Header Ads

မိန်းမသုံးမျိုးရှိတယ် နောက်ဆုံးတစ်မျိုးကို သတိထား




တစ်မျိုးက သင်အရက်သောက်တာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးမယ့်မိန်းမ .... ဘာလုပ်လုပ်လွှတ်ပေးထားတယ်ဆိုတဲ့သဘော သင်လည်းလုပ်ချင်တာလုပ် သူလည်းလုပ်ချင်တာလုပ် ...

တစ်မျိုးက သင်အရက်သောက်တာကို မသောက်တော့အောင် တားမယ့်မိန်းမ ...

သူက သင့်ကို အရာရာချုပ်ခြယ်မယ် တားမြစ်မယ် သင်ကောင်းဖို့ သူအမုန်းခံမယ် ....

နောက်ဆုံးတစ်မျိုးက သင်အရက်သောက်တာကို မကြိုက်လို့စွန့်ပစ်သွားမယ့် မိန်းမ ....

သူက သင်ကောင်းတာကိုပဲလိုချင်တာ သင်မကောင်းတာနဲ့ ပစ်သွားမယ့်သူမျိုး စိတ်ဓာတ်ပြတ်သားသလို သင်မကောင်းရင်ပစ်သွားနိုင်တဲ့သူမျိုး ....

ယောက်ျားတော်တော်များများကတော့ ပထမ မိန်းမအမျိုးအစားကိုကြိုက်ကြတယ် သူ့အလိုလိုက် သူ့အကြိုက်လိုက်ပေးမယ့် အမျိုးအစားပေါ့ ... ဒါပေမယ့် သိထားဖို့က သင့်အလိုလိုက်လုပ်ချင်တာလုပ်လို့ လွှတ်ထားသလို သူလုပ်ချင်တာလုပ်မယ်ဆိုရင်လည်း သင်ဘာမှပြန်ပြောခွင့်မရှိဘူး ....

ဒုတိယအမျိုးအစားက မသောက်ပါနဲ့ သူ့ကိုရွေးမလား အရက်ကိုရွေးမလားတောင်းဆိုမယ် သင်အရက်မသောက်မိအောင် အမျိုးမျိုးတားမယ် တောင်းပန်မယ် ... ဒီအမျိုးအစားက သုံးမျိုးလုံးထဲမှာ အကောင်းဆုံးလို့ထင်မိသလို ယောက်ကျားတွေမကြိုက်ဆုံးလည်းဖြစ်နိုင်တယ် ... သူက သင့်အပြစ်တွေကို လစ်လျူမရှုသလို သင့်ကို သူ့အကြိုက်အကောင်းဆုံးဖြစ်အောင်ပြုပြင်တတ်တဲ့သူမျိုး ...

တတိယ အမျိုးအစားကတော့ ကြောက်ဖို့အကောင်းဆုံးပဲ ... သူမက ပြတ်သားတယ် သင့်ကိုမလုပ်နဲ့တားမှာမဟုတ်သလို တားလို့သင်လုပ်တယ်ဆိုရင် ထားသွားဖို့ ၀န်မလေးတဲ့သူမျိုး ... သတိထားဖို့က ဒုတိယ အမျိုးအစားက တတိယ အမျိုးအစားအဖြစ် ပြောင်းသွားနိုင်တယ်ဆိုတာပဲ ... တောင်းပန်လို့ တားလို့မှမရရင် ထားသွားမှာပဲ ....

အရက်ဆိုတာ အလွယ်သုံးလိုက်တာပါ ... တစ်ကယ်က ဖောက်ပြန်တာ လစ်လျူရှုတာ စသဖြင့်သင့်လုပ်ရပ်အပေါ် ပြန်တုံ့ပြန်မယ့် အမျိုးအစားတွေပါ .... ဒါကြောင့် အတတ်နိုင်ဆုံးကတော့ မလုပ်တာအကောင်းဆုံးပဲ ... သင်လုပ်သလိုလိုက်လုပ်ရင်း သူပျက်စီးသွားနိုင်တယ် ...သင်လုပ်တာကို လိုက်ချုပ်ချယ်ရင်း နောက်ဆုံး သူစွန့်လွှတ်သွားနိုင်လိမ့်မယ် ....

~OMG~


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments