သူငယ်ချင်းကောင်း
သူငယ်ချင်းကောင်း
~~~~~~~~~~~~~
ဤကမ္ဘာ လောကအတွင်းမှာလ
ညီစေရာ ပြောကြခပင်းစုံနဲ့
အပေါင်းသင်းဆိုတဲ့ အမည်ခံ ။
သူလိုချိန် ကိုယ်ကဖေးကူငဲ့
တွေးမူချဲ့ အပြန်လှန်ထူ
ဘေးလူတဲ့ မမှန်ကြံမူ
သန္တာန်ယူကာ နားလည်မှုနဲ့
အမှားဆည်ပြု အတူသီးခံလို့
သမိုင်းချီ ကြံ ။
ဟန်ဆောင်မှု အလိမ်ညာတွေနဲ့
မမှန်တာပြု ပလီပလာတွေချဲ့
မညီမညာနဲ့ မပေါင်းကြရန်
လူသာမာန်အဖြစ်နဲ့ ကျင့်ကြောင်း ။
အမြင်ရှင်းစေတော့
ခင်မင်ခြင်း တရားနဲ့လောကဓံ
သဘောမမှန် အလှည့်အပြောင်းတို့
မနောအာခံ အတူပေါင်း၍
ညီတူကြောင်း တွဲလက်ခိုင်ပါမှ
မြဲယှက်လှိုင် လောကအခေါ်နဲ့
ပြောရသော် ကမ္ပည်းတွင်စေကြောင်း
(အဲ့ဒါ)
သူငယ်ချင်းကောင်း ။ ။
အလင်းမဲ့ စတား(တောင်ငူ) ။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment