Header Ads

ကိုယ့်အကြောင်းကိုယ်ဝန်ခံခြင်း

ငါက ကလပ်တတ်တတ် ရှပ်တတ်တတ် နေတတ်တဲ့
မိန်းမတော့မဟုတ်ဘူး ဒါပေမဲ့ လွတ်လွတ်လပ်လပ် ကိုယ့်စတိုင်နဲ့ကိုယ် နေတတ်တယ်

ငါကနုနုယွယွနဲ့ အမြဲမသိမ်မွေ့တတ်ဘူး
စိတ်ထဲရှိသလိုနေတယ် ပြောတယ်

ငါက ပျော်ပျော်နေတတ်ပြီး ကလေးတယောက်လိုဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့
အိမ်မှု့ကိစ္စမနိုင်တဲ့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရတဲ့သူတွေထဲတော့မပါဘူး
မိန်းမပီပီ အိမ်မှု့ကိစ္စ လဲနိုင်တယ်

ငါက ခေတ်ရှေ့မပြေးသလို
ခေတ်လဲမနောက်ကျဘူး

ငါ့ပုံစံက ဘယ်အရာကိုမှ အလေးနက် မထားသလိုဖြစ်ရင်ဖြစ်နေလိမ့်မယ်
အရာရာတိုင်းကိုတော့ ပေါ့ပျက်ပျက်ငါမလုပ်ဘူး
(လူကြီးမျက်စိနဲ့တော့မသိဘူး)

ငါက နု့ညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်မဟုတ်သလို
ပေါ့ပျက်ပျက် မိန်းမတစ်ယောက်လဲမဟုတ်ဘူး

Credit: မယ်စူး




အောင်မြင့်မြတ်(Myanmar Youths)

No comments