Header Ads

အမေဆိုသောမိန်းမမြတ်






အမေဆိုသောမိန်းမမြတ်
*************


အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ

သူ့ ရင်သွေးကို ပုခက်ထဲထည့်သိပ်ခဲ့ ပြီး

ခြံထဲက ရေဘုံပိုင်မှာ အဝတ်တွေလျှော်ပါသတဲ့ 


ဒါကို သူ့ ရဲ့ အမေဖြစ်သူ အဖွားအိုက

အိမ် ကပြင်ကနေ ထိုင်ရင်းလှမ်းမြင်တော့

သူ့ သမီးနေပူနေတာမို့ 

နေပူထဲ မလျှော်ဖို့ 

အော်ပြောရှာပါတယ်


သမီးဖြစ်သူက"ရပါတယ်အမေရဲ့ ဘာမှမဖြစ်ပါဘူး"ဆိုပြီး

နေပူထဲ ဆက်လုပ်မြဲလုပ်နေတယ်

အဖွားအိုကလည်း"ဟဲ့ နေပူထဲမလုပ်ပါနဲ့ 

နေထိုင်မကောင်းဖြစ်မယ်" ပေါ့

တတွတ်တွတ်ပြောလို့ မပြီးတော့ဘူး

သမီးကလည်းသူ့ မအေစကား

မကြားသလိုနေလိုက်ရောဆိုပါတော့


သိပ်မကြာဘူး

သမီးဖြစ်သူက သူ့ ရင်သွေးလေးရဲ့ 

အဲ့ ခနဲ ငိုသံကို ကြားမိလို့ ကြည့် လိုက်တော့

အား…လား…လား

သူ့ ရင်သွေးကိုအဖွားအိုက နေပူထဲလာချထားတာကိုး


ဒါနဲ့ သမီးဖြစ်သူကစိုးရိမ်တကြီးနဲ့ 

ဗြုန်းဆိုငေါက်ခနဲထရပ်

ကလေးဆီပြေး 

ကလေးကိုပွေ့ ချီ ချော့မြူလိုက်ပြီး

"အမေ…အမေဘယ်လိုလုပ်လိုက်တာလဲ

အမေ ဘာလို့ ရက်စက်ရတာလဲ " လို့ 

အဖွားအိုကို အပြစ်တင်တာပေါ့


အဖွားအိုက တခွန်းပဲပြောရှာတယ်

"အေး… အခု ညည်းရင်ထဲကအတိုင်းပဲ

နေပူထဲက နင့်ကို ငါမြင်နေရတုန်းက

ငါဘယ်လိုခံစားနေမိမလဲဆိုတာ 

သဘောပေါက်ပလားဟဲ့ "တဲ့ ။


From Mg Bo Kyaw



အောင်မြင့်မြတ်(Myanmar Youths)

No comments