Header Ads

နင့်ရဲ့လက်ကလေးတွဲကိုင်ခွင့်ငါရချင်ပါတယ်

နင့်ရဲ့လက်ကလေးကို တွဲကိုင်ခွင့် ငါရချင်ပါတယ်


မရခဲ့လဲ နင် ခရီးတွင်ဖို့ လျှောက်မယ့် လမ်းလေး ငါ ဖြစ်ပါရစေ

နင့်ရဲ့ နံဘေးနား မှာ တသက်တာ အတွက် အဖော်ပြုခွင့်လေး 

ရချင်တယ်

ခွင့်မပြုလဲ နင် ခလုတ်မထိ ဆူးမငြိဖို့ ခြေဖမိုးတော်နား ခစားတဲ့ 

ဖိနပ်လေး ငါ ဖြစ်ပါရစေ

နင့်ရဲ့ ကောင်းကင်ကြီးအဖြစ် မျက်စိ အောက်က အပျောက်မခံ 

ငါ စောင့်ရှောက် ချင်ပါတယ်

အခွင့်မရှိလဲ နင် အေးမြဖို့ အရိပ်ပေးတဲ့ ထီးကလေး ငါ ဖြစ်ပါရစေ

ထီးဖြူ ဖိနပ်ပါးခဲ့ရင်တောင် လမ်းမမှားအောင် ဆောင်ကြဉ်းပေးပါ့မယ်

သက်ရွယ်တွေ အိုမင်းဇရာအဆင်းတွေ ဖြစ်ပါစေ ....

နင့်ရဲ့ နေဝင်ချိန်ထိ မဖြုတ်သော လက်တစ်စုံပိုင်ရှင် ငါ ဖြစ်ပါရစေ ။။။။


Credit - မြရိပ်ဇင် (ဆေး-၂) 






အောင်မြင့်မြတ်(Myanmar Youths)

No comments