ခင်ဗျားကိုသဝန်တိုတဲ့ကောင်မလေး
ကောင်မလေးတစ်ယောက်က
ခင်ဗျားရဲ့ပတ်လည် မီတာနှစ်ဆယ်အတွင်း
ဝင်လာသမျှ တခြားကောင်မလေးတွေနဲ့
ခင်ဗျားကို သဝန်တိုပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားလေသံလေး နည်းနည်းမာတာနဲ့
စိတ်ကောက်သွားပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားရဲ့ chat box တွေ၊ search box တွေကို
အခွင့်အရေးရတိုင်း ဝင်မွှေချင်ပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျား သူ့ကို နည်းနည်းလေး ပစ်ထားလိုက်တာနဲ့
ခင်ဗျားကို Phone တွေ
အွန်လိုင်းတွေမှာ တစ်ခါတည်း Block ပြီဟေ့ဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားကို ရစ်စရာမရှိ ရှာကြံရစ်ပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားကိုတွေ့လိုက်တာနဲ့
ခင်ဗျားနားထောင်ချင်သည်ဖြစ်စေ
နားမထောင်ချင်သည်ဖြစ်စေ
စကားတွေဖောင်ဖွဲ့ပြီး တရစပ်ပြောပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားဝတ်တာ၊ စားတာ
နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာကစပြီး
ချေးပါ၊ သေးပေါက်အထိ
နေရာတကာ လိုက်ပါပြီဟေ့ဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကောင်မလေးတစ်ယောက်က
ခင်ဗျားနဲ့ ပတ်သက်ပြီး
တစ်စိတ်ကို တစ်အိတ်လုပ်
အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ပြီး
ပြဿနာမရှိ ပြဿနာရှာပြီဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့
အဲ့ကောင်မလေးကို ပြေးသာနမ်းဗျာ
ဘာလို့လဲဆိုတော့
အဲ့လိုဖြစ်တာ ခင်ဗျားကို သူသိပ်ချစ်လို့ပါ
ဟုတ်လား...
မိန်းကလေးဆိုတဲ့ သဘာဝက
သူတို့စိတ်ထဲသာ မရှိရင်
သောက်ဖက်ကိုမလုပ်ကြတာလေ...
ကဲ...ကြီးကေတာ့
မြှောက်ပေးလိုက်ပြီ
ကျန်တာတော့ သိဘူးနော်...
Credit: Wai Phyo Maung
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment