အနာဂတ်ခင်ပွန်းလောင်းသို့ပေးစာ
1/ ငါဟင်းမချက်တတ်မှာကိုလား? 🍲
မပူပါနဲ့ နင်အကြိုက်ဆုံးဖြစ်တဲ့အစားအစာတွေကို
လေ့လာသင်ယူထားတယ် အပြင်မှာဝယ်မစားစေရဘူး
နင်အလုပ်ကပြန်လာလို့မောရင် ထမင်းစားပွဲနဲ့ထိုင်စောင့်နေမှာ
2/ မိတ်ကပ်ဖိုးတွေလား? 🎊
နင်ပူစရာမလိုဘူး အလှအပတွေကိုမက်မောတတ်ပေမဲ့
Arche ၃၅၀ကျပ်တန်ကလွဲရင် ငါ့ရဲ့မျက်နှာကအခြားအကောင်းစားမိတ်ကပ်တွေနဲ့လည်း ဓါတ်မတည့်ဘူး
3/ အဝတ်အစားအတွက်ကုန်ကျစရိတ်တွေလား?👗
စိတ်မပူပါနဲ့ နင်နဲ့ ဘုရားသွားကျောင်းတက်ပွဲတက်ဖို့
အသစ်တစ်စုံရှိရင်ရပီ ကျန်တာမလိုဘူး
နင့်ရဲ့မျက်လုံးထဲမှာ ငါလှနေရင်ရပီ
4/ အားတဲ့အချိန်တွေမှာ နင့်သူငယ်ချင်းတွေနဲ့အတူတူပျော်ချင်တာလား? 👬
ရပါတယ် နင်သွားချင်ရင်သွားပါမတားပါဘူး
အိမ်အပြန်တော့နောက်မကျစေနဲ့ မိုးချုပ်ရင်တော့စိတ်ဆိုးမှာ
5/ နင့်မိဘတွေ မောင်နှမတွေကိုသတိရရင်လား?👴👵
ရတယ်လေ ငါတို့အလုပ်ပိတ်တဲ့ရက်တွေမှာ
စနေနေ့မှာ နင့်မိဘအိမ်သွားရင်
တနင်္ဂနွေနေ့မှာ ငါ့မိဘအိမ်ကို ပျော်ရွှင်စွာနဲ့
အတူတူလက်တွဲသွားကြမယ်
6/ ငါတို့မိသားစုအတွက် 1လဝင်ငွေအတွက်လား?💸
တွေးပူမနေနဲ့
ယောကျာင်္းလုပ်စာတော့တသက်လုံးတော့ထိုင်မစားဘူး
ကောင်းတဲ့အလုပ်မှန်သမျှ မရှက်မကြောက်
ငါကိုယ်တိုင် အလုပ်ဝင်လုပ်မှာပါ
7/ အခက်အခဲ အန္တာရာယ်တွေရင်ဆိုင်ကြုံတွေ့ခဲ့ရင်လား?🔪🔫
2ယောက်အတူတူ တိုင်ပင်ပီးရင်ဆိုင်ကျော်ဖြတ်မယ်
ငါ့ရဲ့လက်ကိုတော့ ရဲရဲဝင့်ဝင့်တွဲထားပေး
8/ နင်နေမကောင်းရင် လား?😷
မပူပါနဲ့ ဆေးခန်းသွားပြလို့ လမ်းလျှောက်ရင်
နင်မောနေမှာစိုးလို့ ကားမောင်းသင်ထားတယ်
9/ ငါ့သူငယ်ချင်းတွေကြားမှာနင်မျက်နှာငယ်မှာလား?🙇
မတွေးပူပါနဲ့ လူတွေအားလုံးရဲ့ကြားမှာ နင်ဆိုတာ
`မယက´ မဖြစ်စေရဘူး
နင့်ရဲ့လက်ကိုတွဲပီး အားလုံးရဲ့အရှေ့မှာငါ့ခင်ပွန်းဆိုတာကိုရဲရဲဝင့်ဝင့်မိတ်ဆက်ပေးမှာ
10/အရင်လိုဘဲ Online ဆက်သုံးချင်တာလား?💻
ကိစ္စမရှိဘူး Facebook profile မှာတော့ နင်နဲ့ငါတွဲရိုက်ထားတဲ့စုံတွဲပုံတွေတင်ထားရမယ်
အကောင့်တစ်ခုကို2ယောက်အတူတူသုံးကြမယ်
Ever Online တော့မဖြစ်ရဘူး
11/ နင်နဲ့ငါရန်ဖြစ်ခဲ့ရင်လား?👺
နင်ပြောသမျှငါ နားလည်ခွင့်လွတ်ပေးမှာပါ
တစ်ခုတော့ရှိတယ် ငါမျက်ရည်ကျရင်နင်ပြန်ချော့ပေးရမယ်
12/ သားသားမီးမီးလေးတွေ လိုချင်တာလား?👶
မပူပါနဲ့ နင်လိုချင်သလောက်ငါမွေးပေးမယ်
နင့်အတွက်ဆိုရင် အန္တာရာယ်တွေလည်းငါမမှုတော့ဘူး
နင်ပျော်ရွှင်ဖို့အတွက် အသက်တစ်ချောင်းစတေးထားတယ်
တစ်ခုတော့ရှိတယ် ငါ့မိသားစုအပေါ်သစ္စာရှိပေးရမယ်
13/ ဆံဖြူသွားကြိုးပီး အသက်ကြီးလာတဲ့အချိန်တွေမှာလား?👴👵
မတွေးပူပါနဲ့ တုန်ရီနေတဲ့နင့်ရဲ့လက်တွေကိုတွဲပီး အတူတူလျှောက်မယ်
တလင်တမယားစနစ်သာကျင့်သုံးပေး
နောက်ဆုံးထွက်သတ်အထိ နင့်ရဲ့အနားမှာ အတူတူရှိနေပေးမှာပါ
Credit: ÂChîtThîtSãr
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment