Header Ads

ရည်းစား ထားပစ်ခံရတဲ့ လူတစ်ယောက်ဟာ





ရည်းစား ထားပစ်ခံရတယ် လူတစ်ယောက်ဟာ ...

သူ ဘာလုပ်မယ် ... အရက်တွေသောက်မယ် မူးမယ် နာကျင်အောင် ကိုယ့်အသားကို ကိုယ်ပြန်လုပ်တယ် အမှောင်မှာ တိတ်တိတ်လေး ငိုမယ် ...

ပြီးသွားရောလား ဟင့်အင်း မပြီးဘူး ...

သူ နဲ့အတူတူ သွားခဲ့နေရာတွေပြန်ရောက်ရင် အလိုလိုဝမ်းနည်းလာတယ် ...

သူ နဲ့အတူတူ ရိုတ်ခဲ့တဲ့အပုံတွေ ပြန်ကြည့်ရင်း စိတ်မကောင်းတွေ ဖြစ်လာတယ် ...

သူ နဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ နေ့တွေ လ တွေပြန်ရောက်လာရင် အလိုလိုဆွေးလာတယ် ...

အဲဒီ လူ လူမိုက်လား ဟုတ်ကဲ့ မိုက်လွန်းတယ် ဦးနှောက် မရှိတာလား တော်ပါ ရှိတယ် အချစ်က လူမိုက်အဖြစ် ပြောင်းပေးပြီး ပြစ်ဒဏ်အဖြစ် ဦးနှောက်ကို ရူးသွပ်ခဲ့တာလေ ...

ကဲ ... ထားပါ ကိုယ်က နေ့တိုင်း လွမ်းမယ် ဆွေးမယ် ငိုမယ် ခံစားရမယ် ... 

ခံစားထိုက်ပါတယ် ကိုယ့်ကို တစ်ကယ်ချစ်ခဲ့လို့ အခန့်မသင့် လမ်းခွဲခဲ့ရတဲ့ ကံကြမ္မာမျိုးနဲ့ ဆိုပေါ့ ...

ခု အဖြစ်က ကိုယ့်ကို ချစ်ရက်နဲ့ သူက မချစ်လို့ ဘာမဟုတ်တဲ့ ကံတရားကို အပြစ်ပုံချပြီး ထားပစ်ခဲ့တာလေ ..

မငိုပါနဲ့ ကိုယ့်ကိုယ် မချစ်တဲ့ လူတစ်ယောက် အတွက် ...

မဆွေးပါနဲ့ မဖြစ်နိုင်မှန်း သိရက်နဲ့ ဖြစ်ချင်တဲ့ လူတစ်ယောက် အတွက် ...

မနာကျင်နဲ့ ကိုယ့်ခန္ဓာကိုယ်က တန်ဖိုးရှိတဲ့အရာမို့ အဲလို လူတစ်ယောက် အတွက် ...

ဘာဖြစ်လဲ ...

တစ်ယောက်ထဲ နေရင် အရာရာဟာ ပိုအဆင်ပြေလာမဲ့ စိတ် ...

တစ်ယောက်ထဲ နေရင် ဘဝဟာ ပျော်ရွှင်တတ်လာမယ် 

တစ်ယောက်ထဲ နေရင် အချိန်ဟာ ပိုတန်ဖိုးရှိလာမယ် ...

ဆိုတဲ့ စိတ်တွေသာ အမြဲ တွေးထားလိုက်ပါ ...

အချစ်ဆိုတာ ဒီတစ်ယောက်မချစ်လို့ ပြတ်ရင် နောက်တစ်ယောက်လာမယ် ... နောက်တစ်ယောက် မချစ်ရင် အနာဂတ် တစ်ယောက်လာမယ် ...

ဘယ်လိုမှ ဘယ်အကြောင်းကြောင့်မှ ဘဝနဲ့ ရင်းပြီး မခံစားလိုက်ပါနဲ့ ...

ဟို .... မှာတွေ့လား တစ်ကယ်အချစ်စ်နဲ့တွေ့ပြီး ဘဝကိုလက်တွဲသွားကျတဲ့ ချစ်သူတွေ သံယောဇဉ် အပြည့် တွေနဲ့ အတူတူ ပျော်ရွှင်စွာ နေသွားရခဲ့တဲ့သူတွေ ..

ဒါပေမဲ့ ဒဏ်ရာအပြည့်နဲ့ ပေးဆပ်ခဲ့ကျရတဲ့ သူတွေချည်းပါပဲ ...

#Box

Hein Htun Aung


No comments