မိန်းကလေးဆိုတာ
••• မိန်းကလေး ဆိုတာ •••
လူတွေအပေါ် ဖော်ဖော်ရွေရွေ ဆက်ဆံတော့
ဒီစော်(ယောက်ျားလေးအများစုအသုံးနှုန်း)
ဒီမန်းကလေးက လိုက်ရလွယ်တယ်ကွာ
ကြည့်ပါလား လူတကာကို အထာတွေပေးနေတာ…
မိန်းကလေးတစ်ယောက်က တည်တည်ကြည်ကြည်
နေတဲ့အခါ …………
ကြည့်ပါအုံးမာနတစ်ခွဲသားနဲ့ ရုပ်ကိုက တစ်လောကလုံး သူ့လုပ်စာစားနေကြသလိုပဲ……
မိန်းကလေးတစ်ယောက်က ခေတ်နဲ့အညီ ဝတ်ဆင်
တဲ့အခါ ………………
ကြည့်ပါအုံး ရိုင်းချက် မြန်မာမိန်းကလေးဖြစ်ပြီး
ဝတ်ထားလိုက်တာ မပေါ်ရုံတမယ်ပဲ………
မိန်းကလေးတစ်ယောက် တက်တက်ကြွကြွနေတဲ့ခါ
အဲ့ကောင်မကိုကြည့်အုံး မိန်းကလေးဖြစ်ပြီး
အိနြေ္ဒသိက္ခာကိုမရှိဘူး စပ်စလူးထတာ9လောက်
ရှိတယ် ………
မိန်းကလေးတစ်ယောက်က အလှအပတွေပြင်ပြီး
နေတဲ့အခါ……အပြင်ထွက်တဲ့အခါ
တွေ့လား …အလကားပါကွာ
ဆန်မရှိ$စားကြီးဆိုတဲ့အတိုင်းပဲ ပြီးတော့ ရိုးမှရိုးရဲ့
လားမသိဘူး…………
မိန်းကလေးတစ်ယောက်က………
မိန်းကလေးတစ်ယောက်က…………
မိန်းကလေးတစ်ယောက်က……………
မိန်းကလေးတစ်ယောက်မှာအိမ်ထောင်မကျသေးသ၍
လွတ်စွာနေထိုင်ခွင့်ရှိပါတယ် သူနေတက်သလိုနေတာ
ပါ သူဝတ်တက်သလိုဝတ်တာပါ ………
လူတိုင်းမှာ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်ရှိပါတယ်
သူတို့လွတ်ပိုင်ခွင့်နဲ့သူတို့ပါ ………
လူတစ်ယောက်ကို ဝေဖန်ချင်လျှင် ကဲ့ရဲ့လိုလျှင်
ကိုယ့်မိသားစုထဲကိုအရင်ကြည့်ပါ ကိုယ့်ရဲ့ အကို
အမတွေ သို့မဟုတ် ညီတွေ ညီမတွေအားလုံးဟာ
ကိုယ်ကဲ့ရဲ့မဲ့လူတစ်ယောက်နေထိုင်ပုံနဲ့
လွတ်ကင်းနေပါသလားလို့ ကိုယ့်မိသားစုဝင်တွေ
လွတ်ကင်းနေတယ်ဆို ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း
ကိုပြန်ကြည့်ပါ ……………
• လုလင်ပျို •
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment