Header Ads

ချစ်သူအပေါ်သစ္စာရှိခြင်း၏ကောင်းကျိုးများ


++++++++++++++++++++++++++++++

သစ္စာတရားနှင့် ပြည့်ဝသော ချစ်ခြင်းတရားများမှ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကို ဖော်ပြပေးလိုက်ပါတယ်။

- သင့်ချစ်သူအပေါ် သစ္စာရှိခြင်းက သူကလည်း သင့်အပေါ် အပြန်အလှန်သစ္စာရှိဖို့ တွန်းအားပေးပါတယ်။

- သစ္စာတရားဟာ သင်တို့ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲစေပါတယ်။

- သစ္စာရှိခြင်းဟာ သင့်စိတ်ကို အေးချမ်းစေပါတယ်။ သင်လိမ်ထားသမျှတွေ ပေါ်သွားမလား၊ သင့်ချစ်သူများ သိသွားမလားလို့လည်း စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။

- သစ္စာရှိခြင်းကြောင့် သင်တို့ချစ်သူနှစ်ဦးရဲ့ အနာဂါတ်ရည်မှန်းချက်တွေအပေါ် ပိုမိုအာရုံစိုက်နိုင်ပါတယ်။

- သင့်ရဲ့သစ္စာရှိမှု့ကြောင့် သင့်ချစ်သူ၊ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်မှု့ကို ပိုမိုတိုးပွားစေပါတယ်။

- သစ္စာရှိသူတွေဟာ ဘ၀မှာပိုမိုပျော်ရွှင်ရတတ်ပြီး၊ အချိန်တိုင်းကို အပြုံးအစစ်တွေနဲ့ ဖြတ်သန်းနိုင်ပါတယ်။

- သင့်ရဲ့ သစ္စာရှိမှု့ကြောင့် သင့်ချစ်သူရဲ့ ယုံကြည်မှု့နဲ့ ပေးဆပ်မှု့အားလုံးကို သင်ပိုင်ဆိုင်နိုင်ပါတယ်။

- သင်တို့ချစ်သူ ၂ ဦးရဲ့ အပြန်အလှန် သစ္စာရှိမှု့ဟာ အများသူငှာတွေက သင်တို့စုံတွဲကို လေးစားအားကျစေပါတယ်။

- ယုံကြည်မှု့ကို တည်ဆောက်ဖို့က ခဲယဉ်းပေးမယ့် ယုံကြည်မှု့တွေ ပျက်ဆီးဖို့ကတော့ အင်မတန် လွယ်ကူပါတယ်။

Credit : Momolay



အောင်မြင့်မြတ်(Myanmar Youths)

No comments