အရမ်းခင်တဲ့ဘော်ဒါကိုဒီလိုရွေးတယ်
စကားပြောရတာ ပေါ့ပေါ့ပါးပါးမရှိတဲ့သူတွေနဲ့
သိပ်မခင်တတ်ဘူး
ပေါင်းသင်းဆက်ဆံတဲ့အခါ သတိထားနေရတဲ့
လူတွေနဲ့လည်း သိပ်ရင်းရင်းနှီးနှီးမနေတတ်ဘူး
လူတယောက်နဲ့ ပြောဆိုဆက်ဆံရတဲ့အခါ
ပေါ့ပေါ့ပါးပါးဖြစ်တဲ့သူမျိုးနဲ့ပဲ
ကိုယ်တော့အပေါင်းအသင်းလုပ်တယ်
သတိထားနေရတာမျိုး
စိတ်ထဲမပေါ့မပါး မလွတ်မလပ်ဖြစ်နေသူမျိုးဆို
ကိုယ်ရင်းရင်းနှီးနှီးပေါင်းလေ့မရှိဘူး
စိတ်ရှင်းရှင်းပဲပေါင်းချင်တယ်
ကိုယ့်ကိုလည်းစိတ်ရှင်းရှင်းနဲ့ပဲ ဆက်ဆံစေချင်တယ်
ကိုယ်ဦးနှောက်နဲ့ ဘယ်သူမှမပေါင်းဘူး
ခံစားချက်နဲ့အပေါင်းအသင်းလုပ်တာ
ကိုယ်ပေါ့ပေါ့ပါးပါးခံစားလို့ရရင် ပေါင်းတယ်
နှလုံးသားချင်းနီးတာမျိုးပေါ့
အဲလိုလူမျိုးတွေဆို ကိုယ်အရမ်းခင်တတ်တယ်ဆိုတာပဲ
Credit : ကိုကောင်လေး
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment