ရုပ်မချောရင်ချစ်မဲ့သူမရှိတော့ဘူးလား
သင့်ရုပ်ရည်ထက်ပိုပြီးစွဲဆောင်နိုင်စွမ်းရှိသည့် ကိုယ်ရည်ကိုယ်သွေး(၇)မျိုး
အချစ်တစ်ခုကို ရဖို့ ရုပ်ကလေးတစ်ခုကို ရင်းရုံနဲ့ မဖြစ်နိုင်ပါ။ လူတော်တော်များများကလည်း အချစ်ကို
ရွေးချယ်တဲ့အခါမှာ ရုပ်အင်္ဂါကိုပဲ ကြည့်ပြီး ရွေးကြတာမဟုတ်ပါဘူး။ သူ့ ရွေးချယ်လိုက်တဲ့သူမှာ တစ်ခြား
ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ ပိုင်ဆိုင်ထားသေးတယ်ဆိုတာ ငြင်းလို့ ရမည်မဟုတ်ပါ။ သည်တော့ သင်
ရုပ်မလှလည်း ကိစ္စမရှိပါဘူး။ တစ်ချို့သော သင့်မှာရှိတဲ့ အရည်အသွေးက ရုပ်ရည်ထက် ဆန့်ကျင်ဘက်
လိင်ကို စွဲဆောင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။
1. ဂီတကို ကျွမ်းကျင်ခြင်း
ဂီတကို လူတိုင်းအားလုံးနီးပါး နှစ်သက် သဘောကျကြပါတယ်။ ဂီတဟာ တစ်ယောက်ရဲ့စိတ်အာရုံကို
ဖမ်းယူနိုင်တဲ့ မှော်ဆန်တဲ့ ဖြတ်လမ်းတစ်ခုဖြစ်ပါတယ်။ သင်လည်း သတိထားမိမှာပါ။ မြန်မာနိုင်ငံမှာ
ဂီတပညာရှင်တစ်ယောက်အတွက် ရုပ်ရည် သာမာန်ရွက်ကြမ်းရေကျို ဆိုပေမယ့် သူတို့ အိမ်ထောင်
ဘက်တွေကတော့ လန်ထွက်နေတာပဲမလား။
2. ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ် သဘောကျတဲ့သူကို ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး
ဘယ်လိုပုံစံဖြစ်တယ်၊ ဘယ်လိုလေးဆို ပိုကောင်းမှာပဲဆိုပြီး စိတ်ထဲကနေ တွေးစကြတာမျိုးတွေ ရှိပါ
တယ်။ အခုခေတ်မှာ ယောက်ျားလေးတွေဆို မိန်းကလေးတော်တော်များများကိုကြည့်တဲ့အခါ မျက်နှာ
ကို ဦးစားပေး မကြည့်တော့ပါဘူး။ ခန္ဓာကိုယ်ကိုပဲ အရင် ကြည့်ကြပါတော့တယ်။ အဲဒီကမှ တောင့်တယ်၊
ဖြောင့်တယ်-ဆိုပြီး မှတ်ချက်ချတော့တာမဟုတ်လား။
3. ကိုယ့်ကိုယ်ကို ယုံကြည်မှု
ကိုယ့်ကိုယ်ကို ယုံကြည်သူများဟာ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ဣနြေ္ဒရပါတယ်။ ပြာယာ မခတ်ဘူး။
တည်ကြည်သိမ်မွေ့ပြီး လုပ်တဲ့ကိုင်တဲ့ အရာတွေအားလုံးဟာ နီးစပ်သူတွေအပေါ်ကို လွှမ်းမိုးမှုတွေ ရှိစေ
ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ဆိုရင်လည်း ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်ထားနိုင်ပါတယ်။
4. ခင်မင်ဖော်ရွေမှု
ခင်မင်ဖော်ရွေမှုကြောင့် သင့်ကို ထင်ဟပ်စေနိုင်တဲ့ အကျိုးတရားတွေက ဒီလူဟာ သဘောထားပြည့်ဝ
တယ်၊ ပညာဉာဏ်ကြီးတယ်၊ လူချင်လူခင်များတယ်၊ သည်းခံနိုင်စွမ်းအား ကောင်းတယ် စသဖြင့် သူ
ဥာဏ်မီရင် မီသလောက် သင့်အကြောင်းကို စဉ်းစားစေပါတယ်။
5. စကားကိုလေးလေးနက်နက်ပြောတယ်
စကားလုံးတစ်လုံးမှာ လေးနက်မှုအပေါ်မူတည်ပြီး ‘အား’ တွေ ပါတတ်ပါတယ်။ ဒီလို ပြောတတ်ဖို့လည်း
ပညာဉာဏ် ကြီးမြင့်ဖို့ လိုပါတယ်။ ပညာဉာဏ်ကြီးမြင့်သူများသာ စကားလုံးရဲ့ တန်ဖိုးကို သိပြီး လှလှပပ
ရွေးချယ်သုံးစွဲတတ်ကြတာပါ။
6. ရိုးရှင်းသောအပြုံး
ဘယ်လောက်ပဲ ရုပ်ဆိုးပါစေ၊ ရိုးရှင်းတဲ့ အပြုံးတစ်ပွင်း ပြုံးလိုက်ရင် ကြည့်လှသွားတာပါဘဲ။ ရိုးရှင်းတဲ့
အပြုံးကို မြင်ပြီး သင်ဟာ စိတ်ဓာတ်ဖြူစင်သူ၊ ရိုးသားသူဆိုတာကို သိမြင်စေနိုင်ပါတယ်။ ဘယ်သူပဲ
ဖြစ်ဖြစ် ဟန်ဆောင်ပြီး ပြုံးတာလား၊ မချိပြုံး ပြုံးတာလား၊ မခံချင်ပြုံး ပြုံးတာလား ဆိုတာလောက်တော့
ဆုံးဖြတ်နိုင်ကြပါတယ်။
7. ရိုးသားသောစိတ်ဓာတ်
သင်ဟာ အလွန်ရိုးသားသူ တစ်ယောက်ဆိုရင် သင့် ရိုးသားစိတ်ကို ကြည်ညိုလေးစားတဲ့ ဖူးစားဘက်
တစ်ဦးတစ်ယောက်တော့ ရှိဖို့ သေချာပါတယ်။ ရိုးသားခြင်းဟာ ချက်စားလို့ မရဘူး-လို့ တစ်ချိုးက
ပြောကြပါသေးတယ်။ ဒါဆို ချက်စားလို့ရတဲ့ဟာတိုင်း ခင်ဗျား ချက်စားရဲ့လား-လို့ ပြန်မေးလိုက်ချင်ပါ
တယ်။ လူတစ်ယောက်ဟာ ရိုးသားတဲ့ စိတ် ကိုယ်မှာရှိနေသရွေ့ကာလပတ်လုံး သူဟာ လူနတ်တို့ ကိုး
ကွယ်ထိုက်တယ်လို့တောင် ကျွန်တော်က အမွှန်းတင် ပြောချင်ပါတယ်။
Credit :နတ်စည်တော် Myanmar Online Media
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment