Header Ads

အချစ်ဦးတွေမပေါင်းရဘူးလို့ဘာလို့ပြောတာလဲ



အချစ်ဦးဆိုရင် မပေါင်းဖက်ရဘူးတဲ့ ... ပြောနေကြသူတွေအများကြီးပဲ ...

ဒါပေမယ့် ဘာကြောင့် မပေါင်းဖက်ရတယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေကို ကြည့်ရအောင်လား ..

အချစ်ဦးက မပေါင်းရတာများတယ်ဆိုတာ ..

အချစ်ဦးဆိုတာ ငယ်ရွယ်စဉ်အချိန် အတွေးတွေမရင့်ကျက်သေးခင် စိတ်တွေမတည်ငြိမ်သေးခင်မှာ ရှိတတ်ကြတာလေ။ 

အဲ့ဒီအတွက် တကယ်တမ်းဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ချိန်မှာ အဖက်ဖက်ကစဉ်းစားတတ်တဲ့အချိန်၊ ရင့်ကျက်တဲ့စိတ်တွေနဲ့ ချင့်ချိန်သုံးသပ်တတ်ချိန်တွေ ရောက်လာတဲ့အတွက် မဖြစ်နိုင်တဲ့သူတွေကို လက်လွှတ်ခဲ့လိုက်တဲ့ သဘောပါ။ 

အချို့တွေကတော့ အချစ်ဦးနဲ့ ပေါင်းဖက်သွားသူတွေလည်း ရှိပါတယ်။ 

များသောအားဖြင့်က အချစ်ဦးဆိုတဲ့ ငယ်ရွယ်စဉ်မှာ ကြုံတွေ့ရတဲ့ မရင့်ကျက်သေးတဲ့ အချစ်တစ်ခုကို ရင့်ကျက်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ အရွယ်မှာ လက်မတွဲတော့တာကြောင့် ပထမဆုံချစ်ဦးသူနဲ့ မပေါင်းကြရဘူးဆိုတာတွေ ပြောစမှတ်တွယ်ခဲ့ကြတဲ့သဘောပါပဲ။

ဒါကတော့ အမြင်တစ်ခုပါပဲ ... ကိုယ့်ရဲ့လက်ခံယူဆချက်ပေါ့လေ ..  သူငယ်ချင်းတွေကော ဘယ်လိုမြင်လဲ ပြောကြည့်ခဲ့ပါဦးနော် ..

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments