ရှမ်းပြည်နယ်၏ ဒုတိယနာမည်ကြီး ဘဝသံသရာတံတား
ရှမ်းပြည်နယ်၊ အင်းလေးကန်သို့သွားရင်း နာမည်ကြီး ဘဝသံသရာတံတားတွင် ခရီးတထောက်နားကာ မှတ်တမ်းဓာတ်ပုံ ရိုက်ယူဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်တွင် ဂုတ်ထိပ်တံတားပြီးလျှင် ဒုတိယမြောက် နံမည်ကြီးသည့် ဘဝသံသရာတံတားကို ၁၉၂၇ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သံပေါင်အမျိုးအစားတံတား တစ်စင်းဖြစ်သည်။ တံတားအမှတ်မှာ ၃၈၂ ဖြစ်ပြီး ၂၀၀ပေ ရှည်လျားကာ ၆၂ပေ မြင့်မားသည်။ ဘဝသံသရာ အမည်ကို ပေးဖြစ်ပုံမှာ အောက်တံတားမှ အထက်ဟဲဟိုးသို့တက်ရာတွင် ခရုပတ်စက်ဝိုင်းသဏ္ဌာန် အတက်အဆင်း၊ အကွေ့အကောက်၊ အနိမ့်အမြင့် များလှသဖြင့် လူ့ဘဝဇာတ်ခုံ ရှုပ်ထွေးပုံနှင့် နှိုင်းယှဉ်ကာ ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒါရိုက်တာဦးသုခ ရိုက်ကူးခဲ့သော နာမည်ကြီး ဘဝသံသရာ ရုပ်ရှင်ဇာတ်လမ်း၏ အဓိက ဇာတ်ဝင်ခန်းများကို ဤတံတားပေါ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ "ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ..." အစချီသည့် ဦးသုခ၏ ဘဝသံသရာ ဇာတ်ဝင်ခန်းသီချင်းကို ပြန်လည်ကြားယောင်မိပါသည်။ ပြည်တွင်း ပြည်ပမှ ခရီးသွားများ စိတ်ဝင်တစား ရပ်နားလေ့လာခြင်း ခံရသော ဘဝသံသရာတံတားကို စာဖတ်သူတို့လည်း တစ်ခါတစ်ခေါက်တော့ သွားကြည့်စေချင်သည်။
Stacy Chan (ရိုးရာလေး)
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment