ချင်တဲ့သင်တန်းတွေရှိလည်းလူငယ်တွေနဲ့ ပြိုင်တက်ရမှာ ရှက်နေမယ်။
Source & Photos : Life
Credit>>>Duwun
Post a Comment