Header Ads

အကယ်လို့လူတစ်ယောက်က





အကယ်လို့ လူတစ်ယောက်က 

ပန်းလေးကိုနှစ်သက်သဘောကျခဲ့မယ်ဆိုရင်

သူ ခူးဆွတ်မိလိမ့်မယ် ။ 

အကယ်လို့ သူဟာပန်းလေးကို

ချစ်ခင်နှစ်သက်မိမယ်ဆိုရင် 

ဆုံးရှုံးသွားရမှာကြောက်တဲ့အတွက်

နေ့စဉ် ရေလောင်းပေးနေလိမ့်မယ် ။ 

အရာဝတ္ထုတစ်ခုကို ကြိုက်လို့ 

နောက်အသစ်ထွက်လာတဲ့အခါ

ထက်ပြီးကြိုက်နှစ်သက်လို့ရနိုင်ပါတယ် ။ 

ချစ်မြတ်နိုးတတ်တဲ့ သူတွေအတွက်ကတော့

ဘယ်အရာကိုမှ ထက်ပြီး မမျှော်လင့်တော့ပဲ 

ကိုယ့်ဆီမှာ ရှိတဲ့အရာကို အမြဲရှင်သန်နေအောင် 

ပြုစုထိန်းသိမ်းပေးတယ် ။ ဒါဟာ ချစ်နှစ်သက်တာနဲ့

ကြိုက်နှစ်သက်တာရဲ့ မတူညီကွဲပြားတဲ့ သီအိုရီပဲ ။


#KN

www.khunnaymedia.com



အောင်မြင့်မြတ်(Myanmar Youths)

No comments