လူတစ်ယောက်ကိုတကယ်ချစ်/မချစ်ဆိုတာဆန်းစစ်နိုင်စေဖို့
ချစ်လားမချစ်လား သိဖို့အတွက် နည်းလမ်း ၁၂ ခု ဝေမျှပေးချင်ပါတယ်။
မှန်လား မမှန်လားတော့ ကိုယ့်ဘာသာ စမ်းသပ်ကြည့်ကြပါနော်။
၁၂။ သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ
အိပ်ရာထဲရောက်ရင်လည်း သင်ဟာ သူ့အကြောင်းကို တွေးနေမိ
လိမ့်မယ်။
၁၁။ သင် သူနဲ့တွဲပြီး လမ်းလျှောက်တဲ့အခါမှာ သင့်ခြေလှမ်းတွေ
နှေးနေလိမ့်မယ်။
၁၀။ သင် သူနဲ့ဝေးနေရတဲ့အခါ သင် ၀မ်းနည်းသလို ခံစားရလိမ့်မယ်။
၉။ သင် သူ့အသံကိုကြားတာနဲ့ ပျော်ရွှင်နေလိမ့်မယ်။
၈။ သင် သူ့ကိုကြည့်နေတဲ့အခါ သူ့တစ်ယောက်ကိုပဲ မြင်လိမ့်မယ်။
သင်ဟာ ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆။ သင်ရဲ့အတွေးထဲမှာ သူက အမြဲစိုးမိုးနေလိမ့်မယ်။
သင် စဉ်းစားသမျှအရာအားလုံးဟာ သူ့အတွက်ပဲ။
၅။ သင် သူနဲ့တွေ့တဲ့အခါ အမြဲ ပျော်ရွှင်နေလိမ့်မယ်။
သင့်မျက်နှာမှာ အပြုံးတွေ စိုးမိုးနေလိမ့်မယ်။
၎။ သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆို လုပ်လိမ့်မယ်။
၃။ သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာ အချိန်တိုင်း ရှိနေလိမ့်မယ်။
၂။ သင်ဟာ အဲဒီတစ်ယောက်အကြောင်း တွေးနေလို့ သင့်ဦးနှောက်
အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇ ကျန်ခဲ့တာကို
သတိထားမိမှာ မဟုတ်ဘူး။
၁။ သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့ အပေါ်မှာ ပြန်စစ်ပြီး
သင့်ဟာသင်ကြိတ်ပြီး ရယ်နေလိမ့်မယ်။
ဒီစာထဲကလို သင် တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာ
ရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ကြပါနော်။
Credit: shitsuelay
သူငယ်ချင်းတွေကိုလည်း ပြန် Share ပေးခဲ့ပါဦးနော် ....
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment