Header Ads

ကိုယ်ကအရမ်းချစ်မိတဲ့အခါ



`` ကိုယ်က အရမ်းချစ်မိတဲ့ အခါ ´´

`` သူရော ငါ့လို ချစ်ပါ့မလားလို့ အမြဲတမ်း
စိုးရိမ်နေတတ်တယ် ´´

`` သူ ဘယ်လိုနေနေ ဘယ်လို ပြောပြော ´´

`` ကိုယ့်လောက် မချစ်ဖူးပဲ ထင်နေတတ်တာ ´´

`` သူ့ဆီက သူစိမ်းဆန်တဲ့ အပြုမူလေး တစ်ခုခု
ကြုံရတဲ့နေ့ဆို သူ ငါ့ကို တစ်ကယ် မချစ်လို့
ဒီလိုလုပ်တာ...သူ ငါ့ကို မချစ်တော့လို့ ရက်စက်တာ...ဆိုပြီး အရူးလိုဖြစ်သွားတော့တယ် ´´

`` အရမ်း ချစ်တဲ့သူတွေက အစွဲလန်းသိပ်ကြီးတယ် ´´

`` အစွဲလန်းကြီးသလို ဆုံးရှုံးရမှာလဲ အချိန်ပြည့် စိုးရွံ့နေတတ်တယ် ´´

`` ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ကြောင့် တစ်ခါတလေ မလုပ်သင့်တာတွေ လုပ်မိတယ်...မပြောသင့်တာတွေလဲ ပြောမိတယ်... ´´

`` အစွဲလန်းကြီးတဲ့ လူတစ်ယောက်ကို ချစ်မိရင်တော့ တစ်ခါတလေ သူ ထင်ရာ မြင်ရာတွေ ပြောတဲ့အခါ လုပ်တဲ့အခါ နားလည်ပေးဖို့ လိုလိမ့်မယ် ´´

`` အဲ့ဒါဟာ သင့်ကို ချစ်တဲ့စိတ် ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်တစ်ခုတည်းကြောင့်ပါပဲ ´´

အပြောအဆိုမတတ်လို့ စိတ်မကောင်းဖစ်သွားရင်
တောင်းပန်ပါတယ် နော်😔😔

{မောင်}
‪Credit: ‎မြူ‬ တွေးမိတာလေးပါ



အောင်မြင့်မြတ်(Myanmar Youths)

No comments