Facebookပေါ်မှလူမျိုးပေါင်းစုံ
ဒီနေ့ခေတ်မှာ ဖေ့ဘွတ်ကိုတွင်ကျယ်စွာအသုံးပြုလာကြတာနဲ့အမျှ
ဖေ့ဘွတ်သုံးစွဲပုံခြင်းလည်း ကွာခြားလှကြပါတယ်။
ဒီနေ့မှာတော့ ဖေ့ဘွတ်လူမျိုး ပေါင်းစုံအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ဒီစာလေးကိုဖတ်ပြီးသွားရင်
သင်နဲ့ သင့်သူငယ်ချင်းတွေကော
ဘယ်ထဲမှာ ပါလဲဆိုတာပြောခဲ့ဖို့ မမေ့နဲ့ဦးနော်။
(၁) Like ရက်ရောသူ
တခြားသူတင်သမျှပို့စ်တွေကို အော်တို Like ပေးမိသားဖြစ်ရလောက်အောင်
လက်က မြန်နေတတ်တာပါ။
တကယ်တမ်း သူတို့ Like ပေးထားတဲ့ ပို့စ်ကို သူတို့ ဖတ်ချင်မှဖတ်ပါလိမ့်မယ်။
ဒါပေမယ့် သူငယ်ချင်းတစ်ယောက်က တင်လိုက်ပြီဆိုတာနဲ့
Like ပေးရမယ်ဆိုတာ တာဝန်ဝတ္တရားတစ်ခုလို ထင်နေတတ်ကြတာပါ။
(၂) ဖိတ်ခေါ်သူ
ဖေ့ဘွတ်သူငယ်ချင်းတွေကို တစ်ချိန်လုံး ပေ့ခ်ျကို invite လုပ်လိုက်၊
Group ကို invite လုပ်လိုက်၊ ဂိမ်း app ကို invite လုပ်တတ်တဲ့သူတွေပါ။
(၃) Active မဖြစ်သူများ
သူတို့ဟာ Friend request တွေကို လက်ခံကောင်းလက်ခံပါလိမ့်မယ်။
ဒါပေမယ့် ဖေ့ဘွတ်မှာ ဘာမှမတင်သလို၊ ဘယ်သူနဲ့မှလည်း
ဆက်သွယ်လေ့မရှိပါဘူး။
(၄) ဓာတ်ပုံဆရာများ
သူတို့ဟာ ကျွမ်းကျင် ဓာတ်ပုံပညာရှင်တော့မဟုတ်ကြပါဘူး။
ဒါပေမယ့်ဘယ်ကိုပဲရောက်ရောက် ဓာတ်ပုံလှလှလေးတွေရိုက်ပြီး
ဖေ့ဘွတ်မှာ တင်လေ့ရှိကြသူတွေပါ။
(၅) Comment ဘုရင်/မ
သူတို့ရဲ့ ကွန်မန့်တွေကို ပထမဆုံး ကွန်မန့်နေရာမှာ တွေ့မြင်ရမှာပါ။
(၆) စကားနပန်းသမားများ
စကားနပန်းသမားတွေဟာ ပြစ်တင်ဝေဖန်သူတွေထက် ဆိုးပါတယ်။
သင့်ရဲ့ ပို့စ်ကို ဖတ်ပြီး အာပေါင်အာရင်းသန်သန်နဲ့
ငြင်းခုံလေ့ရှိကြသူတွေရယ်ပါ။
(၇) တိရိစ္ဆာန်ချစ်သူများ
သူတို့ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာဟာ ချစ်ဖွယ် တိရိစ္ဆာန်ပုံလေးတွေနဲ့
ပြည့်နေတတ်ပါတယ်။
(၈) အမြဲတမ်းပို့စ်တင်လေ့ရှိသူ
သူတို့ဟာ အမြဲတမ်း ဖေ့ဘွတ်မှာ ရှိနေတတ်ကြပြီး
ခံစားရသမျှကို ပို့စ်တင်လေ့ရှိကြသူတွေပါ။
(၉) ဝေဖန်ရေးသမား
သူကျတော့ တခြားသူရေးထားတာတွေကို ဝေဖန်ရမှာ
တွန့်ဆိုင်းလေ့မရှိပါဘူး။
ဒါပေမယ့် တစ်ဖက်လူရဲ့ တုံပြန်ဖြေကြားမှုကိုလည်း ဘယ်တော့မှ
နားထောင်လေ့မရှိတဲ့သူမျိုးပါ။
(၁၀) စိတ်ဓာတ်မြှင့်တင်ရေးသမား
သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာဟာ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာအဆိုအမိန့်တွေနဲ့
ပြည့်နေလေ့ရှိပါတယ်။
(၁၁) အချိန်ဆွဲလေ့ရှိကြသူများ
သူတို့တွေကျတော့ တခြားအရေးတကြီး လုပ်စရာရှိနေပေမယ့် မလုပ်ခင်
ဖေ့ဘွတ်မှာ စာတင်လေ့ရှိကြသူများပါ။
ဥပမာ - “ နက်ဖြန် ကျူတိုရီရယ်ရှိတယ်
ခုထိလည်းစာတစ်လုံးမှမကျက်ရသေးဘူး”
(၁၂) စားဖိုမှူးများ
သူတို့တွေကျတော့ မိမိပုံထက် အစားအသောက်ပုံတွေကိုသာ
တင်လေ့ရှိကြသူမျိုးပါ။
သူတို့စားနေတဲ့အစားအသောက်တွေကိုပဲဖြစ်ဖြစ်၊
သူတို့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကိုပဲဖြစ်ဖြစ်
ဓာတ်ပုံလှလှလေးတွေရိုက်ပြီး တင်လေ့ရှိကြသူများပါ။
(၁၃) စာဖိုမှူးလောင်းလျာများ
သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာဟာ ဟင်းချက်နည်းအမျိုးမျိုးနဲ့
ပြည့်နှက်နေတတ်ပါတယ်။
#SellAndBuyEverything #Adscommm #Facebook
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment