Header Ads

သူငယ်ချင်းကို ချစ်နေမိသလား ဆိုတာ သေချာ ခွဲခြား သိချင်တယ် ဆိုရင် 

(၁) သူငယ်ချင်းက တကယ်ချစ်ရမယ့် ချစ်သူရပြီ လို့ ပြောချိန်မှာ ထပ်တူ 

ဝမ်းသာနိုင်ခဲ့တယ်။ ချက်ချင်း ဒီတစ်ယောက်သောသူကို တွေ့ချင် မြင်ချင် 

လာတယ်။ ဒါ သူငယ်ချင်း စစ်စစ်။

ဒါပေမယ့် သူငယ်ချင်းက တကယ်ချစ်ရမယ့် သူ ရပြီလို့ ပြောချိန်မှာ မျက်နှာ 

မထားတတ်အောင် ဖြစ်ခဲ့မယ်။ ပြီးတာနဲ့ ရယ်ရယ်မောမော လိုတာထက် 

အိုဗာ ဝမ်းသာ ပြခဲ့ရင် ဒါသူငယ်ချင်းထက် ပိုနေပြီ။


(၂) သူငယ်ချင်း အနားမှာ ၁၀၀% ပြည့် သက်တောင့် သက်သာ နေနိုင် 

တယ်။ မိတ်ကပ်မပြင် သွားမတိုက် ပဲ ဖရိုဖရဲ ထွက်တွေ့နိုင်စွမ်း ရှိ တယ်။ 

ဒါသူငယ်ချင်း စစ်စစ်။

သူငယ်ချင်း အနားမှာ သက်တောင့်သက်သာ နေနိုင် ပေမယ့် ကိုယ့် ဆီက 

ခြေထောက်၊ လက် စတဲ့ အစွန်အဖျားထွက်နေ တာလေး တွေကို 

သတိနဲ့ လှုပ်ရှားမိနေခဲ့မယ်။ သန့်သန့်ပြန့်ပြန့် နဲ့ သာ တွေ့လို တယ်ဆိုရင် 

ဒါသူငယ်ချင်းထက် ပိုနေပြီ။


(၃) တစ်ယောက်နဲ့ တစ်ယောက် စကားမပြောမဆို ပဲနဲ့လဲ နေ့ပေါင်း များစွာ 

ခွဲခွာ ထားလို့ ရတယ်။ သူ့အကြောင်း မတွေးနေဘူး။ ငါ့ အကြောင်း ရော 

တွေးနေပါ့မလားလို့ မပူဘူး။ ဒါသူငယ်ချင်း စစ်စစ်။

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ သိပ်မကြာခင်မှာ 

တဖက်က အသံကို မျှော်လင့်နေ ခဲ့မယ်။ တဖက်ကသူ ရှိနေတဲ့ နေရာတွေ 

လျှောက် ရှာ မိမယ် ဆိုရင် ဒါသူငယ်ချင်းထက် ပိုနေပြီ။


(၄) တစ်ယောက်နဲ့တစ်ယောက် အကြားမှာ အေးအေး ဆေးဆေး ဆိုတဲ့ 

ဝေါဟာရရှိတယ်။ ပူလောင်မှု မရှိဘူး။ ဇာတ်လမ်းတွေ အနစ်နာခံ တာတွေ 

ယုယတာတွေ မလုပ်ပေးတတ်ဘူး။ ဒါ သူငယ်ချင်း စစ်စစ်။

မဟုတ်ပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အကြားမှာ အနွေးဓာတ်လေး 

ရှိနေမယ်။ စွန့်လွှတ်တာ အနစ်နာ ခံတာ စတဲ့ ဇာတ်လမ်းတွေ ယုယ 

တာတွေ ရှိ နေမယ် ဆိုရင် ဒါသူငယ်ချင်းထက် ပိုနေပြီ။


(၅) လူပေါင်းမှားနေတာ မှန်နေတာ ဂရုမစိုက် တတ် ဘူး။ အဓိက က 

ကိုယ့်အပေါ် အရင်ကလို ခင်မင်မှု ရှိနေရင် လူပေါင်းမှားလည်း သိပ်

ပြဿနာလို့ မထင် ဘူး။ ဒါသူငယ်ချင်းစစ်စစ်။

အဲ့သလိုမဟုတ်ပဲ ဘယ်လူတွေနဲ့ ပေါင်းနေသလဲ ဆိုတာ အမြဲလေ့လာ 

မိနေမယ်။ အဓိက က ကိုယ့် အပေါ်ကောင်းဖို့ထက် သူမပျက်စီးဖို့ကို 

ရှေးရှုမြင် နေမိခဲ့ရင် ဒါသူငယ်ချင်းထက် ပိုနေပြီ။


(၆) ပတ်ဝန်းကျင်ကလဲ ဒီနှစ်ယောက်မရိုးသားဘူး လို့ မမြင်ဘူး။ မြင်လဲ 

သံသယ ခဏသာဖြစ်တတ်ပြီး တကယ် ထဲထဲဝင်ဝင်တွေ့ချိန်မှာ 

သူငယ်ချင်းတွေ သာ ဖြစ်ကြောင်း သိလေ့ရှိတယ်။ ဒါသူငယ်ချင်း စစ်စစ်။

ဒါပေမယ့် ပတ်ဝန်းကျင်က ဒီနှစ်ယောက် တစ် ယောက် အပေါ် 

တစ်ယောက် စိတ်ဝင်စား နေမှန်း သိတယ်။ အမြဲလိုက်ကြည့်နေတတ် 

ကြတယ် ဆိုခဲ့ ရင် ဒါ သူငယ်ချင်းထက် ပိုနေပြီ။


Credit - မှတ်စုကြမ်း ‪#‎kyawnge‬





အောင်မြင့်မြတ်(Myanmar Youths)

No comments