Header Ads

သူမသို့..ပေးစာ

သူမသည် …. အရောင်ရှိသည် … သို့ သော် အရောင်မပြောင်းတတ် …

သူမတွင် …. ၀င်းလဲ့သော … မျက်ဝန်းတစ်စုံရှိသည် .. 

သို့ သော် အတုမဟုတ် …

သူမတွင် …. ချိုမြသော … နှုတ်ခမ်းတစ်စုံရှိသည် … 

သို့ သော် ပြုံးမနေတတ်ခဲ့ …


သူမတွင် .. ဒဏ်ရာတစ်ချို့ ရှိသည် …

သူမတွင် … သံသယတစ်ချို့ ရှိသည် ….

သူမတွင် ….. ပျက်စီးခဲ့သော အိပ်မက်တစ်ချို့ ရှိသည် ……..


သူမ၏ အရောင်မပြောင်းမှုကို ကျွန်တော်ပိုင်ဆိုင်သည် …

သူမ၏ မျက်ဝန်းတစ်စုံကို ကျွန်တော်မြတ်နိုးသည် ….

သူမ၏ အပြုံးတစ်ပွင့်ကို ကျွန်တော်မြင်ခွင့်ရခဲ့သည် …..


သူမ၏ ဒဏ်ရာတစ်ချို့ အတွက် .. ကျွန်တော် … နားလည်ပေးမည် …

သူမ၏ သံသယတစ်ချို့ အတွက် … ကျွန်တော် … အလင်းပြပေးမည် …

သူမ၏ ပျက်စီးနေသောအိပ်မက်တွေကို … ကျွန်တော် တစ်စစီကောက်ပီး …. 

အတူတူတည်ဆောက်ကြမည် …..


မည်သို့ ပင်ဖြစ်စေ …. အရာရာကို အတူတူပုံဖော်ခွင့်ပေးခဲ့သော 

သူမကို ကျွန်တော်မြတ်နိုးသည် ..

ဘယ်လိုအကြောင်းဖြင့်ပင်ဖြစ်ပါစေ … သူမကို ကျွန်တော်ချစ်သည် …..


Credit - ရည်ညွှန်းရာ





အောင်မြင့်မြတ်(Myanmar Youths)

No comments