နာမည်ပေးပွဲ
ကျွန်တော့်အစ်မဗိုက်ကြီးသည်က ဗိုက်နာလို့ တအားအား အော်နေပြီ။ အမေနဲ့အစ်မငယ်က မွေးခန်းထဲမှာ အစ်မကို အားပေး ရင်း ခြေမကိုင်မိ၊ လက်မကိုင်မိ။ အဖေခမျာမှာတော့ အိမ်ရှေ့ခန်း မှာထိုင်လိုက်၊ ထလိုက်၊ ရေနွေး ကြမ်းသောက်လိုက်။ မျက်နှာမှာ တော့ ပူပန်မှုတွေနဲ့။
အစ်မဗိုက်နာလို့ အော်တဲ့ အသံကြားကတည်းက အိမ်ပေါ် က ကသုတ်ကရက် ဆင်းပြေးသွားတဲ့ ယောက်ဖကို ဘယ်လဲလက်သည် သွားခေါ်မလို့လားလို့ အော်မေးတော့ မဟုတ်ဘူး အရေးကြီးလို့ဆိုတာပဲ ပြန်အော်သွားတယ်။ ဘယ်အထိ ပြေးသွားတယ်မသိရဘူး။ ဒါနဲ့ ရွာထဲက လက်သည်ကို ကျွန်တော်ပြေးခေါ်ရတယ်။
ဒီကောင်ကတော့ လုပ်လိုက် ရင် ဒီလိုချည်းပဲ။ ဘာအချိုးမှန်းကို မသိဘူး။ အရင်ကတော့ ဒီကောင် က ရွာထဲမှာ စာတိုပေစလေးတွေ ဖတ်တယ်။ သူ့ကြည့်လိုက်ရင် စာဖတ်နေတာများတယ်။ ရွာထဲ မှာ သူသိတာလေးတွေများတော့ နေရာတကာ ပြောရဲဆိုရဲ။ လူကြီး တွေ လုပ်ပုံကိုင်ပုံမဟုတ်ရင် သူပဲ ထပြောရဲတာ။ နောက်ပိုင်း သူ ပြောတာတွေက နည်းလမ်းကျ တော့ တစ်ရွာလုံးက နေရာပေး လာတယ်။ ဒီတော့လည်း သမက် တော်ချင်သူတွေ များလာတာ ပေါ့။
ဒီအထဲမှာမှ ကျွန်တော့် အစ်မနဲ့ ရည်ငံမိကြပြီး ကျွန်တော့် ယောက်ဖဖြစ်လာတာ။ ကျွန် တော့ယောက်ဖဖြစ်လာတော့ ကျွန်တော့်အိမ်ပေါ် ရောက်လာ တယ်။ အရင်ထဲက ရွာထဲမှာ နေရာရထားသူဆိုတော့ အိမ်မှာ လည်း အိမ်ဦးနတ်ပါပဲ။ ကျွန် တော့်အဖေ သူ့ယောက္ခမကို တောင် အိမ်သားတွေက သမက် လောက် လေးစားတာမဟုတ်ဘူး။
တစ်အိမ်လုံးက သူ့စကားဆို နားထောင်ကြတယ်။ သူကလည်း ထုံးစံအတိုင်း သူဖတ်ထား၊ မှတ် ထားတာတွေနဲ့ တစ်အိမ်လုံးမှာ ဆရာကြီးဖြစ်ရုံသာမက တစ်ရွာ လုံးမှာလည်း ဆရာကြီးပါပဲ။ အိမ် တိုင်းအိမ်တိုင်းက သူ့အတွက်ဆို စားစရာအဆင်သင့်။ သူရောက် လာဖို့ပဲ မျှော်လင့်နေကြတာ။ သူ ကလည်း တစ်အိမ်တက် တစ်အိမ် ဆင်း သူသိသမျှပြောပြ၊ အကြံ ပေးပေါ့။
အဲ...။ ခက်တာက အိမ် အတွက် အလုပ်ဆိုလို့ ဘာမှမည် မည်ရရ မလုပ်သေးတာပဲ။ သူ ဘယ်တော့များ သူ့အရည်အချင်း နဲ့ အလုပ်ကြီးအကိုင်ကြီးတစ်ခု ထလုပ်တော့မလဲဆိုပြီး စောင့် ကြည့်နေတာ အခုသူ့မိန်းမကလေး မွေးသည်အထိ။ ခု သူ့မိန်းမဗိုက် နာလို့ မွေးခါနီး ဝုန်းဆို ဆင်းပြေး သွားတယ်။ ဘာမှလည်း မပြော သွားဘူး။ ဒီကောင်က ရွာထဲမှာ ဆရာကြီးဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီကောင့်မှာ အကြံ ကောင်းတွေရှိပုံပဲ။
တွေးနေစဉ်မှာပဲ ယောက်ဖ တော် အိမ်ပြန်လာတယ်။ သူနဲ့ အတူ လွယ်အိတ်လွယ်ထားတဲ့ နှုတ်ခမ်းမွေးစစနဲ့ လူနှစ်ယောက် ပါလာတယ်။ အိမ်ပေါ်ရောက် ရောက်ချင်းပဲ အခြေအနေဘယ် လိုလဲ။ မွေးဖို့နီးပြီလားတဲ့ မေးလို့ မသိဘူးပဲ ပြောလိုက်ရတာ။ ဒီကောင်က အေးလေ မင်းဘာသိ မှာလဲဆိုတဲ့ မျက်နှာပေးနဲ့။ သူနဲ့ ပါလာတဲ့ နှစ်ယောက်ကတော့ စာအုပ်တစ်အုပ်စီထုတ်ပြီး ခဲတံ တစ်ချောင်းစီနဲ့ အရန်သင့်တွက် ချက်ဖို့ စောင့်နေကြတယ်။ အဲဒီ အချိန်မှာ ဒီကောင်ကပြောတယ်။ ကလေးမွေးချိန် အတိအကျ နက္ခတ်ကြည့်ပြီး နာမည်ပေးဖို့ ဟိုဘက်ရွာမှာ ရောက်နေတဲ့ ဗေဒင်နက္ခတ်ပညာရှင် နှစ်ယောက်ကို အပြေးသွားပင့်လာတာဆိုပဲ။ မွေး ပြီဆိုတာနဲ့ နက္ခတ်အားလုံးစစ် ဆေးပြီး သင့်တော်တဲ့နာမည်တစ် ခု ကင်ပွန်းတပ်မှည့်တော့မယ်တဲ့။
သူတို့ရောက်လာပြီး နာရီ ဝက်လောက်သာသာလောက် အ ကြာမှာတော့ တအီးအီးတအား အား ညည်းသံတွေနဲ့ အားပေးသံ တွေ ရုတ်တရက်ကျယ်လောင် လာပြီး မွေးပြီ..မွေးပြီ မိန်းကလေး ဟေ့ဆိုတဲ့အသံနဲ့ မရှေးမနှောင်း မှာပဲ ကလေးငိုသံ ထွက်လာတော့ တယ်။ အားလုံးမွေးခန်းဆီ အာရုံ ရောက်သွားကြပေမယ့် ဗေဒင် ဆရာနှစ်ယောက်ကတော့ အချိန် ကိုကြည့်ပြီး တန်းတွက်ကြတော့ တာပဲ။ ယောက်ဖတော်ကလည်း သူတို့တွက်ချက်တာကိုပဲ ထိုင် ကြည့်နေတယ်။
ဗေဒင်ဆရာ နှစ်ယောက် လည်း စာအုပ်နဲ့ မျက်နှာကပ်ပြီး မနားတမ်း တွက်ကြတော့တယ်။ နာရီကြည့်လိုက်၊ ကောင်းကင် ထွက်ကြည့်လိုက်နဲ့။ ယောက်ဖ တော်ကတော့ ဘေးကနေ အချိန် တွေ၊ နက္ခတ်တွေ မလွဲဖို့နဲ့ နေ့နံ တွေမှန်ဖို့ တဖွဖွသတိပေးလို့။
နှစ်ယောက်စလုံးရဲ့ အတွက် အချက်အရ ကျွန်တော့်တူမလေး က အဓိပတိဖွားတဲ့ဗျ။ ပညာတွေ တတ်မယ့်အကြောင်း၊ ကမ္ဘာ ကျော်မယ့်အကြောင်း၊ အကြီး အကဲဖြစ်မယ့်အကြောင်း၊ ကြီး ပွားချမ်းသာမယ့် အကြောင်း၊ အခြွေအရံတွေများမယ့် အကြောင်း တစ်ယောက်တစ်လှည့်စီ ဟောကိန်းထုတ်ကြတယ်။ ယောက်ဖတော်လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့။ နောက်ဆုံး နာမည်မှည့်ဖို့ စဉ်းစားကြတဲ့အချိန်မှာပဲ ပြဿနာစတက်တာပဲ။
တစ်ယောက်က မွေးနံနဲ့စပြီး မိတ်ဖက်နံနဲ့ဆုံးချင်တယ်။ တစ် ယောက်က အဲဒီလိုနာမည်ပေးရင် စောစောက ထင်ပေါ်ကျော်ကြား မယ့်အရာတွေ အားလုံးပြောင်း ပြန်ဖြစ်မယ်။ သူ့နည်းကမှ အမှန် လို့ ဆိုလာပြန်တယ်။ အဲဒီမှာ ယောက်ဖတော်က သူ့အဖေဟာ ပညာဉာဏ် ကြီးမားသူဖြစ်လို့ ကလေးကို သူ့အဖေနာမည်ပါ အောင် ပေးမယ်လို့ ဆိုပြန်တယ်။ ဒီတော့ ကျွန်တော့်အစ်မငယ်က လည်း အဖေလည်း သိက္ခာကြီး မားသူ၊ ဂုဏ်ရှိန်ကြီးမားသူဖြစ်လို့ အဖေ့နာမည် ပါစေချင်တယ်လို့ ဆိုပြန်တယ်။ အဖေကတော့ ဘာ မှမပြောဘူး။ မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။
ငြင်းကြခုံကြရင်း ကလေး မွေးလို့ သတင်းလာမေးကြသူတွေ ကလည်း ဒီဝိုင်းမှာထိုင်ကြည့်နေ ကြပြီး တစ်ယောက်တစ်ပေါက် ဝိုင်းအကြံပေးကြပြန်တယ်။
မင်းသမီးရူး ရူးနေတဲ့ ရွာထဲ က အပျိုခေါင်းဆောင်က နာမည် ကြီးနေတဲ့ မင်းသမီးနာမည်လေး ပေးရင် လှမယ်လို့ ဆိုပြန်တယ်။ ရွာထဲက မေ့တတ်တဲ့ အဒေါ်က တော့ နင်တို့ဟာနင်တို့ ဘာနာ မည်ပဲပေးပေးဟယ် ငါကတော့ အေးတွတ်မလို့ ခေါ်ရမှာပဲတဲ့။
အဲဒီအချိန်မှာပဲ အမေက မွေးခန်းထဲကနေ ထွက်လာတယ်။ မျက်နှာကမကောင်းဘူး။ ကလေး အမေက သွေးတွေဆင်းတာမရပ်ဘူး။ လက်သည်က ဆေးရုံသွားစေချင်တယ် ဆိုတဲ့အကြောင်း ပြောတယ်။ အဖေနဲ့ညီမလေး ပျာ ယာခတ်သွားတယ်။ ချက်ချင်း ဆေးရုံသွားဖို့ပြင်ကြတော့တယ်။ ယောက်ဖကတော့ လှည့်တောင် မကြည့်ဘူး။ သွားနှင့်လိုက်၊ သူ လိုက်လာခဲ့မယ်ဆိုပြီး နာမည် ငြင်းခုံနေတာကိုပဲ ထိုင်ကြည့်နေ တယ်။ ကျွန်တော် အော်ဆဲပြီး ထထိုးမယ်ဆိုတော့ အဖေကဆွဲ တယ်။ အဖေနဲ့ညီမလေးပဲ လှည်း နဲ့ အစ်မကို ဆေးရုံခေါ်သွားကြ တယ်။ ကျွန်တော့်ကို ပြဿနာ မဖြစ်အောင် ထိန်းဖို့ အမေကျန်ခဲ့ တယ်။
ညဥ့်လည်းနက်ပြီ။ အမေ လည်း ညနေက ပင်ပန်းတာနဲ့ အိပ်နေပြီ။ ဆေးရုံက အစ်မ ကတော့ မနက်ဖြန် ကျွန်တော် သွားမှ အခြေအနေသိရမှာ။ ယောက်ဖကတော့ ကလေး နာမည်ပေးဖို့ သူ့ဗေဒင် ဆရာ နှစ်ယောက်နဲ့ ငြင်းခုံကြတုန်း...။
Ref-7Daydaily
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Post a Comment