Header Ads

ရေအိုးလေးတွေမပျောက်ကွယ်စေချင်





ရေအိုးတွေကို မြို့ပြမှာ မသုံးကြပေမယ့် ကျေးလက်တောရွာလေးတွေ မှာတော့ ခုထိတိုင် အသုံးပြုကြတုန်းပါ။ အိမ်မှာဆိုရင် သောက်ရေအိုးစင် အတွက်လည်း ရေအိုး၊ ချက်ပြုတ်ဖို့ အတွက်လည်း ရေချိုးကိုပဲ သုံးကြပါတယ်။
သို့သော် နောက်ပိုင်းမှာ ခေတ်မှီလာတာနဲ့အမျှ အခြားသော ကော်ဖုံးတွေ၊ တိုင်ကီတွေကို အစားထိုး သုံးလာကြလို့ ရေအိုးတောင် ပျောက်ချင် လာသလို ဖြစ်နေပါပြီ။



ရေအိုးကတော့ အထိအခိုက်မခံ ဘူးပေါ့။ အခြားသော ကော်ဖုံးတွေ တိုင်ကီတွေကတော့ အထိအခိုက်ခံတဲ့ အတွက် လူတွေက ပြောင်းပြီး အသုံးပြုလာကြတာလည်း ပါပါတယ်။ သို့သော် သောက်ရေအိုးစင် အတွက်ကတော့ ရေအိုးက အလွန်ကောင်း သဗျ။ ဘာလို့ဆိုတော့ ခုလို နွေမှာဆိုရင် ရေအိုးလေးက အေးစိမ့်နေတာပဲ။ ဒါကြောင့်
သောက်ရေသောက်သူတိုင်း ရင်ထဲ အေးမြသွားစေပါတယ်။



မြို့ပြက လူတွေကတော့ ရေခဲရေကို သောက်ကြတာပေါ့။ ကျေးလက်တွေ မှာတော့ မီးမရှိတဲ့ အတွက် ရေခဲရေတွေ မရှိပါဘူး။ ရေအိုးထဲက
ရေအေးအေးလေး ကိုပဲ သောက်ကြရပါတယ်။ ဒီရေအိုးဆို တာလည်း မြန်မာ့ အသုံးအဆောင် ပစ္စည်းများထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ရေအိုးလေး မပျောက်သွားစေလိုခြင်း အတွက် မှတ်တမ်းတင် အကြံပြုရေးသား လိုက်ရပါတယ်။

ဓာတ်ပုံ - vietlongtravel , myanmars , rbarnhill , jimgblog
ကျော်လင်းနိုင် (ရိုးရာလေး)



အောင်မြင့်မြတ်(Myanmar Youths)

No comments