အမေ့ရဲ့Keypadဖုန်းလေး
အမေအိုတစ်ယောက်က သူ့ရဲ့ ကီးပက်ဖုန်းလေးကို ..
ဖုန်းပြင်တဲ့ဆိုင်မှာ သွားပြဖို့ ရောက်သွားချိန်မှာ...
ပြင်ပေးတဲ့ သူက စစ်ဆေး ကြည့်လိုက်တော့
ဒီဖုန်းက ကောင်းပါတယ် .. ..
ဘာမှမပျက်စီးသေးဘူး ခေါ်လို့လည်းရပါတယ် .. ..အမေရယ်လို့ပြောလိုက်တဲ့အချိန်မှာ..
အမေအိုရဲ့...မျက်လုံးထဲမှာ မျက်ရည်တွေစီးကျနေလေသည်......ဆို့နှင့်ကြေကွဲစွာဖြင့်
ဒါဆို အမေရဲ့ " သား,သမီး" တွေက ဘာကြောင့်..
ဒီဖုန်းလေးကို..မခေါ်ကြတာလည်းလူလေးရယ် ...ထိုအချိန်
အမေအိုလဲ...
ဝမ်းနည်းစွာလာရာလမ်းကို နှေးတုံ့လေးကွေးစွာ ပြန်လာခဲ့ရပေမဲ့
ရင်ထဲမှာတော့ တွေးတော့နေလေတော့သည်
* ငါသားသမီးတွေ တစ်နေ့ဖုန်းခေါ်လာမှာပဲလေ...*
ဒါပေမဲ့..ရင်ထဲမှာတော့ မကောင်း...
စိတ်ထဲမှာတော့...
အမေလိုချင်တာ ငွေ မဟုတ်ဘူး...
အမေလိုချင်တာ သားသမီးတွေရဲ့ သိတတ်မူ့
နားလည်မူ့ နွေးထွေးမူ့ တွေပါ.
အမေ့ဘ၀ရဲ့ ရောင်ခြည်တွေမကျန်တော့မယ်အချိန်မှာ လိုချင်ဆုံးအရာက မိသားစုဆို့တဲ့
အသိုက်အမြုံကလေးပါ....
ငါသားသမီးတွေ တစ်နေ့တော့အမေ့ရဲ့
ကျေးဇူးတရားတွေ သိလာမှာပါ...
ဒါပေမဲ့ အမေ မသေခင်လေးမှာ သားတို့ သမီးတို့ရဲ့
ဂရုစိုက်မူ့လေး လိုချင်မိတာအမှန်ပါ..
ဒါကလဲ အမေ့ရဲ့ နေ၀င်ချိန်မိန်မိန် လေးမှာ
လိုချင်ဆုံး ဆန္ဒလေးပါ..
*မိဘကျေးဇူး ဆပ်နိုင်ကြပါစေ *
Credit – Original Uploader
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment