Header Ads

မိန်းကလေးတွေရင်ခုန်အောင်လုပ်နိုင်မဲ့ယောကျာ်းမျိုး





☆ သန့်ရှင်းသပ်ရပ်သောသူ

ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီိကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။

☆ ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ

အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြိုက်။

☆ အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ

ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောင်္ကျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။

☆ စားပုံသောက်ပုံက စည်းကမ်းရှိသူ

အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တယ်ဆိုတာလည်း ချစ်ဖို့ကောင်းပါတယ်။

☆ ကိုယ့်ရင်ထဲကစကားတွေကို အမြဲနားထောင်ပေးသူ

စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူလည်း မီးမီးတို့ အကြိုက်ဖြစ်ပါလိမ့်မယ်။

Credit: ChelmoTeam


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments