နင်နဲ့ငါလက်ထပ်ကြတဲ့အခါ
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
နှစ်ဖက်မိဘစုံရာရှေ့မှာ လက်မှတ်ထိုးကြမယ်…
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
အများသူငါ အားကျနေစေရမယ်…
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
ရာထူးတွေ ဂုဏ်တွေဘေးချိတ်ထားကြမယ်နော်…
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
နှစ်ဖက်မိဘကို ရှိခိုးကန်တော့ကြမယ်နော်…
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
သူများတွေလို ဟိုတယ်ကြီးမှာမဆောင်နိုင်ပေမယ့်
မြန်မာဓလေ့ထုံးစံနဲ့အညီ မင်္ဂလာဆွမ်းကျွေးကြမယ်…
နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ
သူများတွေလို တိုက်နဲ့ကားနဲ့မနေနိုင်ပေမယ့်
အားးမငယ်ပါနဲ့ ငါတို့နှစ်ယောက်အတူတူ
ကြိုးစားကြရင် တနေ့တော့ဖြစ်လာမှာပါ…
Credit You_and_Me
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment