Header Ads

ချစ်သူနဲ့တူတူရှိနေတဲ့အချိန်တွေဆို


ချစ်သူနဲ့  အတူတူရှိတဲ့ အချိန်တွေဆို
ကုန်သွားမှာကြောက်လို့ 
ကမ္ဘာကြီးလည်နေတာကို
ခဏ လောက် ရပ်တန့် ပစ်ချင် တယ်

ချစ်သူနဲ့  အပြင် သွားတဲ့ အချိန်တွေဆို
ည ရောက်သွားမှာစိုးလို့ 
နေမင်းကြီး ဝင် မသွားအောင်
တားဆီးထားလိုက် ချင် တယ်

ချစ်သူနဲ့  စကားပြောတဲ့ အချိန်တွေဆို
ကြည်နူးရလွန်းလို့ 
ကမ္ဘာပေါ်မှာ နှစ်ယောက်ထဲရှိနေတယ်လို့ တောင်
ထင် မှတ်မိတယ်

ချစ်သူနဲ့  လက်ပြနှုတ်ဆက် ရတဲ့အချိန်တွေဆို
ခံစားရလွန်းလို့ 
နာရီတွေကို နောက်ပြန်ရွေ့ ပစ်ချင် တယ်

ချစ်သူရယ် ... အချစ်ဆိုတာ
'အ' လို့  ချစ်တာပဲဖြစ်ဖြစ်
နှလုံးသား စေခိုင်းချက်ကြောင့် ချစ်တာပဲဖြစ်ဖြစ်
ချစ်မိပြီ ဆိုတာနဲ့  အရူးတစ်ယောက်လိုပဲ

ကိုယ်ဘယ်လို လူလဲဆိုတာပါ
မေ့နေတတ် တယ်လေ

credit: ^~La Min Lay~^





ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments