Header Ads

အမျိုးသမီးတွေဟာအမျိုးသား၈၀%ကဆွဲဆောင်မှုမရှိဘူးလို့မြင်တတ်ကြတာဟာ



အမျိုးသမီးတွေဟာ အထူးသဖြင့် အမျိုးသားများ ပါဝင် ပတ်သက်တဲ့နေရာမှာ ဇီဇာကြောင်သူများလို့ မှတ်ယူခံရလေ့ရှိပါတယ်။ တစ်ခုလပ် အမျိုးသမီးတချို့ဟာ သူတို့စံထားတဲ့ အမျိုးသားမှာ ရှိရမယ့် ထူးခြားတဲ့ ပင်ကိုယ်အရည်အချင်းတွေဖြစ်တဲ့ ဟာသဥာဏ်ရှိရမယ်၊ ဝင်ငွေကောင်းရမယ် ဆိုတဲ့ အချက်တွေအပြင် ကားကောင်းကောင်းလေး ရှိရမယ် စသဖြင့် စာရင်းပြုစုတတ်ကြတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အဖော်အဖက်တွေ့တဲ့အခါ အမျိုးသမီးတွေက ဘာတွေ ညှိနှိုင်းလို့ ရမလဲ၊ ဘာကိုတော့ ထားလိုက်လို့ရမလဲဆိုတာ ဆုံးဖြတ်ကြရပါတယ်။

ဘယ်လောက်ရွေးချယ် စီစစ်တတ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်နေပါစေ အရေးမကြီးပါဘူး။ တချို့မှာ သူတို့ရဲ့ ရရှိပိုင်ဆိုင်ရမယ့် စာရင်းထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပင်ကိုယ်အရည်အချင်း အတိအကျရှိကြပါတယ်။ ဒါ့ကြောင့်မို့ အမျိုးသမီးများ အနေနဲ့ အမျိုးသား ၈၀% တို့ဟာ ဆွဲဆောင်မှုမရှိသူများအဖြစ် မြင်ကြကြောင်း oKCupid ရဲ့ လေ့လာချက်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

တကယ်ချိန်းတွေ့ ဆက်သွယ် စကားပြောဆိုမှု ပြုလုပ်တော့မယ့် အချိန်မျိုးမှာ အမျိုးသမီးတွေက မျှော်လင့်ချက်အနည်းအကျဉ်းသာ ထားကြပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ခုက သာမန်ရုပ်ရည် ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက ယောက်ျားလေးအများစုဟာ သူမအတွက် အရည်အချင်းမပြည့်မီဘူးလို့ ခံယူထားပေမယ့် ဘာပဲဖြစ်ဖြစ် ဆက်သွယ်စကားပြောဖို့ သူမ ဆုံးဖြတ်ပါတယ်တဲ့။

Ref: Yourtango

Ref: rdasia.com



အောင်မြင့်မြတ်(Myanmar Youths)

No comments