တကယ်ချစ်တဲ့ချစ်သူတွေကိုဘယ်သူမှဖြတ်လို့မရဘူး
ယောက်ျားရေဖုန်းလာနေတယ်
boy: ဟယ်လို
girl : ဟယ်လို ........လား
boy : ဟုတ်ပါတယ် အခုပြောနေတာဘယ်သူပါလဲ
girl: ......ပါ
boy: အော် အေးပြော
girl: ငါ အခုနင့်အိမ်ရှေ့မှာ စကားနည်းနည်းပြောဖို့အပြင်ထွက်လာလို့အဆင်ပြေမလား
ယောက်ကျား သွားလိုက်ပါ ကျမ ရှင့်ကိုယုံတယ်
girl : ကော်ဖီ ပူတုန်းသောက်လိုက်လေ
boy. ဘာပြောစရာရှိလဲမြန်မြန်ပြော မိုးအရမ်းချုပ်နေပြီ ငါ့မိန်းမက မိုးချုပ်ကြီးအိမ်မှာတစ်ယောက်တည်းဆု ကြောက်တတ်တယ်
girlး ငါ ငါ့ကောင်လေးနဲ့ပြတ်သွားပြီ
boy : ဘာဖြစ်လို့လဲ သူနင့်ကိုအရမ်းချစ်တယ်မဟုတ်လား
girl . အဲဒီ အယုတ်တမာကောင်ကသားနဲ့မယားနဲ့ဟ
ဟင့်ဟင့် ဟင့်ဟင့် ဟင့်ဟင့်
boy.. တော်ပြီ တော်ပြီ ဒီလောက်လဲအရမ်းဝမ်းမနည်းပါနဲ့
စောပြီးသိသွားတာပိုမတော်ဘူးလား
girl.. နင်ငါ့ကိုမုန်းသေးလား
boy.. အားလုံးပြီးသွားပြီပဲလေ ဘာလို့မုန်းနေရဦးမှာလဲ
girl.. တကယ်လား
boy.. ဟဟတကယ်ပေါ့ ငါဘယ်တုန်းက နင့်ကိုလိမ်ဖူးလို့လဲ
girl.. နင်ငါ့ကိုချစ်သေးလား
boy... ......... အင်းချစ်သေးတယ် (ဖြည်ညှင်းစွာ)
girl... ငါတို့လက်ထပ်ရအောင်
ငါအိမ်ထောင်ရှင်မပီပီသသ နေပေးပါ့မယ်
boy.. ငါ့မှာလက်ထပ်ရမယ့်မိန်းကလေးရှိနေပြီလေ
လွန်ခဲတဲ့ နှစ်ပတ်လောက်မှငါနဲ့စေ့စပ်ထားတာ
ပြီးတော့ ဒီလာမယ့် တနင်္ဂနွေမှာ မင်္ဂလာဆောင်မှာလေ
girl.. ဘာပဲပြောပြောနင့်တို့ခုထိ မယူကြသေးဘူးလေ
အဲလိုပြောလို့ဘယ်ရမလဲ
boy.. မဖြစ်ဘူး သူငါ့ကိုအရမ်းချစ်တာ
ငါ့ကြောင့် သူစိတ်ဆင်းရဲမှာမလိုလားဘူး
girl.. နင်ဖွင့်ပြောဖို့ခက်နေရင်.... ငါ....
boy.. အဲဒါကြောင့်လဲမဟုတ်ဘူး
girl.. ဒါဆိုဘာဖြစ်လို့လဲ
Boy.. ငါကယောက်ကျားလေးဖြစ်နေလို့
girl...ဘာဆိုင်လို့လဲ နင်လည်းငါ့ကိုချစ်သေးတယ် ငါလည်းနင့်ကိုချစ်သေးတယ် ဒါဆိုဘာလို့မပေါင်းဖက်နိုင်ရမှာလဲ
boy.. ဘာလို့လဲနင်သိချင်လား
girl.... အင်း
boy...ပထမအချက် .... နင်သိလား.... လူတစ်ယောက်ကိုတကယ်ချစ်မိဖို့ဆိုတာအင်မတန်ခက်တယ်
ဒီ့ထက်ပိုခက်ခဲတာက ကိုယ်ချစ်တဲ့လူတစ်ယောက်ကို လက်လွတ်ဆုံးရှုံးရတာပဲ
အဲဒါဘယ်လောက်ခံစားရခက်လဲ ဆိုတာလည်းနင့်ကြောင့် ငါခံစားဖူးပြီးပြီ
ဒုတိယအချက်.....
သူနဲ့လက်ထပ်ခွင့်ကို ငါပဲတောင်းဆိုခဲ့တာ ဒီတသက်စာရည်ရွယ်ပြီးတော့ တောင်းခဲ့တာပါ
ဒီတစ်သက်လုံး ငါ့နံဘေးက မိန်းကလေးကသူပဲဖြစ်ရမယ်
သူကငါ့ရဲ့တစ်ဦးတည်းသောမိန်းကလေးပဲ
ငါတို့နှစ်ယောက် ရှေ့ခရီးလမ်းမှာ ဘယ်လိုပဲအခက်အခဲတွေ့တွေ့ ငါအရှေ့ကနေရင်ဆိုင်ပေးသွားရမယ်
တတိယအချက် ..
သူငါ့ကို အရမ်းချစ်တယ် စိတ်သဘောထားသိမ်မွေ့တယ် အရမ်းလည်းဖြူစင်တယ်
ဘာမဆိုငါ့အတွက်ဦးစားပေးစဉ်းစားပေးတယ်
အခုသူသွားခိုင်းလို့သာ ငါနင်နဲ့လာတွေ့တာ
သူငါ့အပေါ်ယုံကြည်တယ် ငါသူ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်သင့်ဘူး
သူငါ့နဲ့လက်ထပ်ဖို့ခေါင်းညိတ်တာ ငါ့ကိုတစ်သက်လုံး အယုံအကြည်ပေးတဲ့သဘောပဲ
တစ်ဘ၀လုံးငါ့အပေါ်ပေးအပ်လိုက်တဲ့သဘောပဲ
မိန်းကလေးတစ်ယောက်ရဲ့ဘ၀က ဆော့ကစားစရာမဟုတ်ဘူး
နားလည်လား
girl... နားလည်ပြီ
boy.. ကမ္ဘာ ပေါ်မှာအလှနှစ်မျိုးရှိတယ်
အပြင်ပန်းအလှနဲ့ အတွင်းလှ တဲ့
အပြင်ပန်းအလှက နင့်ကိုမျက်နှာပန်းလှစေမယ် ဒါပေမယ့်ဘ၀ရဲ့ချမ်းသာသုခကိုမဖြည့်ဆည်းပေးနိုင်ဘူး
အတွင်းလှကတော့ အပြင်ပန်း မျက်နှာမပွင့်ပေမယ့် ဘ၀အတွက်အကောင်းဆုံးလက်တွဲဖော်ဖြစ်တယ် မိန်းကလေးတစ်ယောက်မှာ အပြင်လှ အရေးကြီးလား အတွင်းလှအရေးကြီး လား
girl.. ဒါဆို နင်နဲ့သူငယ်ချင်းပဲဆက်လုပ်ရအောင်
boy.. သူငယ်ချင်းလည်းဆက်လုပ်လို့မရတော့ဘူး
girl.. ဘာဖြစ်လို့လဲ
boy.. ၁ အချက် ငါနင်နဲ့နေတာ ငါ့ချစ်သူနဲ့နေတာလောက်ပျော်မှာမဟုတ်ဘူး
၂ အချက်နင်လည်းငါ့ချစ်သူလောက်ငါ့ကိုစိတ်ပျော်ရွှင်အောင်ထားနိုင်မှာမဟုတ်ဘူး
၃အချက် ငါခါတိုင်းလိုနင့်အိမ်ကို ၀င်ထွက်သွားလာဖို့ အဆင်မပြေတော့ဘူး
၎အချက် အိမ်အ၀င်အထွက်မလုပ်ဘဲ ဟိုဒီလျှောက်သွား ဟိုစားဒီစား ဟိုလည်ဒီလည်လည်း လုပ်စရာမလိုဘူး
အဲဒါတွေက ငါ ငါ့မိန်းမကို အဖော်ပြု ပြီးလုပ်ရမယ့်အရာတွေ
၅အချက် ငါ့မိန်းမ သ၀န်တိုလိမ့်မယ်
ဒါဆိုဘာလို့လုပ်တော့မှာလဲ
ယောက်ကျားလေးတစ်ယောက်ဂုဏ်ယူရမယ့်အရာက မိန်းကလေးဘယ်နှစ်ယောက်နဲ့အိပ်ခဲ့သလဲ ဆိုတာမဟုတ်ဘူး
သူ့ကိုတကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်က တစ်သက်လုံးသူ့ပခုံးထက်မှာနားစက်မှီခိုခြင်းပဲ
မိန်းကလေးတစ်ယောက်ဂုဏ်ယူရမယ့်အရာက သူယောက်ကျားလေးဘယ်နှစ်ယောက်ကိုပိုင်ဆိုင်ခဲ့သလဲမဟုတ်ဘူး
ယောက်ကျားလေးတစ်ယောက်က သူ့အတွက်မိန်းကလေးဘယ်နှစ်ယောက်ကို ငြင်းပယ်နိုင်ခဲ့သလဲဆိုတာ ဖြစ်တယ်
ယောက်ကျားလေးက အလှရဲ့ဖြားယောင်းခြင်းဒဏ်ကို ခံနိုင်ရတယ်
မိန်းကလေးက အထီးကျန်ဆန်တဲ့ဒဏ်ကိုခံနိုင်ရတယ်
အဲလိုဆို ကမ္ဘာ ပေါ်က ချစ်သူအားလုံးလက်တွဲပြုတ်မှာ မဟုတ်တော့ဘူး
ရေးတုန်းက လူသုံးယောက်အပေါ်ခံစားပြီး ရေးထားသည်
ဖတ်ပြီးလျှင်လူအယောက် ၃၀၀ လည်းဟုတ်သည် လူသုံးသောင်းလည်းဟုတ်သည်
အားလုံးအတွက်လည်းဟုတ်သည်။
Credit & Original Uploder
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment