တစ်နေ့မှာပေါ့
ကာင်မလေး ❝ငါအခြားတယောက်ကို ချစ်မိသွားပြီ❞
ကောင်လေး ❝ ဘာ...! ❞(အံ့သြခြင်း၊တုန်လှုပ်ခြင်း၊ဝမ်းနည်းခြင်း
အပြည့်နှင့်...၂ မိနစ်အကြာမျှ နူတ်ဆိတ်သွားသည် )
ပြီးလျှင်....
ကောင်လေး ❝ကောင်းပြီလေ သူ့ကိုခေါ်လာလို့ရမလား ငါ
တွေ့ကြည့်ချင်တယ် ❞
ကောင်မလေး ❝အင်း ...❞
ဒီလိုနှင့် ကောင်လေးက
တတိယကောင် ဆိုသောသူကိုတွေ့လိုက်သည်
ပြီးလျှင်
ထို တတိယကောင်ကို ခေါ်၍ နှစ်ယောက်သား သီးသန့် စကားပြောသည်
ကောင်မလေး ကတော့ သီးသန့်  ဘေးနားမှာ စောင့်နေတာပေါ့
ကောင်လေးက တတိယကောင်ကို ဘာတွေပြောမှန်း ကောင်မလေး မသိပါ စိတ်ထဲမှာတော့ ရန်များဖြစ်ကြမလား ဆိုပြီး စိုးရိမ်ပူပန်နေတာပေါ့
ဆယ် မိနစ်လောက်ကြာပြီးနောက်
ကောင်လေးက တတိယကောင် ရဲ့ ပခုံးကို ရင်းနှီးစွာဖက်ပြီး နှစ်ယောက်သား ကောင်မလေးဆီ ပြန်ရောက်လာကြတယ်
ပြီး
ကောင်လေးက ကောင်မလေးရဲ့ လက်ကိုဆွဲယူပြီး တတိယကောင် ရဲ့လက်ထဲကို အပ်ပေးလိုက်တယ်
ပြီး
❝နင် ပျော်ပါစေလို့ ငါဆုတောင်းပေးပါတယ် ❞(မျက်ရည်ဝဲရင်းဖြင့်)
ပြီး
တတိယကောင် ပြောပြန်တယ် ❝ငါမှာထားတာ မမေ့နဲ့ ❞
ပြီး
ကောင်လေး သူတို့နှစ်ယောက်ကို ကျောခိုင်းထွက်ခဲ့တယ် သမင်လှည့်ပြန်တောင် မကြည့်ပဲနဲ့ပေါ့
ကောင်မလေးမှာတော့ ရင်ခွင်သစ်ထဲ ခိုဝင်ပြီး ပျော်နေရှာတယ်
မကြာပါဘူး
ကောင်မလေးက သိချင်လိုစိတ်နဲ့ တတိယကောင် ကိုမေးတယ်
❝သူနင့်ကို ဘာတွေပြောခဲ့တာလဲ❞
တတိယကောင်က ပြန်ဖြေတယ်
❝ဘာမှမဟုတ်ပါဘူး နင်နဲ့ ပါတ်သက်ပြီး မှာနေတာပါ❞
❝နင်က အိပ်ပုတ်ကြီးတယ်.. မနက်တိုင်း နင့်ကိုဖုန်းဆက်ပြီးနိုး
မဟုတ်ရင် နင် အလုပ်နောက်ကျပြန်တော့မယ် တဲ့❞
❝ည အိပ်ခါနီးတိုင်း ဖုန်းဆက်ပေးပါ နင်က ဖုန်းသံလေးကြားပြီးမှ အိပ်ပျော်တယ် ဆိုလို့ တဲ့❞
❝သွားလည်တဲ့အခါတိုင်း စိတ်ရှည်ပေးပါ နင်က ကလေးဆန်ဆန် ဂျီကျနိုင်လွန်းလို့ တဲ့❞
❝နင် က ပေါကြောင်ကြောင် လုပ်ရပ်တွေ လုပ်တဲ့အခါ လိုက်လုပ်ပေးပါ
ဒါမှ နင်ပျော်မှာတဲ့❞
❝နင် ပျော်အောင် မထင်မှတ်တဲ့ အချိန်လေးတွေမှာ ကဗျာလေးတွေ စာလေးတွေ ရေးပြီး ပို့ပေးပါ တဲ့❞
❝နင် က ကျန်းမာရေး သိပ်မကောင်းဘူး.... မိုးရေထိလို့မရဘူး အအေးဒဏ်မခံနိုင်ဘူး သေချာ ဂရုစိုက်ပေးပါ တဲ့ ❞
ကောင်မလေး တဖြည်းဖြည်း နှင့် ရှိုက်ငင်လာပါသည်
ပြီး .......
တတိယကောင် ဆက်ပြောနေတာကို ကောင်မလေး မကြားတော့ပါ
ကောင်လေးထွက်သွားရာဖက်ကို လှမ်းကြည့်မိသည်
ကောင်လေး ရဲ့ အရိပ်အရောင်ကိုမျှ မတွေ့ရတော့ပါ
ကောင်မလေး ပြေး၍ လိုက်သွားသည်
ကောင်လေးသွားရာ နောက်သို့ပေါ့ ...
တတိယကောင် အော်ခေါ်တားနေလည်း မကြားနိုင်တော့ပါ ......
↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝
အချစ်မှာ
ဘယ်သူက ဘယ်သူ့ကို ပိုချစ်တယ် ဆိုတာမရှိပါဘူး
ဘယ်သူက ဘယ်သူ့ကို နားမလည်တတ်တာပဲ ရှိပါမယ်
အချစ်မှာ
တရားတယ် မတရားဘူး ဆိုတာမရှိပါဘူး
တန်ဖိုးထားတာနဲ့ တန်ဖိုးမထားတာပဲရှိပါမယ်
အချစ်မှာ
ရယူခြင်း ၊ ပိုင်ဆိုင်ခြင်း ဆိုတာမရှိပါဘူး
ပေးဆပ်ခြင်းနဲ့ ချစ်နေတဲ့ အခိုက်အတန့် လေးမှာ
မြတ်နိုးတန်ဖိုးထားတတ်ခြင်းပဲ ရှိပါမယ်
အချစ်ဟာ
ရေစီးကြောင်းနဲ့တူတယ်
သူတောင်မှ ကိုယ့်ကိုပြန်ချစ်လာနိုင်သေးတာပဲ
အခြားသူတယောက်ယောက်ကိုရော မချစ်သွားနိုင်ဘူးလို့
ဘယ်သူအာမခံနိုင်လို့လဲ ?
အချစ်နဲ့ ပါတ်သက်လာရင်
သူ့ကို မချစ်တော့ဘူးဆိုရင် လွှတ်ပေးလိုက်ပါ
အခြားလူတွေ သူ့ကိုချစ်လို့ရအောင်ပေါ့
သူက ကိုယ့်ကို မချစ်တော့ဘူးဆိုရင်
ကိုယ့်ကိုယ်ကို လွှတ်လိုက်ပါ အခြားလူတွေ ဆက်ချစ်လို့ရအောင်ပေါ့
အချစ်ဆိုတာ နှစ်ဖက်သား အပြန်အလှန် ချစ်ကြမှာသာ
သာယာလှပ ပြီးပြည့်စုံ တာပါ
လမ်းခွဲပြီး
သူငယ်ချင်း ပြန်ဖြစ်ဖို့ မလွယ်တော့ပါ
ဒဏ်ရာတွေ ကိုယ်စီနဲ့မို့ပါ
ရန်သူအဖြစ်လည်း မလုပ်ရက်ပါ
အပြန်အလှန် ချစ်မြတ်နိုးခဲ့ကြလို့ပါ
သူငယ်ချင်း တို့အားလုံး ချစ်တတ်ကြပါစေ......
Credit: Copy
Post a Comment