ကျော်လွှားရဲပါစေ
ကျော်လွှားရဲပါစေ
✏ ✏ ✏ ✏ ✏ ✏
အတိတ်ထဲကအရိပ်ကို
ပြန်လည်ဖမ်းယူကြည့်တိုင်း
ကိုယ်ဟာ အမှားတွေနဲ့
ကျင်လည်ခဲ့ကြောင်း
သက်သေပြတယ်.....။
ဒီနေ့သည်
မနက်ဖြန်အတွက်ဖြစ်ပြီး
မနေ့ကသည်
သမိုင်းတစ်ပုဒ်ဖြစ်သွားခဲ့ပြီ....။
အိမ်တစ်လုံးပြိုရင်
ပြင်ဆင်လို့ရတယ်
အတိတ်ဆိုတာကိုပြင်ဖို့
လောက ဗိသုကာရှင်က
ခွင့်မပြုဘူးလေ....။
အောင်မြင်ခြင်းကိုလိုခြင်ရင်
ခြေထောက်ရေစိုမှာ
ကြောက်တဲ့ကြောင်လို့
နောက်ပြန်မလှည့်လိုက်နဲ့
ရဲရဲ ကျော်လွှားလိုက်ပါ
အောင်မြင်ခြင်းက
ချိုမြိန်ပါတယ်.....။
ဘာမထီဘွား.....အတွေးစာစုလေးများ
Post a Comment