Header Ads

မိဘတွေလျှို့ဝှက်ထားတတ်တဲ့စကားလုံးများ



အမေက စာနဲ့ပက်သက်ရင်
(သားသမီးကို စာမတတ် ပေမတတ်ဖြစ်မဲ့အကောင် )ဟု ပြောသောအခါ
*****ကြိုးစားလိုက်စမ်းပါ သားရယ်…မင်းပညာရေးအတွက် အမေအမုန်းခံဦးမယ် သားရယ်……

အမေနဲ့ ထမင်းဝိုင်း၌
(ဟိုကောင် ခေါင်း,ခြေထောက်,တောင်ပံ,ငါ့ဖို့ချန်ထားလိုက် အဲ့တာ ငါ့အကြိုက်ဆုံးတွေ)
****အသားတုံးတွေကို အမေ့ရှေ့မှာ မြိန်မြိန်ရှိုက်ရှိုက် စားပြလိုက်စမ်းပါ သားရယ်…………

အမေ နေမကောင်းသောအခါ
(အမေ့အဝတ်တွေ လျှော်ဖို့ လူတစ်ယောက်လောက် ခေါ်ပေးပါလား)
******သားငယ်ငယ်က သားရဲ့ချီး,သေးကအစ သားအနှီးတွေ အမေဝမ်းသာအားရစွာ လျှော်ဖွတ်ပေးခဲ့တာပါ သားရယ်……

အမေမှာ ပိုက်ဆံပျက်တဲ့အချိန်
(အမေကို ၁၀၀၀လောက် ခဏချေးပါဦး)
******မင်းတို့ မုန့်ဖိုးတောင်းတုန်းက အမေပြုံးပြုံးနဲ့ ကျေကျေနပ်နပ် လိုသလောက် ထုတ်ပေးခဲ့တာပါ သားရယ်……

သားသမီး အိမ်ထောင်ကျသောအခါ
(မင်းခြေထောက်ပေါ် မင်းရပ်တည်နိုင်အောင် ကြိုးစား)
******တခြားပတ်ဝန်းကျင်မှာ ငါ့သားက စံပြဖြစ်နေတာကို အမေဂုဏ်ယူချင်လို့ပါ……မှတ်ချက်။ ။ကောင်းသော စံပြဖြစ်စေလို…

အမေဆူလို့ ပြန်အော်မိသောအခါ
*****သေချာတယ်…အမေရင်ထဲမှာ ငိုနေပြီ……အမေ့မျက်ရည် သင့်မျက်ကွယ်ရာမှာ ကျနေပြီ…

အပ်နဖား အပေါက်သေးသေးလေးကို
အပ်ချည်စ မရ,ရအောင်ထည့်ပြီး
အင်္ကျီအပြဲ ချုပ်ပေးခဲ့သလို့
သားသမီးတွေရဲ့ စိတ်ဓာတ်အပေါက်အပြဲတွေကိုလည်း ဖာထေးပြုပြင် ပေးချင်ခဲ့တာပါ……

…အမေ အဆင်ပြေလားဟု ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျွန်တော်တို့ မမေးကြပါနဲ့လား……
…ကျွန်တော်တို့ မမေးလည်း အမေ အဆင်ပြေနေပါတယ်……အဆင်ပြေနေပါပြီ…
Credit:Original



အောင်မြင့်မြတ်(Myanmar Youths)

No comments