Header Ads

အချစ်လက်ဖဝါး အမုန်းလက်ဖမိုး အပိုင်း(၄)

အဲ့ဒီနောက်ပိုင်း မောင်ကျွန်မထံ နေ့တိုင်းအလာမပျက်၊ 
ပုံမှန်အတိုင်းအချစ်မပြယ်၊ ကျွန်မအပေါ်ဆိုးနွဲ့ မြဲ၊ ချွဲနွဲ့ဆဲ။ 
ဒါ့ကြောင့်လည်းကျွန်မ ကေသီမိုးဆိုသည့် မိန်းကလေးတစ်ယောက်၏ 
အကြောင်းကိုမောင့်ထံထပ်မံ မမေးမြန်းတော့သလို မောင်ကလည်း 
ကေသီမိုးဆိုသည့် အမည်တစ်ခုကိုကျွန်မထံဘယ်တော့မှရောက်မလာ
စေ ခဲ့။ နောက်လည်းအဲ့ဒီအမည် ကျွန်မထံရောက်လာတော့မည်
မဟုတ်ဟု ကျွန်မထင်မြင်ခဲ့မိပါသည်။ ဒီလိုနှင့်ရွေ့ လျားလာသည့်
အချိန်များမှာ ၆ လနီးပါးကြာမြင့်လာခဲ့သည့်တစ်နေ့တွေ့နေကျညနေ
ခင်းတစ်ခုတွင် မောင် ကျွန်မဆီပုံမှန်အတိုင်းရောက်လာခဲ့သည်။ 
ယခင်အချိန်များအတိုင်းမောင်နှင့် ကျွန်မ အင်းလျားကန်ဘောင်ဘက် 
လမ်းလျှောက်ထွက်ကြသည်။ ကျွန်မတို့၏လှုပ်ရှားမှုများမှာ ယခင်နေ့များ
အတိုင်းဖြစ်သော်လည်း မောင့်အမူ အယာမှာတစ်စုံတစ်ခု ထူးခြားနေသည်ဟု
ကျွန်မထင်မြင်နေခဲ့မိပေမယ့် မောင့်ကိုတော့ဘာမှမမေးဖြစ်သေးပါ။ 
ဒါပေမယ့်လည်းကျွန်မ မောင့် ထံမှဘယ်တုန်းကမှမမျှော်လင့်ခဲ့သည့် 
စကားတစ်ခွန်းကိုကြားလိုက်ရသည်။ အဲ့ဒီ အချိန်လေးကိုကျွန်မ
ဘယ်တော့မှမေ့နိုင်မည်မထင်ပါ။ ၂၀၁၃ ခုနှစ်မေလ မိုးလေးဖွဲဖွဲရွာ
နေတဲ့အချိန်မှာပေါ့။ မောင်ပြောခဲ့သည့်စကား 
“သွဲ့ မောင်တို့လမ်းခွဲရအောင်” တဲ့။ 
ဒီကမ္ဘာကြီးပျက်သုဉ်းသွားရင်တောင် မောင် ကျွန်မကိုဘယ်တော့မှ
လက်တွဲဖြုတ်လိမ့်မည်မဟုတ်ဟု ယုံကြည်ခဲ့ သည်လေ။ မောင့်ဆီက
အဲ့သည့်စကားကြားလိုက်ရခြင်းကို ကျွန်မမယုံကြည်နိုင်ခဲ့ပါ။ ထို့ကြောင့်
လည်းကျွန်မ မောင့်ကိုနောက်တစ်ကြိမ်ပြောဖို့တောင်းဆိုခဲ့မိသည်။ 
“မောင် သွဲ့ သေချာမကြားလိုက်ရဘူး၊ တစ်ဆိတ်လောက်ပြန်ပြောပါလား 
မောင်”
 “ သွဲ့ မောင်လေ ကေသီမိုးကို လက်ထပ်ရလိမ့်မယ်။ အဲ့ဒီအတွက် မောင် 
သွဲ့ နဲ့လမ်းခွဲဖို့လိုတယ်။ မောင့်မှာ ကေသီမိုးကို လက်မထပ်လို့မဖြစ်တဲ့ 
အကြောင်းတစ်ခုရှိခဲ့တယ် သွဲ့”
“ခဏလေး မောင် အဲ့ဒီလက်မထပ်လို့မဖြစ်တဲ့အကြောင်းဆိုတာ သွဲ့ 
တစ်ချက်လောက်သိခွင့်ရှိမလား မောင်။ ဒါမှ သွဲ့ ပါဝိုင်းပြီးအားလုံးအတွက်
ကောင်းမယ့်အခြေအနေတစ်ခုကို စဉ်းစားပေးလို့ရမယ်လေ။ သွဲ့ နဲ့လမ်းခွဲဖို့ 
ဆုံးဖြတ်ခဲ့တယ်ဆိုတာလည်း မောင့် မှာအကြောင်းရှိတယ်လေ။ 
အဲ့ဒီအကြောင်းကို သွဲ့ သေချာသိမှဖြေရှင်းလို့ ရမယ့်အရာဆို သွဲ့တို
့နှစ်ယောက်ရင်ဆိုင်ဖြေရှင်းကြတာပေါ့ မောင်။ ဖြေရှင်းလို့မရဘူးဆိုရင်
တော့ မောင် ပြော သလိုပဲစဉ်းစားရမှာပေါ့ မောင်၊ အဲ့ဒီအကြောင်းကို 
သွဲ့ သိချင်တယ် မောင်”
“မောင် ဘယ်လိုပြောရမလဲ သွဲ့.. ကေသီမိုးအတွက် မောင်မရှိမဖြစ်လို
အပ်တယ်။ မောင် မရှိရင်သူ့ဆက်ပြီး ရပ်တည်ဖို့အင်အားတွေရှိမှာ
မဟုတ်ဘူး။ သွဲ့ ကတော့မတူဘူးလေ။ သွဲ့ ကစိတ်ဓာတ်လည်းမာတယ်။ 
ကိုယ်ပိုင် ရပ်တည်ချက်အရည်အချင်းလည်းရှိတယ်။ မောင် မရှိဘဲနဲ့ 
သွဲ့ ဘ၀ကို သွဲ့ ကောင်းကောင်းတည်ဆောက်ပြီး ရှေ့ဆက်နိုင်မယ်လေ။ 
နောက်တစ်ချက်က ကေသီမိုးမှာ မောင်.. မောင့်ရဲ့…….” 

မောင်စကားမဆက်နိုင်အောင်ဆွံ့အ သွားချိန်မှာ မောင့်မျက်လုံးတွေက
တစ်ဆင့် မောင်ဆက်ပြောဖို့ဝန်လေးနေ တဲ့အရာကိုကျွန်မသိလိုက်ပါပြီ။ 
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မထိန်းသိမ်းထားခဲ့သည့် မိန်းကလေးတစ်ယောက်၏ 
ထိန်းသိမ်းအပ်သည့်အရာတစ်ခုကို မစောင့်ထိန်းနိုင်ခဲ့သည့် ကောင်မလေး
တစ်ယောက်ရဲ့ အရှက်တရား၊ စောင့် ထိန်းအပ်သည့်သစ္စာတရားကို မစောင့်
ထိန်းခဲ့မိသည့် မောင့်ရဲ့ မိုက်မဲခဲ့မှုတစ်ခု၊ မောင် နဲ့ ကေသီမိုးဆိုသည့် 
မိန်းကလေးတို့၏ ဂုဏ်သိက္ခာ အဲ့ဒီအရာတွေအတွက် ကျွန်မနှလုံးသားကို 
စတေးရတော့မှာပေါ့။ အရင်က စိတ် ဓာတ်မာသည့်မိန်းကလေးကို
သဘောကျပါသည်ဆိုသည့် မောင်။ အခုတော့ မောင် မုန်းတီးတယ်ဆိုတဲ့ 
စိတ် ဓာတ်တွေအပြည့်ရှိနေတဲ့မိန်းကလေးကို မောင် မရှိလို့မဖြစ်ပါဘူးဆိုတဲ့
အချက်အတွက် မောင် ရွေးချယ်တော့ မယ်ပေါ့။ ကျွန်မ ကကော မောင် 
မရှိဘဲရပ်တည်နိုင်မှာတဲ့လား မောင်။ မောင့် ကိုချစ်တဲ့စိတ်တွေအပြည့်နဲ့ 
အသက်ဆက်ရှင်နေတဲ့ မိန်းမတစ်ယောက်ပါ မောင် ရယ်။ ဒါပေမယ့်
တစ်ဖက်က အခြေအနေအရ ကျွန်မ မောင့် ကိုစွန့်လွှတ်ရတော့မှာပေါ့။ 

“ရပြီ မောင်၊ ဒီလောက်ဆို သွဲ့ သဘောပေါက်ပြီ။ ဟုတ်ပြီလေ မောင်၊ 
အခုအတိုင်းဆို မောင် ရွေးချယ်တဲ့နည်း လမ်းမှန်ပါတယ်။ သွဲ့ တို့
လမ်းခွဲကြတာပေါ့။ ဘယ်သောအခါမှပြန်လည်ပေါင်းစည်းမရနိုင်တော့မယ့် 
လမ်းခွဲခြင်း နဲ့ သွဲ့ တို့လမ်းခွဲဖို့လိုအပ်တာပေါ့ မောင်။ မောင် ကေသီမိုးကို
လက်ထပ်ပါ မောင်။ နောက်ပြီးမောင်တို့ရဲ့ သွေး သားလေးကိုသေချာ
စောင့်ရှောက်ပါ မောင်။ သွဲ့ ဒါပဲမှာချင်ပါတယ်။”
“သွဲ့ ငိုချင်ငိုလိုက်ပါ သွဲ့ရယ်။ သွဲ့ ငိုချင်ရင် မောင့် ရှေ့မှာပဲ ငိုလိုက်ပါ။ 
ဒါမှသွဲ့ မျက်ရည်တွေကို မောင် သုတ် ပေးနိုင်မယ်လေ။”
“အို ဘာလို့ငိုရမှာလဲ မောင် ရဲ့။ ဒါငိုစရာမှမဟုတ်တာ။ မောင် သွဲ့ကို
မချစ်လို့ထားခဲ့တာမှမဟုတ်တာမောင်ရဲ့။ နောက်သွဲ့ကလည်း မောင်နဲ့
မချစ်လို့လမ်းခွဲခဲ့တာမှမဟုတ်တာ။ သွဲ့ တို့နှစ်ယောက်စလုံး တစ်
ယောက်ကိုတစ် ယောက်ချစ်လျက်က အခြေအနေတစ်ခုကြောင့်သာ 
လမ်းခွဲကြရတာလေ။ ၀မ်းနည်းစရာမရှိပါဘူး မောင် ရယ်။ အနာဂတ်မှာ
တစ်ယောက်စီက ကိုယ့်ဘ၀ကိုကိုယ် အကောင်းဆုံးဖြစ်အောင်
ဖန်တီးနိုင်ဖို့ပဲလိုတာပါ။”
“သွဲ့ မောင်လေ အဲ့ဒီကလေးကို မွေးပြီးရင် သူနဲ့ကွာပြီး သွဲ့နဲ့
လက်ထပ်မယ်နော်။ မောင် သွဲ့နဲ့မခွဲနိုင်ဘူး။ သွဲ့ နဲ့တစ်သက်လုံး
ဝေးမနေနိုင်ဘူး သွဲ့ရယ်။ မောင့်ကိုအဲ့ဒီအချိန်ကျရင် လက်ခံပေးပါနော်။ 
နောက် သွဲ့ မောင်ပြန် လာတဲ့အထိစောင့်ပေးပါနော်။ ဟင် မောင့်ကို 
ကတိပေးမယ်မဟုတ်လား သွဲ့။”

မောင့်စကားတွေဟာ ကျွန်မနားထဲကိုသံရည်ပူနဲ့လောင်းလိုက်သလို 
ပူလောင်ပြီးတိုးဝင်သွားခဲ့တယ်။ နောက် ကျွန်မစိတ်ထဲမှာ မောင် ပြောတဲ့ 
မောင် ပြန်လာမယ်ဆိုတဲ့စကားကို လက်ခံချင်သလိုလိုဖြစ်မိတယ်။ တစ်နေ့ 
မောင် ပြန်လာခဲ့ရင် ကျွန်မအရမ်းကိုဝမ်းသာရမှာပါမောင်။ ဒါပေမယ့် 
မောင်နဲ့ကျွန်မ ပြန်လည်ပေါင်းဖက်နိုင်ဖို့ ဆိုရင် တစ်ဖက်က
လူသားနှစ်ယောက်ကကော ဘယ်လိုခံစားရမှာပါလဲ။ နောက် မောင် 
ကကောဘယ်လို ယောင်္ကျားမျိုးဖြစ်သွားမှာလဲ။ ကျွန်မဘက်က 
ပြတ်သားဖို့တော့လိုအပ်မှာပါ။ 

မုန်း (BeeTalk)

ဇာတ်သိမ်းပိုင်းမျှော် ...

No comments