ပန်းတွေကနေတည်ငြိမ်မှုကိုတည်ဆောက်ယူပါ
ပန်းတစ်ပွင့်ကို သေသေချာချာ မကြည့်ခဲ့ဖူးတာ ကြာခဲ့ပြီလား....၊
တကယ်လို့ ပန်းတစ်ပွင့်နဲ့ တစ်ယောက်တည်းထိတွေ့ကြည့်တဲ့အခါ
ပန်းပွင့်ကနေ အတွေ့အကြုံတချို့ သင်ရပါလိမ့်မယ်။
ဘယ်ပန်းမျိုးမှ တင်းကျပ်၊ တောင့်တင်းတယ်ဆိုတာ မရှိပါဘူး။
ပန်းပွင့်တွေက လွတ်လွတ်လပ်လပ် ဖြည်လျော့ကြတယ်။
ဒါကြောင့် သူတို့ရဲ့ ပွင့်ဖတ်တစ်ခုတိုင်းက နူးညံ့ပျော့ပျောင်းနေတာ
ဖြစ်တယ်။
ဘယ်ပန်းမျိုးမှ ပျာယာခတ်လှုပ်ရှားနေတာ မရှိဘူး။
သူတို့တွေ လေထုထဲမှာ ညင်ညင်သာသာ ရှုရှိုက်ကြတယ်။
ပြီးတော့ မွှေးကြိုင်တဲ့ရနံ့ကို ပြန်လွှင့်ထုတ်ပေးတယ်။
ဘယ်ပန်းမျိုးမှ မလိုအပ်တဲ့ ထိခိုက်နာကျင်မှုတွေကို ခံစားမနေကြဘူး။
ရိုးရှင်းတဲ့ဝန်းကျင်မှာပဲ သူတို့ပျော်ဝင်ကြတယ်။
အေးအေးသက်သာ သူတို့ဆင်ခြင်တွေးတောကြတယ်။
အားလပ်ချိန်မှာ ပန်းတစ်ပွင့်နဲ့အတူ နေကြည့်ပါ။
ကိုယ့်စိတ်တွေ တဖြည်းဖြည်းပန်းပွင့်နဲ့ တစ်ထပ်တည်းကျလာပါလိမ့်မယ်။
စိတ်တင်းကျပ်ချိန်၊ အလုပ်များချိန်၊ ထိခိုက်နာကျင်မှုတွေ ရင်ထဲ
လိတ်လိတ်ထလာချိန်မှာ ပန်းတစ်ပွင့်နဲ့အတူ နေကြည့်ပါ။
ပန်းတစ်ပွင့်ကို သေချာကြည့်ကြည့်ပါ။ အဲဒါက သင့်ရဲ့ လှုပ်ရှားရှုပ်ထွေး
နေတဲ့ စိတ်တွေ တဖြည်းဖြည်းငြိမ်သက်လာစေနိုင်တဲ့
အလှဆုံးနည်းပဲဖြစ်တယ်။ ..
Credit - နိုင်းနိုင်းစနေ
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment