ကျုပ်ချစ်ခြင်းကသူ့မျက်ဝန်းကစတယ်
မြစ်ဆုံ၊မြစ်ဖျားဟာ မြစ်အစဆို
ကျုပ့်ချစ်ခြင်းက သူ့မျက်ဝန်းကစတယ်။
မေခ၊မလိခ မြစ်ဖျားခံ ဧရာ စီးဆင်းသလို
အချစ်၊အလွမ်း မြစ်ဖျားခံ အကြင်နာ စီးဆင်တယ်။
ကြမ်းတမ်းခက်ထန် သံလွင်ဟန်
အမြဲတမ်းလွမ်းပြန် ပင်ကိုယ်စတိုင်။
ကွေ့ကောက်များလှ ရန်ကုန်မြစ်ဝ
စိတ်ကောက်များတာ သူ့အမူအရာဟ။
အဝေးဆီမှာ ချင်းတွင်းမြစ်
မိဘတွေဆီလာ တောင်းပါရစေအချစ်။
စစ်တောင်းမြစ်လက်
အမုန်းတွေမပေးတက်
အက္ခရာကျောက်ထက်
အချစ်တွေပြည့်နှက်။
Aung Ye Kyaw
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment