ရည်းစားထားတာယောက်ျားလေးတွေနစ်နာတယ်
တွေ့တော့လည်း ငမ်းပေးရသေးတယ်
သူတို့လှတဲ့တော်တဲ့အချက်လေးတွေ
ရွေးကြည့်ပြောပေးရသေးတယ်
ပိုချိုစေချင်လို့ သကြားထည့်သလို
နည်းနည်းပိုပြောမိပါတယ်
သူတို့က ဆေးသကြားခတ်သလောက်ချိုတယ်ထင်သွားတယ်
ဟော . . . ရည်းစားတော်ဖို့
နီးစပ်ဖို့ ကြိုးစားရ
ချစ်သူမဖြစ်ခင် ဟိုသွား ဒီသွား လိုက်ပို့
သူမူရင် ခံ
သူရစ်ရင်ခံရတဲ့ အပြင်
အချစ်စမ်းတာဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ
စိတ်ကြိုက်ခိုင်းတာလည်း ခံရသေး
ဟော ရည်းစားစကားပြောရင်လည်း အမူခံရဦးမယ်
လက်ပိုက်ခေါင်းညိတ်
လိုအပ်ရင် ဒရမ်မာတွေ ဘာတွေ ရှိုးပြရသေးတာ
မျက်လှည့်ထဲက ခြင်္သေ့လို ဇွတ်လိမ္မာပြရသေးတာ
ဟာသတွေ လိုက်ဖတ်ထားရတာ
သူများကဗျာတွေ ရွတ်ပြရသေးတယ်
ချစ်သူဖြစ်တော့လည်း
ထုတ်သမျှစည်းကမ်း သူ့ဘက်ချည်းပဲ
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမူကြမ်းတောင် သူ့လောက်မဆိုးဘူး
လိပ်တောင် သူ့စည်းကမ်းတွေပြောပြလိုက်လို့
သူရထားတဲ့ ဂုဏ်ထူးဆောင်ယက်တဲ့ဘွဲ့ သူ့ကိုလွှဲလိုက်ပြီ
ချစ်သူမဖြစ်ချင်တော့ရင်လည်း
မျိုးစုံ ဒုက္ခပေးသေးတယ်
ဂျပန် ကင်ပေတိုင်နည်းကျမ်းစာအုပ်ကို သူပြုစုခဲ့သလား မသိ !
ဖြတ်ပြီးရင် ပြန်ဆက်
ပြန်ဖြတ် ပြန်ဆက်နဲ့
ချစ်သူထားတာ သူ့တီဗီရမု ပေးထားတယ်များ မှတ်နေသလားမသိ !
သူတို့အတည်ဖြတ်ချင်ရင်သာ လွယ်တာ
ကိုယ်တွေ ဖြတ်ရင်လည်း သည်တိုင်းဖြတ်လို့မရ
ခိုင်လုံတဲ့အကြောင်းပြချက် ဘယ်လိုပြပြ
မသမာသူ စိတ်ဓာတ်ယုတ်မာပက်စက်ပြီး
ရုပ်ရှင်ထဲက လူယုတ်မာကြီးတွေလိုအထင်ခံရ
ပြန်ရှင်းလို့လည်း မရ
မချစ်ခင်ကလည်း ဒုက္ခ
ချစ်ဖို့ကြိုးစားတော့လည်း ဒုက္ခ
ချစ်နေတော့လည်း ဒုက္ခ
မချစ်တော့ရင်လည်း ဒုက္ခ
မချစ်ချင်တော့ရင်လည်း ဒုက္ခ
ယောက်ျားလေးတွေ ချစ်သူထားတယ်ဆိုတာ
ရှေ့တည့်တည့်မှာ သေနတ်နဲ့အချိန်ခံရလို့
နောက်ပြန်ဆုတ်ပါမယ်ဆိုမှ ကိုယ်နင်းထားတာ မိုင်းမှန်းသိချိန်
ရင်ဘတ်မှာ စနိုက်ပါအချိန်ခံထားရမှန်းမြင်လို့
လက်ထဲလက်ပစ်ဗုံးကို စနစ်တံဖြုတ်အပြီး
ဘယ်ဘက်ဝှေ့ကြည့်လိုက်တော့
အသက်ပြင်းပြင်းရှူတာနဲ့ ပေါက်မယ့် မြွေဟောက်က ကိုယ့်ပုခုံးပေါ်မှာ
သည်းခံခြင်းက အောင်မြင်ခြင်းပါလေလို့ တွေးပြီးဖြေလိုက်ရုံရှိသေး
ကိုယ့်ရှေ့ဆီ တောက်လျှောက်ဗုံးကြဲလာတဲ့ လေယာဉ်တွေက တဝီဝီ နဲ့ပျံလာတာတွေ့လိုက်ရသူလိုပဲ
ဘယ်မှာလဲ !
ကျုပ်တို့ယောက်ျားလေးတွေအတွက် ချစ်သူဘဝပျော်ရွှင်ခန်း !
Credit: ကိုလင်း
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment