Header Ads

ကချင်ပြည်နယ်၊ခေါန်လန်ဖူးမြို့နယ်၊ရှိန်းခေါင်ရွာ












ကျမသူငယ်ချင်းတယောက်က ကချင်ပြည်နယ်၊ခေါင်လန်ဖူးမြို့ နယ်၊ရှိန်းခေါင်ရွာမှာ ကျောင်းဆရာမလုပ်
နေပါတယ်။တောင်ပေါ်ဆရာမလေးပေါ့။ရှိန်းခေါင်ရွာကမြန်မာပြည်မြောက်ဖျားအကျဆုံးဒေသလို့ ပြောနိုင်ပြီး၊ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၁၁၀၀၀ကျော်မြင့်တယ်လို့ ပြောပါတယ်။ဒီဇင်ဘာာလကနေဧပြီလအထိနှင်းတွေဖုံးနေတဲ့ရွာလေးပါတဲ့။ကျမသူငယ်ချင်းက ၃လကိုတခါ ခေါင်လန်ဖူးအထိဆင်းပြီးလစာထုတ်ရတယ်တဲ့။တခါတလေလဲခေါင်လန်ဖုးသွားတဲ့လူကကိုယ်စားထုတ်ပြီးယူလာပေးတယ်တဲ့။ရှိန်းခေါင်ရွာကနေခေါင်လန်ဖူးအထိက တောင်တွေ၊ချောင်းတွေ၊မြစ်တွေ၊ဆောင်းရာသီဆိုရင်နှင်းဖုံးနေတဲ့လမ်းတွေကိုဖြတ်ပြီးတနေကုန်လမ်းလျှောက်သွားရတယ်တဲ့။ခေါင်လန်ဖူးအထိ၃ရက်လောက်လမ်းလျှောက်ရတယ်တဲ့။တောင်ပေါ်လမ်းမှာကားချောက်ထဲကျပြီးဆုံးပါးသွားရတဲ့လူတွေလဲရှိတယ်တဲ့။ကျမကအဲ့ဒီဒေသကဓါတ်ပုံတွေကိုကြည့်ချင်တယ်လို့ သူ့ ကိုပြောထားလို့ သူကသူ့ ဖုန်းလေးနဲ့ ဓါတ်ပုံတွေရိုက်ထားပြီး၊သူမြို့ ကိုဆင်းတဲ့အချိန် ဖုန်းလိုင်း၊Wifiလိုင်းမိရင်Facebookမှာတင်ပေးပါတယ်။မြန်မာနိုင်ငံအတွင်းကခေါင်လန်ဖူးမြို့ နယ်ရဲ့ နှင်းဖုံးနေတဲ့ သဘာဝအလှကို အားလုံးကိုမြင်စေချင်လို့ သူငယ်ချင်းဆီကနေခွင့်ပြုချက်တောင်းပြီး ပြန်လည်မျှဝေပါတယ်။
ပညာရေးကဏ္ဍဖွံ့ ဖြိုးဖို့ ဆိုရင် ပညာရေးဝန်ထမ်းတွေအတွက်လဲအဆင်ပြေပြေနဲ့ တာဝန်ထမ်းဆောင်နိုင်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ လို မယ်ထင်ပါတယ်။နယ်အဝေးမှာတာဝန်ထမ်းဆောင်ရသူတွေအတွက်လစာကို တခြားသူတွေထက်၂ဆ၊၃ဆမြှင့်ပေးထားတာတို့ ၊သွားရေးလာရေးကိစ္စကိုစီစဉ်ပေးတာတို့ ဘာတို့ ပေါ့။ကျမသူငယ်ချင်းက တောင်ပေါ်ကနေတကူးတကဆင်းပြီးရွေးကောက်ပွဲမှာမဲပေးဖြစ်အောင်ပေးခဲ့ပါတယ်တဲ့။
မနက်ဖြန်ဆိုရင်အစိုးရသစ်ရဲ့ ဝန်ကြီးဌာနတွေဝန်ကြီးတွေရွေးချယ်တော့မှာပါ။အစိုးရသစ်လက်ထက်မှာ ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ကိုလဲတတ်နိုင်သမျှအဆင်ပြေအောင်ဖန်တီးပေးလိုက်ပါလို့ တိုက်တွန်းပါတယ်။

Credit ~ Htet Htet Nu Htay



အောင်မြင့်မြတ်(Myanmar Youths)

No comments