အချစ်မှာ ပျင်းရိလို့မရဘူး
နှစ်ယောက်အတူနေတာ ကြာလာတော့
ကောင်မလေးက ကောင်လေးကို ပိုပိုချစ်လာတယ်။
ကောင်လေးက လေးနက်မှုလျော့လျော့လာတယ်။
ကောင်မလေးကို တောင်တွေးမြောက်တွေး တွေးလွန်းတယ်လို့
ကောင်လေးကပြောတယ်။
ကောင်လေးက ကိုယ့်ကိုအရင်လို မချစ်တော့ဘူးလို့
ကောင်မလေးက ထင်တယ်။
တကယ်တော့ ဘယ်သူမှမပြောင်းလဲပါဘူး။
ပြောင်းလဲသွားတာက အချိန်ပါ၊
အချင်းချင်းရင်းနှီးမှုတွေ တိုးတိုးလာတော့
တစ်ဘက်သားအပေါ် အကျင့်တွေဖြစ်လာခဲ့တယ်။
ချစ်စကလောက် ရင်မခုန်ကြတော့ဘူး။
ဒီလိုနဲ့ ကောင်မလေးက တောင်တောင်မြောက်မြောက်လျှောက်
တွေးတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အချစ်အပေါ် ပျင်းရိနေလို့မရဘူး။
ယုယဖို့ ပျင်းတယ်၊ ချစ်တယ်လို့ပြောဖို့ ပျင်းတယ်၊
ဖုန်းဆက်ရဖို့ ပျင်းတယ်၊ နားလည်ပေးရဖို့ ပျင်းတယ်၊ .....
ချစ်စကြင်နာစက ရင်ခုန်ကြည်နူးတာတွေထက် ပျင်းရိနေခဲ့ရင်
အချစ်ဟာ ငြီးငွေ့စရာကောင်းသွားပြီး
နောက်ဆုံးမှာ တွေဝေ၊ လျှောက်တွေး၊ စွပ်စွဲ၊ ရန်ဖြစ်၊ လမ်းခွဲတာပဲ
ကျန်ရစ်ခဲ့လိမ့်မယ်။
Credit - နိုင်းနိုင်းစနေ
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment