Header Ads

ချစ်သူကိုအနားမှာအမြဲရှိစေချင်ရင် ဒါတွေကို ရှောင်လိုက်နော် ...


ယောက်ျားလေး အများစုက ကိုယ့်ချစ်သူတွေနဲ့ ပတ်သက်ပြီး ပါးစပ်က 

ထုတ်မပြောတတ်ပေမဲ့ မလုပ်စေချင်တဲ့ အချက်ကလေးတွေရှိပါတယ်။ 

အဲ့ဒီအရာတွေက ဘာတွေများဖြစ်လိမ့်မလဲ။


၁)သူ့စိတ်ကူးတွေကို သံသယရှိတာ


ယောက်ျားတွေက ဥာဏ်ကောင်းပြီး သွက်လက်ထက်မြက်တဲ့ မိန်းကလေး

မျိုးကို သဘောကျပေမဲ့ သူတို့ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို 

အထင်သေး နှိမ့်ချပြီး မယုံကြည်ပေးတတ်တဲ့ မိန်းကလေးမျိုးကို မလိုချင်ဘူး။


၂)သူ့ကို အပြစ်ရှာတတ်တာ


လူတစ်ယောက်ရဲ့ နေ့တစ်နေ့တာတိုင်းက ပြီးပြည့်စုံနေတတ်တာ 

မဟုတ်ပါဘူး။ အပြစ်အနာအဆာလေးတွေကတော့ ရှိစမြဲဖြစ်ပါတယ်။

တစ်ခုခုလုပ်ဖို့ မေ့သွားတာ၊ အဆင်မပြေမှုတစ်ခု ကြုံရတဲ့အခါတိုင်း 

အမြဲ အပြစ်မြင်ပြီး ပြောနေတတ်တဲ့သူမျိုးမဖြစ်ပါစေနဲ့။


၃)သူအိမ်ပြန်လာတဲ့အခါတိုင်း ပြုံးပြုံးရွှင်ရွှင် မကြိုဆိုတတ်တာ


ဘဝဆိုတာ စစ်မြေပြင်တစ်ခုလိုပါပဲ။ လုပ်ငန်းခွင်မှာ ၊လူမှုဝန်းကျင်မှာ 

အဆင်ပြေအောင် နေထိုင်နိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရပြီး အိမ်ပြန်ရောက်လာ

တဲ့သူကို ထပ်ပြီး မပင်ပန်းစေသင့်ပါဘူး။ အိမ်ဆိုတာ စိတ်ဖိစီး မှုတွေ 

ဖြေဖျောက်ပေးနိုင် တဲ့ နိဗ္ဗာန်ဘုံ တစ်ခုလို ဖြစ်နေမယ်ဆိုရင် 

သူကကိုယ့်နားမှာ အမြဲရှိနေမှာဖြစ်ပါတယ်။


၎)သူ့အပေါ်ကို အရမ်းလွှမ်းမိုးဖို့ ကြိုးစားတာ


ယောက်ျားတွေက အချစ်ခံချင်တယ်၊ဂရုစိုက်ခံချင်တယ်ဆိုပေမဲ့ 

ကလေးတစ်ယောက်လို အသေးစိတ်လိုက်ကြည့်ပြီး အရာရာကို 

စောင့်ကြည့်နေတာကိုတော့ မလိုလားပါဘူး။


၅)သူ့ကို မယုံကြည်တာ


မယုံကြည်မှုဆိုတာ ဘယ်ဆက်ဆံရေးကိုမဆို ထိခိုက်စေနိုင်တဲ့ 

အဓိကအကြောင်းရင်းပါပဲ။ဒါကြောင့် သူ့ကို ယုံကြည်ပါ။


၆)လေးလေးစားစား မဆက်ဆံတတ်တာ


ယောက်ျားတစ်ယောက် အလိုချင်ဆုံး အရာက ကိုယ့်ချစ်သူမိန်းကလေး

ဆီက လေးစားမှုနဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ သူ့အပေါ် လေးစားမှု မရှိဘဲ 

သိက္ခာကျအောင်လုပ်တာက သူ့ကို ကိုယ်နဲ့ ဝေးရာကို တွန်းပို့နေသလို 

ဖြစ်မှာပါ။


၇)သူ့ကို တခြားယောက်ျားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောတတ်တာ


ကိုယ့်ကိုယ် တခြားမိန်းမတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောတဲ့အခါ ဘယ်လို

ခံစားရမလဲဆိုတာ တွေးကြည့်လိုက်ပါ။လူဆိုတာ နှိုင်းယှဉ်တတ်တဲ့ 

သဘာဝရှိပေမဲ့ ယှဉ်ပြီး ပြောခံရတာကို ယောက်ျားတွေက ပိုပြီး 

မနှစ်သက်တတ်ပါဘူး။


Credit : Trend Myanmar 





အောင်မြင့်မြတ်(Myanmar Youths)

No comments