Header Ads

အချစ်နှင့်ရင့်ကျက်ခြင်း





ဆယ်ကျော်သက်တုန်းကတော့

ကိုယ့်ကိုအသေအလဲချစ်ပီး

အရိပ်တကြည့်ကြည့်ဂရုစိုက်တဲ့

ချစ်သူမျိုးလိုချင်တယ်။

အခုတော့

သူငယ်ချင်းတယောက်လို

ကိုယ့်အပေါ်နားလည်မှုတွေ

အကိုတယောက်လို

စောင့်ရှောက်မှုတွေနဲ့

အဖေတယောက်လို

ကိုယ့်စိတ်လုံခြုံမှုနဲ့အပြည့်အဝ

အားကိုးလို့ ရမယ့်သူပဲလိုချင်တယ်။

တချို့စုံတွဲတွေ ကြည့်လိုက်ရင်

အရမ်းသိသာတယ်

သဲသဲလှုပ်တော့သူတို့ချစ်မနေကြဘူး

ဒါပေမယ့် သူတို့မျက်လုံးတွေထဲမှာ

မိန်းကလေးအပေါ်ကာကွယ်စောင့်ရှောက်မယ့်

မြတ်နိုးမှုတွေ 

ဒီယောက်ျားအပေါ်ယုံကြည်စိတ်ချတဲ့

အားကိုးမှုတွေ…

အဲ့လိုစုံတွဲမျိုးကမှ တကယ့်အားကျစရာပါ

အခုခေတ်မှာတကယ်ရှားသွားပြီ

နှစ်ကြာလေလေ ကိုယ့် RS အခြေအနေကို

ကိုယ်အသိဆုံးပဲဖြစ်တယ်။

ပြဿနာတွေတိုးလာတာ

ခဏခဏရန်ဖြစ်တာ

အဲ့ဒါက အချစ်တွေတိုးလာတာဆိုတဲ့

၁၀၀ ဖိုး၎ခုတန် sts တွေကြောင့်

စိတ်ဆင်းရဲမိတယ်။

ပြဿနာခဏခဏတက်တဲ့

စုံတွဲတတွဲကြားထဲမှာ

ပျော်ရွှင်မှုဆိုတာ ဘယ်မှာလဲ

သာယာမှု အကြင်နာတွေ

မေတ္တာတရားတွေ ကိုယ်ချင်းစာမှုတွေ

နားလည်မှုတွေ … အဲ့ဒါတွေတခုမှ

မရှိလို့ ရန်ဖြစ်နေကြတာပဲ။

အဲ့ဒါကို အချစ်လို့ခေါင်းစဉ်တပ်ဖို့ 

မတန်ပါဘူး…

အခုခေတ်မှာ 

ယောက်ျားလေးက မိန်းကလေးကို

အလျှော့ပေးရတယ်ဆိုတဲ့

အရာက ဘယ်လိုပျောက်ကွယ်သွားမှန်း

ဘယ်သူမှမသိကြတော့ဘူး

ရှိတော့ရှိလိမ့်မယ် ရှားတယ်

သူကမိန်းကလေးပါလားလို့ 

အလိုအလျောက်ဆင်ခြင်နိုင်စွမ်း

ခေါင်းပါးလာကြပြီ

ရန်ဖြစ်လဲ အတူတူအော်ဟစ်

ရိုက်ပုတ် … သိပ်စိတ်ပျက်ဖို့ ကောင်းတယ်

အဲ့လိုအရာတွေက

ပတ်ဝန်းကျင်မှာ အမြဲလိုလို

မြင်နေရတော့ တချို့က

အချစ်နဲ့ဝေးအောင်နေကြတယ်။

လူတိုင်းကပျော်ရွှင်ချင်ကြတယ်

ရုပ်ရှင်တွေထဲကလို

သာယာပျော်ရွှင်တဲ့

မိသားစုဘဝမျိုး

လိုချင်ကြတယ် … ခက်တာက

ရုပ်ရှင်ထဲက အရာတွေက

ဇာတ်ညွှန်းသက်သက်ပဲ

အပြင်လောကက ဇာတ်ညွှန်းက

ကိုယ့်အတွက်အခွင့်အရေး

သိပ်နည်းတယ်ဆိုတာသတိမထားမိကြဘူး။

Credit : Original Uploader



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments