လက်ထပ်ခြင်းနဲ့ထက်မြတ်တဲ့မိန်းမ
ထက်မြက်တဲ့ မိန်းမတစ်ယောက်အတွက်တော့ လက်ထပ်ခြင်းဆိုတာ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ထားပြီး ယိုင်နဲ့နဲ့ ခွေးခြေပေါ်မှာ တက်ရပ်နေရသလိုပဲလို့ ကျွန်မကတော့ ယူဆတယ် ...
ဘာလို့လဲသိလား ...
ကိုယ်တိုင်ကထက်မြက်ပြီး အောင်မြင်နေတဲ့ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ အရည်အချင်းအပေါ် မှီခိုနေဖို့ မလိုဘူး ...
အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ဘယ်လိုပဲ မိန်းမတစ်ယောက်ရဲ့ အခွင့်အရေးရှိပါတယ်ပြောပြော ယောင်္ကျားတစ်ယောက်ရဲ့ သြဇာအောက်ကို ကျရှုံးသွားရတော့မယ်. ...
ကိုယ်ပိုင်အရည်အချင်းတွေကြောင့် အဲ့ဒီမိန်းမဟာ သူ့ရဲ့ထက်မြက်မှုတွေကို ဖက်တွယ်ထားမယ်ဆိုရင် .. အိမ်ထောင်ရေးရဲ့ သာယာပျော်ရွှင်မှုတွေ ဆုံးရှုံးရမယ်။ အဲ့ဒီအတွက် အိမ်ထောင်ရေးသုခ သာယာပျော်ရွှင်မှုတွေကို သူကိုယ်တိုင် ကြိုးကွင်းစွပ်သတ်လိုက်တာပဲ။
ဒီလိုမဟုတ်ဘဲ အိမ်ထောင်ရေး သာယာပျော်ရွှင်စေမယ့် လမ်းကို သူမရွေးချယ်မယ်ဆိုရင်တော့ သူမရဲ့ကိုယ်ပိုင်ထက်မြက်မှုတွေကို သူမကိုယ်တိုင် ကြိုးကွင်းစွပ်သတ်လိုက်တာပါပဲ ...
>> ရှင်တို့ရဲ့ အမြင်ကကော ဘယ်လိုလဲ <<
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment