Header Ads

မျက်ရည်တစ်စက်ကမွေးဖွားပေးလိုက်တဲ့မာန




ကျမ အလှပြင်တာ ပုရိသတွေကို

ဆွဲဆောင်ဖို့လို့ထင်နေလား ?

မိန်းကလေးမို့ အလှကြိုက်တယ် ဆိုတာထက်

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ အလှပြင်တာ ရှင့်...

ကျမ အပြင်သွားခါနီး

အဝတ်အစားရွေးနေရတာကြည့်ပြီး

လှောင်ပြုံးချင်နေတာလား ?

စတိုင်ထုတ်တာ စတားဖြစ်ချင်လို့မဟုတ်ဘူး

သူ့နေရာသူအချိုးကျကျ ဝတ်တတ်မှစမတ်ဖြစ်တယ်၊

တောင်းမှအကွပ် လူမှာအဝတ်တဲ့ ရှင့်..

လူကြီး၊လူရွယ်၊လူငယ်မရွေးပဲ

ဝင်ဆန့်အောင်နေပြီး ပွင့်လင်းရိုးရှင်း

ဆက်ဆံတတ်တာ...

ကြည့်မရဖြစ်နေတာလား ?

မိန်းကလေးဆိုတာ မျက်လွှာချပြီးနေမှ

အိနြေ္ဒရှင်လို့ ပြောရမယ့်ခေတ်မဟုတ်တော့ဘူး...

မကလက်ရင်ပြီးရော လူရာဝင်အောင်တော့

နေတတ်ရမယ် ရှင့်...

စာပေါင်းစုံ ဖတ်၊ဗဟုသုတပေါင်းစုံရှာတတ်တာ

အပိုအလုပ်တွေလို့ ပြောချင်နေတာလား ?

မိန်းကလေးမို့ မဖတ်သင့်တဲ့ စာ

မရှာသင့်တဲ့ ဗဟုသုတလို့ ရှိပါ့မလား၊

သိသင့်တာ သိအောင်တော့ လုပ်ထားရမယ်..

သိရက်နဲ့ မှားတဲ့ အမှားနဲ့ မသိလို့ မှားတဲ့အမှား

ဘယ်ဟာပိုများလဲ တွေးကြည့်ပါ ရှင့်...

ကျမ မျက်ရည်ကျတာ အရှုံးကိုလက်ခံလိုက်တယ်လို့

ထင်နေဦးမှာလား ?

မျက်ရည်တစ်စက်က မွေးဖွားပေးလိုက်တဲ့ မာန

ဘယ်လိုမီးမျိုးနဲ့မှ ပြာကျမသွားနိုင်တာ

သိထားလိုက်ပါ ရှင့်....

Credit…~WPH~


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments