သွေးစွန်းသောကျောက်စိမ်း
Adam Dean—Panos
ကမ္ဘာပြိုသလို အဖြစ်မျိုးကြုံလိုက်တဲ့အချိန်မှာ ရဲမင်းနိုင်ဟာ ကျောက်ဖြုန်း မြေအစအနတွေ ရောပြွမ်းတဲ့ တောင်စောင်းပေါ်မှာ မတ်တတ်ရပ်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောက်စိမ်းတွင်းတွေမှာတော့ ဒီလိုအဖြစ်မျိုးဟာ နေ့တိုင်းကြုံလာနိုင်တဲ့ ကိစ္စပါ။ သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်ကတော့ ခြောက်လ လောက် ကြာမြင့်ခဲ့ပါပြီ။
မုတ်သုံရာသီဥတု အကုန် လောက်မှာ ဖြစ်ပါတယ်။ လူတစ် ရပ်စာလောက် အရွယ်အစားမျိုး ဘီးကြီးတွေ တပ်ဆင်ထားတဲ့ ထရပ်ကားကြီးတစ်စီးက ကျောက်စိမ်းတွင်းတွေကနေ တူးထုတ်ထား တဲ့ ကျောက်သားအစအနတွေနဲ့ မြေကြီးတွေကို တောင်စောင်းမှာ လာပုံသွားတယ်။ အဲဒီနောက်မှာတော့ မြေစာပုံကြီးထဲမှာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းအတိုအစလေး တစ်ခုလောက်များ တွေ့လေမ လားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရာနဲ့ချီတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ စုပြုံပြီးလိုက်ရှာကြတော့တယ်။
ရဲမင်းနိုင်ဟာ မြေပြိုကျတာ ကို မျက်စိနဲ့ မမြင်ခင် အသံကို အရင်ကြားလိုက်ရတယ်။ မိုးခြိမ်း သံလို စူးစူးဝါးဝါးအသံမျိုးကြီးပါ။ ပြီးတော့ သူ့ရဲ့ ရိုးတွင်းခြင်ဆီထိ စိမ့်ဝင်တုန်လှုပ်သွားခဲ့တယ်။ သူ့နားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် အရှင်လတ် လတ်မြေပိပြီး ပျောက်သွားတယ်။ အသက် (၂၈) နှစ်အရွယ် ရဲမင်းလတ်ကိုလည်း လည်ပင်းနစ်တဲ့ထိ မြေစာတွေ ဖုံးသွားတယ်။
‘‘ကျွန်တော် ဒီမှာ’’လို့ သူကသွေးရူးသွေးတမ်း အော်ပါတယ်။ပြီးတော့ အသက်ရှူပေါက်ရ အောင် လွန့်လူးရင်း ကြိုးစားရုန်း ကန်နေခဲ့ရတယ်။
ဘဝတူ ရေမဆေးကျောက် ရှာဖွေသူတွေက သူ့ကို မြန်မြန်ဆန်ဆန်ပဲ ဆွဲထုတ်နိုင်ခဲ့တယ်။ ဒါ့အ ပြင်မလှုပ်မယှက် ငြိမ်သက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ယောက်ကိုလည်း ရှာဖွေပြီး ကယ်ဆယ်နိုင်ခဲ့ကြတယ်။ ဒီဖြစ်ရပ်မှာ လူ သုံးဦးသေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သေဆုံးသူအရေအတွက် ဘယ်လောက်ရှိတယ်ဆို တာ ဘယ်သူမှ တိတိကျကျမသိနိုင်ပါဘူး။ မြန်မာနိုင်ငံမြောက်ဖျား က ဖားကန့်ဒေသမှာ အခုလိုအဖြစ်မျိုးနဲ့ သေသူတွေ အမြောက်အမြားရှိခဲ့ပြီး ဖြစ်ပါတယ်။ အလောင်းပြန်မရသူတွေ အများကြီးပါ။
ကမ္ဘာ့အရည်အသွေး အ ကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိတဲ့ နယ်မြေမှာ ရေမဆေး ကျောက် လာရှာသူတွေကတော့ လူတန်းစားမျိုးစုံပါပဲ။ အဲဒီဒေသ က တောင်ကုန်းတွေပေါ်မှာ သူ့လိုပဲ အလွတ်သဘောနဲ့ ရေမဆေး ကျောက်ရှာဖွေနေသူတွေ အများကြီးရှိတယ်လို့ ရဲမင်းနိုင်က ဆိုတယ်။ ဒီဒေသမှာ တောင်တိုင်းလို လိုက ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေ တိမ်မြုပ်တည်ရှိနေကြတယ်။ မိသားစုဝင်ဆုံးရှုံးထားသူတွေ၊ မူးယစ်ဆေးစွဲနေတဲ့ ရွှေ့ပြောင်းလုပ် သားတွေ အပါအဝင် မျက်နှာစိမ်းတွေ များပါတယ်။ ရဲမင်းနိုင် အလုပ်လုပ်နေတဲ့ မှော်ဆည်းဆာဆိုတဲ့ မိုင်းတွင်းနေရာက မြေပြိုမှုအပြီးမှာလည်း ဘေးအန္တရာယ်များနေဆဲဖြစ်ပါတယ်။ဒီမြေစာပုံတွေအောက်မှာ ဘယ်သူတွေကို မြှုပ်နှံပြီးသား ဖြစ်သွားစေသလဲဆိုတာကို ကျွန်တော်တို့လည်း မသိဘူးလေ’’လို့ သူက ပြောပါတယ်။
အရည်အသွေးကောင်းမွန် တဲ့ မြန်မာ့ကျောက်စိမ်းကို တရုတ်နိုင်ငံသားတွေ အဓိက မက်မောကြတယ်။ တရုတ်မှာ ကျောက်စိမ်းဝယ်လိုအားက တစ်ဟုန်ထိုးမြင့်တက်လာသလို စံချိန်တင်ရောင်း အားတွေလည်း ဖြစ်လာခဲ့တယ်။
ကချင်ပြည်နယ်မှာတော့ အထင်ကရ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းစုကြီးတွေက စွန့်ပစ် တဲ့ မြေစာတွေကြားမှာ ရေမဆေးကျောက်ရှာဖွေသူ သုံးသိန်းဝန်းကျင်လောက် ရှိပါတယ်။ သူ တို့ရဲ့ ဘဝတွေဟာ မြေပြိုမှုတွေ၊ မူးယစ်ဆေးဝါးစွဲလမ်းမှုတွေနဲ့ ရောဂါဘယတွေရဲ့ နိစ္စဓူဝခြိမ်းခြောက်မှုအောက်မှာ ရှင်သန်နေရတာ ဖြစ်ပါတယ်။ မြန်မာ့ကျောက် စိမ်းတူးဖော်မှုလုပ်ငန်း ကွန်ရက်ကိုတော့ တပ်မတော်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ တရုတ်ကုမ္ပဏီတွေ၊ ဒေသခံတိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် တွေ၊ အမေရိကန်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာတွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။တရုတ်မှာ ကောင်းကင်ဘုံရဲ့ ရတနာတစ်ပါးအဖြစ် တင်စားကြတဲ့ ကျောက်စိမ်းဟာ မြန်မာစစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေတဲ့ ကချင်တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေကြား ပြည် တွင်းစစ်မီးကို အားကောင်းစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။
နိုင်ငံတကာလေ့လာစောင့် ကြည့်မှုအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ကတော့ ၂၀၁၄ အတွင်းမြန်မာနိုင်ငံရဲ့ ကျောက်စိမ်းကုန် သွယ် ရောင်းချမှု တန်ဖိုးဟာ စုစုပေါင်းဒေါ်လာ ၃၁ ဘီလီယံ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးဂျီဒီပီပမာဏရဲ့ ထက်ဝက်နီးပါးနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ကျောက် စိမ်းလုပ်ငန်းနဲ့ ပတ်သက်ရင် ပွင့် လင်းမြင်သာမှု သိပ်မရှိပါဘူး။
Global Witnsess ရဲ့ အဆို အရ ဒီနေ့ခေတ်မှာတော့ ကျောက်စိမ်းတူးဖော်မှုကို မြန်မာစစ်တပ်ရဲ့ ထိပ်ဆုံးပိုင်း ပုဂ္ဂိုလ်တွေနဲ့ ဆက် စပ်တဲ့ ခရိုနီတွေ၊ ကုမ္ပဏီတွေက ထိန်းချုပ်ထားကြပါတယ်။ စစ်တပ်ကြီးစိုးအုပ်ချုပ်မှု အောက်မှာဆယ်စုနှစ် ငါးခုလောက် ကြာမြင့် ခဲ့ရာကနေ အရပ်သားတစ်ပိုင်း အစိုးရခေတ်ကို ပြောင်းလာပေ မယ့် ကျောက်စိမ်းလုပ်ငန်းတွေ ကတော့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး အစိုးရအတွက် ကန့်သတ် နယ်မြေတစ်ခု ဖြစ်နေဆဲပါ။ ကျောက်စိမ်းတုံး အများစုဟာ မှောင်ခိုလမ်းကြောင်းကနေ တစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံထဲကို ရောက်သွားကြပါတယ်။ အာရှ တိုက်ရဲ့ အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်ခုအဖြစ် ပါဝင်နေချိန်မှာ တကယ်တမ်းထုတ်လုပ်မှုရဲ့ အစိတ်အပိုင်းလောက်ကိုသာ တရား ဝင်ထုတ်ပြပြီး အစိုးရဆီမှာ အခွန်ဆောင်ကြတာပါ။ အဂတိလိုက်စားမှုတွေ၊ စာရင်းဖျောက်မှုတွေနဲ့ အတူ ပျောက်ကွယ်သွားတဲ့ ပမာ ဏက ခန့်မှန်းဖို့ မလွယ်ပါဘူး။ Global Witnessကတော့ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ‘ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး သဘာဝသယံဇာတ ဓားပြမှုကြီး’လို့ ခေါင်းစဉ်တပ်ဖူးပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ အမေရိကန် သမ္မတ (ဟောင်း) ဘားရက်အိုဘားမားက မြန်မာနိုင်ငံကနေ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ တင်သွင်းမှုအပေါ် ပိတ်ပင်ထားတဲ့ သတ်မှတ်ချက် ကို ဖယ်ရှားပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းက နိုင်ငံတကာမှာ အကြီးအ ကျယ်နာမည်ပျက်နေတဲ့ အခြေအနေကြောင့် အမေရိကန်က အခုလို တားမြစ်ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ပိတ်ပင်မှုကို ဖယ်ရှားပေး လိုက်တာက ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီ အာဏာရလာတဲ့ အခြေအနေအ ပေါ် တုံ့ပြန်အသိအမှတ်ပြုတဲ့ သဘောလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရ အဖွဲ့သစ်က ကျောက်စိမ်းလုပ်ငန်း မှာ လုံခြုံရေးအဆင့်အတန်းတွေ မြှင့်တင်ဖို့၊ အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ဖို့ အရှိန်မြှင့်လုပ်ဆောင်လာမှာကို ကျောက်စိမ်းတွင်း ပိုင်ရှင်တွေ စိုးရိမ်ခြင်း ကြောင့်ပဲ ဖားကန့်က အစိမ်းရောင်သဘာဝရတနာတွေ တူးဖော်ထုတ်လုပ် မှုကို ပိုပြီးမြန်မြန်ဆန်လုပ်လာကြပြန်တယ်။
‘‘လာမယ့် နှစ် ၂၀ လောက်ဆို ကျောက်စိမ်းလုံးဝ မရှိတော့ မယ့် ပုံစံမျိုးကို အသည်းအသန် တူးနေကြတာ’’လို့ အဲဒီဒေသမှာ အလုပ်လုပ်နေသူ တစ်ယောက်က ပြောပါတယ်။ ‘‘မဟုတ်ဘူးဗျ။ ၁၀နှစ်လောက်အတွင်း လုံးဝပျောက်သွားတော့မယ့် ပုံစံမျိုးကို တူးကြ တာ’’လို့ သူက ပြန်ပြင်ပြီး မှတ် ချက်ပေးလိုက်ပါသေးတယ်။
ကမ္ဘာပေါ်မှာ အရည်အသွေး
အကောင်းဆုံး ကျောက်စိမ်းတွေထွက်ရှိတဲ့ မိုင်းတွင်းနေရာ အားလုံးလိုလိုကို နိုင်ငံခြားသားတွေချဉ်းကပ်ခွင့်မရအောင် ပိတ်ထားပါ တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဖားကန့်ကို ဝင်ရောက်နိုင်ဖို့ အချိတ်အ ဆက်တွေ ရထားခဲ့တယ်။ တရုတ်တော်ဝင်မင်းဆက်တွေ တန်ဖိုး ထားတဲ့ တွင်းထွက်ရတနာတွေ ခိုအောင်းရာ၊ ငှက်ဖျားရောဂါပိုးထူထပ်ရာဒေသကို ရောက်ရှိခဲ့ တယ်။ ကျွန်မရှေ့က မြင်ကွင်းက တော့ Star Wars ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာ အရွယ်ကြီးမား တဲ့ ပုရွက်ဆိတ်အုံကြီးတွေ လှုပ်ရှားသွားလာနေသလိုပါပဲ။ ကျွန်မ လှမ်းပြီး ထောက်လှမ်းကြည့်တဲ့ နေရာကဆိုရင်တော့ တောင်စောင်းပေါ်ကို အင်းဆက်ပိုးကောင်လေးတွေ ရာနဲ့ချီပြီး တက်နေသလို ထင်ရပါတယ်။ ဒါပေမဲ့အနီးကပ်လာအောင် ကားမောင်းကြည့်တော့ ဒါဟာလူတွေမှန်း ထင်ထင်ရှားရှားမြင်လာရတယ်။ မြေတူးစက်တွေ၊ ဧရာမထရပ်ကားကြီးတွေ၊ ရေမဆေးကျောက်ရှာဖွေသူတွေက လမျက်နှာပြင်လိုမညီမညာဖြစ်နေတဲ့ မြေပြင်ပေါ်မှာ ကွေ့ဝိုက်သွားလာနေပုံက တခြားဂြိုဟ်တစ်ခုပေါ် ရောက်သလိုပါပဲ။ ဖားကန့်ဟာ တစ်ချိန်တုန်းကတော့ ကျားရဲတွေ ကျက်စားပြီး သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းလန်းစိုပြည်တဲ့ နေရာတစ်ခုပါ။ အခုတော့ ကျွန်မမြင်ရသမျှက ဖုန်တွေ၊ မြေညိုညိုတွေပါပဲ။ အရင်တုန်းက ကျောက်စိမ်းကို လက်နဲ့တူးကြတယ်။ နောက်တော့ ဖောက်ခွဲရေးပစ္စည်းတွေ၊ အကြီးစားယန္တရားတွေနဲ့ တူးကြပြန်တယ်။ ဒီစက်ယန္တရားကြီးတွေ အများစုကိုတော့ အမေရိကန်၊ ဒါမှမဟုတ်တရုတ်ကနေ တင်သွင်းလာကြ တာပါ။ ဒီယန္တရားကြီးတွေက တရွေ့ရွေ့လှုပ်ရှားရင်း တောတစ် တောလုံးကို မြန်မြန်ဆန်ဆန် ရှင်းပစ်လိုက်နိုင်တယ်။ တောင်ကြီးတစ်တောင်လုံးကို လပိုင်းအတွင်းဖြိုချပစ်လိုက်နိုင်တယ်။ ဟုတ်ပါတယ်။ ဖားကန့်ဟာ သေလုမြောပါးဖြစ်နေခဲ့ပြီးသားပါ။
သွေးမြေကျရတဲ့ မတော်တ ဆမှုတွေကလည်း တရိပ်ရိပ်မြင့်တက်လာပါတယ်။ အကြီးကျယ် ဆုံးဖြစ်ရပ်တစ်ခုကို ဥပမာ ပေးရရင်တော့ ၂၀၁၅ နိုဝင်ဘာလောက်ကပါ။ အဲဒီတုန်းက မြေပြိုမှုမှာ လူ ပေါင်း ၂၀၀ လောက် သေခဲ့တယ်။ ဒီကိစ္စက မီဒီယာတွေရဲ့ ခေါင်း ကြီးပိုင်းသတင်း ဖြစ်လာတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း မိုင်းတွင်း မတော်တဆမှုတွေ ကြောင့် သေဆုံးသူအရေအတွက်ရာနဲ့ချီရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မှတ်တမ်းတင် ထားခဲ့တယ်။
ဖားကန့်က ကျောက်စိမ်းနန်း တော် မိုင်းတွင်းမှာ ညအချိန်ဖြစ်နေပါတယ်။ ရေမဆေးကျောက် ကို အလွတ်တမ်း ရှာဖွေသူတွေက ဓာတ်မီးတွေ ကိုယ်စီနဲ့ပါ။ သံပေါက်ချွန်းလေးတွေ ကိုင်ပြီး မြေစာတွေကို လိုက်ဆွနေကြတယ်။ ကျောက်စိမ်းအစိတ်အပိုင်းတစ်ခုခုကို ပေါက်မိတဲ့ အသံမျိုးထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။
ရုတ်တရက် စူးစူးဝါးဝါး အသံတစ်ခုထွက်လာတယ်။ ထိတ်လန့်တုန်လှုပ်မှုနဲ့အတူ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာတဲ့ အသံမျိုးပါ။ ရေမဆေးကျောက် ရှာဖွေနေသူတွေဟာ အဲဒီ ချောက် ကမ်းပါး အစပ်ကနေ ကမူးရှူးထိုး ပြေးလွှားရှောင်တိမ်းကြတယ်။ မိုင်းတွင်းထဲမှာ ကျောက်တုံး အ စိတ်အပိုင်းကြီးတစ်ခု ပြိုကျတဲ့ အသံမျိုးကြားလို့ပါ။ ကျွန်မရဲ့ ခေါင်းဆောင်က မီးရောင်နဲ့အတူ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေ တဲ့ မျက်ဝန်းတွေ၊ ဖုန်အလိမ်းလိမ်းပေကျံနေတဲ့ လက်တွေ၊ နွမ်းနယ်ချည့်နဲ့နေတဲ့ ခြေထောက်တွေကို မြင်လွှာတစ်ခုဆီ ပိုင်းခြားပြီး မြင်နေခဲ့ရပါတယ်။ နောက်တော့ ဒီသတိပေးမှုဟာ သတင်းမှားတစ်ခုလို့ သိလိုက်ရတယ်။ ဒါပေမဲ့တစ်လတောင်မကြာပါဘူး။ အဲဒီနေရာမှာပဲ မြေပြိုမှု တကယ်ဖြစ်ခဲ့ပြီး အနည်းဆုံး လူသုံးယောက်လောက် အသက်ပေးလိုက်ရတယ်။ ပြိုသလို အဖြစ်မျိုးကြုံလိုက်တဲ့အချိန်မှာ ရဲမင်းနိုင်ဟာ ကျောက်ဖြုန်း မြေအစအနတွေ ရောပြွမ်းတဲ့ တောင်စောင်းပေါ်မှာ မတ်တတ်ရပ်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောက်စိမ်းတွင်းတွေမှာတော့ ဒီလိုအဖြစ်မျိုးဟာ နေ့တိုင်းကြုံလာနိုင်တဲ့ ကိစ္စပါ။ သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်ကတော့ ခြောက်လ လောက် ကြာမြင့်ခဲ့ပါပြီ။
မုတ်သုံရာသီဥတု အကုန် လောက်မှာ ဖြစ်ပါတယ်။ လူတစ် ရပ်စာလောက် အရွယ်အစားမျိုး ဘီးကြီးတွေ တပ်ဆင်ထားတဲ့ ထရပ်ကားကြီးတစ်စီးက ကျောက်စိမ်းတွင်းတွေကနေ တူးထုတ်ထား တဲ့ ကျောက်သားအစအနတွေနဲ့ မြေကြီးတွေကို တောင်စောင်းမှာ လာပုံသွားတယ်။ အဲဒီနောက်မှာတော့ မြေစာပုံကြီးထဲမှာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းအတိုအစလေး တစ်ခုလောက်များ တွေ့လေမ လားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရာနဲ့ချီတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ စုပြုံပြီးလိုက်ရှာကြတော့တယ်။
ရဲမင်းနိုင်ဟာ မြေပြိုကျတာ ကို မျက်စိနဲ့ မမြင်ခင် အသံကို အရင်ကြားလိုက်ရတယ်။ မိုးခြိမ်း သံလို စူးစူးဝါးဝါးအသံမျိုးကြီးပါ။ ပြီးတော့ သူ့ရဲ့ ရိုးတွင်းခြင်ဆီထိ စိမ့်ဝင်တုန်လှုပ်သွားခဲ့တယ်။ သူ့နားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် အရှင်လတ် လတ်မြေပိပြီး ပျောက်သွားတယ်။ အသက် (၂၈) နှစ်အရွယ် ရဲမင်းလတ်ကိုလည်း လည်ပင်းနစ်တဲ့ထိ မြေစာတွေ ဖုံးသွားတယ်။
‘‘ကျွန်တော် ဒီမှာ’’လို့ သူကသွေးရူးသွေးတမ်း အော်ပါတယ်။ပြီးတော့ အသက်ရှူပေါက်ရ အောင် လွန့်လူးရင်း ကြိုးစားရုန်း ကန်နေခဲ့ရတယ်။
ဘဝတူ ရေမဆေးကျောက် ရှာဖွေသူတွေက သူ့ကို မြန်မြန်ဆန်ဆန်ပဲ ဆွဲထုတ်နိုင်ခဲ့တယ်။ ဒါ့အ ပြင်မလှုပ်မယှက် ငြိမ်သက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ယောက်ကိုလည်း ရှာဖွေပြီး ကယ်ဆယ်နိုင်ခဲ့ကြတယ်။ ဒီဖြစ်ရပ်မှာ လူ သုံးဦးသေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သေဆုံးသူအရေအတွက် ဘယ်လောက်ရှိတယ်ဆို တာ ဘယ်သူမှ တိတိကျကျမသိနိုင်ပါဘူး။ မြန်မာနိုင်ငံမြောက်ဖျား က ဖားကန့်ဒေသမှာ အခုလိုအဖြစ်မျိုးနဲ့ သေသူတွေ အမြောက်အမြားရှိခဲ့ပြီး ဖြစ်ပါတယ်။ အလောင်းပြန်မရသူတွေ အများကြီးပါ။
ကမ္ဘာ့အရည်အသွေး အ ကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိတဲ့ နယ်မြေမှာ ရေမဆေး ကျောက် လာရှာသူတွေကတော့ လူတန်းစားမျိုးစုံပါပဲ။ အဲဒီဒေသ က တောင်ကုန်းတွေပေါ်မှာ သူ့လိုပဲ အလွတ်သဘောနဲ့ ရေမဆေး ကျောက်ရှာဖွေနေသူတွေ အများကြီးရှိတယ်လို့ ရဲမင်းနိုင်က ဆိုတယ်။ ဒီဒေသမှာ တောင်တိုင်းလို လိုက ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေ တိမ်မြုပ်တည်ရှိနေကြတယ်။ မိသားစုဝင်ဆုံးရှုံးထားသူတွေ၊ မူးယစ်ဆေးစွဲနေတဲ့ ရွှေ့ပြောင်းလုပ် သားတွေ အပါအဝင် မျက်နှာစိမ်းတွေ များပါတယ်။ ရဲမင်းနိုင် အလုပ်လုပ်နေတဲ့ မှော်ဆည်းဆာဆိုတဲ့ မိုင်းတွင်းနေရာက မြေပြိုမှုအပြီးမှာလည်း ဘေးအန္တရာယ်များနေဆဲဖြစ်ပါတယ်။ဒီမြေစာပုံတွေအောက်မှာ ဘယ်သူတွေကို မြှုပ်နှံပြီးသား ဖြစ်သွားစေသလဲဆိုတာကို ကျွန်တော်တို့လည်း မသိဘူးလေ’’လို့ သူက ပြောပါတယ်။
အရည်အသွေးကောင်းမွန် တဲ့ မြန်မာ့ကျောက်စိမ်းကို တရုတ်နိုင်ငံသားတွေ အဓိက မက်မောကြတယ်။ တရုတ်မှာ ကျောက်စိမ်းဝယ်လိုအားက တစ်ဟုန်ထိုးမြင့်တက်လာသလို စံချိန်တင်ရောင်း အားတွေလည်း ဖြစ်လာခဲ့တယ်။
ကချင်ပြည်နယ်မှာတော့ အထင်ကရ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းစုကြီးတွေက စွန့်ပစ် တဲ့ မြေစာတွေကြားမှာ ရေမဆေးကျောက်ရှာဖွေသူ သုံးသိန်းဝန်းကျင်လောက် ရှိပါတယ်။ သူ တို့ရဲ့ ဘဝတွေဟာ မြေပြိုမှုတွေ၊ မူးယစ်ဆေးဝါးစွဲလမ်းမှုတွေနဲ့ ရောဂါဘယတွေရဲ့ နိစ္စဓူဝခြိမ်းခြောက်မှုအောက်မှာ ရှင်သန်နေရတာ ဖြစ်ပါတယ်။ မြန်မာ့ကျောက် စိမ်းတူးဖော်မှုလုပ်ငန်း ကွန်ရက်ကိုတော့ တပ်မတော်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ တရုတ်ကုမ္ပဏီတွေ၊ ဒေသခံတိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် တွေ၊ အမေရိကန်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာတွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။တရုတ်မှာ ကောင်းကင်ဘုံရဲ့ ရတနာတစ်ပါးအဖြစ် တင်စားကြတဲ့ ကျောက်စိမ်းဟာ မြန်မာစစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေတဲ့ ကချင်တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေကြား ပြည် တွင်းစစ်မီးကို အားကောင်းစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။
နိုင်ငံတကာလေ့လာစောင့် ကြည့်မှုအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ကတော့ ၂၀၁၄ အတွင်းမြန်မာနိုင်ငံရဲ့ ကျောက်စိမ်းကုန် သွယ် ရောင်းချမှု တန်ဖိုးဟာ စုစုပေါင်းဒေါ်လာ ၃၁ ဘီလီယံ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးဂျီဒီပီပမာဏရဲ့ ထက်ဝက်နီးပါးနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ကျောက် စိမ်းလုပ်ငန်းနဲ့ ပတ်သက်ရင် ပွင့် လင်းမြင်သာမှု သိပ်မရှိပါဘူး။
Global Witnsess ရဲ့ အဆို အရ ဒီနေ့ခေတ်မှာတော့ ကျောက်စိမ်းတူးဖော်မှုကို မြန်မာစစ်တပ်ရဲ့ ထိပ်ဆုံးပိုင်း ပုဂ္ဂိုလ်တွေနဲ့ ဆက် စပ်တဲ့ ခရိုနီတွေ၊ ကုမ္ပဏီတွေက ထိန်းချုပ်ထားကြပါတယ်။ စစ်တပ်ကြီးစိုးအုပ်ချုပ်မှု အောက်မှာဆယ်စုနှစ် ငါးခုလောက် ကြာမြင့် ခဲ့ရာကနေ အရပ်သားတစ်ပိုင်း အစိုးရခေတ်ကို ပြောင်းလာပေ မယ့် ကျောက်စိမ်းလုပ်ငန်းတွေ ကတော့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး အစိုးရအတွက် ကန့်သတ် နယ်မြေတစ်ခု ဖြစ်နေဆဲပါ။ ကျောက်စိမ်းတုံး အများစုဟာ မှောင်ခိုလမ်းကြောင်းကနေ တစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံထဲကို ရောက်သွားကြပါတယ်။ အာရှ တိုက်ရဲ့ အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်ခုအဖြစ် ပါဝင်နေချိန်မှာ တကယ်တမ်းထုတ်လုပ်မှုရဲ့ အစိတ်အပိုင်းလောက်ကိုသာ တရား ဝင်ထုတ်ပြပြီး အစိုးရဆီမှာ အခွန်ဆောင်ကြတာပါ။ အဂတိလိုက်စားမှုတွေ၊ စာရင်းဖျောက်မှုတွေနဲ့ အတူ ပျောက်ကွယ်သွားတဲ့ ပမာ ဏက ခန့်မှန်းဖို့ မလွယ်ပါဘူး။ Global Witnessကတော့ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ‘ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး သဘာဝသယံဇာတ ဓားပြမှုကြီး’လို့ ခေါင်းစဉ်တပ်ဖူးပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ အမေရိကန် သမ္မတ (ဟောင်း) ဘားရက်အိုဘားမားက မြန်မာနိုင်ငံကနေ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ တင်သွင်းမှုအပေါ် ပိတ်ပင်ထားတဲ့ သတ်မှတ်ချက် ကို ဖယ်ရှားပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းက နိုင်ငံတကာမှာ အကြီးအ ကျယ်နာမည်ပျက်နေတဲ့ အခြေအနေကြောင့် အမေရိကန်က အခုလို တားမြစ်ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ပိတ်ပင်မှုကို ဖယ်ရှားပေး လိုက်တာက ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီ အာဏာရလာတဲ့ အခြေအနေအ ပေါ် တုံ့ပြန်အသိအမှတ်ပြုတဲ့ သဘောလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရ အဖွဲ့သစ်က ကျောက်စိမ်းလုပ်ငန်း မှာ လုံခြုံရေးအဆင့်အတန်းတွေ မြှင့်တင်ဖို့၊ အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ဖို့ အရှိန်မြှင့်လုပ်ဆောင်လာမှာကို ကျောက်စိမ်းတွင်း ပိုင်ရှင်တွေ စိုးရိမ်ခြင်း ကြောင့်ပဲ ဖားကန့်က အစိမ်းရောင်သဘာဝရတနာတွေ တူးဖော်ထုတ်လုပ် မှုကို ပိုပြီးမြန်မြန်ဆန်လုပ်လာကြပြန်တယ်။
‘‘လာမယ့် နှစ် ၂၀ လောက်ဆို ကျောက်စိမ်းလုံးဝ မရှိတော့ မယ့် ပုံစံမျိုးကို အသည်းအသန် တူးနေကြတာ’’လို့ အဲဒီဒေသမှာ အလုပ်လုပ်နေသူ တစ်ယောက်က ပြောပါတယ်။ ‘‘မဟုတ်ဘူးဗျ။ ၁၀နှစ်လောက်အတွင်း လုံးဝပျောက်သွားတော့မယ့် ပုံစံမျိုးကို တူးကြ တာ’’လို့ သူက ပြန်ပြင်ပြီး မှတ် ချက်ပေးလိုက်ပါသေးတယ်။
ကမ္ဘာပေါ်မှာ အရည်အသွေး
အကောင်းဆုံး ကျောက်စိမ်းတွေထွက်ရှိတဲ့ မိုင်းတွင်းနေရာ အားလုံးလိုလိုကို နိုင်ငံခြားသားတွေချဉ်းကပ်ခွင့်မရအောင် ပိတ်ထားပါ တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဖားကန့်ကို ဝင်ရောက်နိုင်ဖို့ အချိတ်အ ဆက်တွေ ရထားခဲ့တယ်။ တရုတ်တော်ဝင်မင်းဆက်တွေ တန်ဖိုး ထားတဲ့ တွင်းထွက်ရတနာတွေ ခိုအောင်းရာ၊ ငှက်ဖျားရောဂါပိုးထူထပ်ရာဒေသကို ရောက်ရှိခဲ့ တယ်။ ကျွန်မရှေ့က မြင်ကွင်းက တော့ Star Wars ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာ အရွယ်ကြီးမား တဲ့ ပုရွက်ဆိတ်အုံကြီးတွေ လှုပ်ရှားသွားလာနေသလိုပါပဲ။ ကျွန်မ လှမ်းပြီး ထောက်လှမ်းကြည့်တဲ့ နေရာကဆိုရင်တော့ တောင်စောင်းပေါ်ကို အင်းဆက်ပိုးကောင်လေးတွေ ရာနဲ့ချီပြီး တက်နေသလို ထင်ရပါတယ်။ ဒါပေမဲ့အနီးကပ်လာအောင် ကားမောင်းကြည့်တော့ ဒါဟာလူတွေမှန်း ထင်ထင်ရှားရှားမြင်လာရတယ်။ မြေတူးစက်တွေ၊ ဧရာမထရပ်ကားကြီးတွေ၊ ရေမဆေးကျောက်ရှာဖွေသူတွေက လမျက်နှာပြင်လိုမညီမညာဖြစ်နေတဲ့ မြေပြင်ပေါ်မှာ ကွေ့ဝိုက်သွားလာနေပုံက တခြားဂြိုဟ်တစ်ခုပေါ် ရောက်သလိုပါပဲ။ ဖားကန့်ဟာ တစ်ချိန်တုန်းကတော့ ကျားရဲတွေ ကျက်စားပြီး သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းလန်းစိုပြည်တဲ့ နေရာတစ်ခုပါ။ အခုတော့ ကျွန်မမြင်ရသမျှက ဖုန်တွေ၊ မြေညိုညိုတွေပါပဲ။ အရင်တုန်းက ကျောက်စိမ်းကို လက်နဲ့တူးကြတယ်။ နောက်တော့ ဖောက်ခွဲရေးပစ္စည်းတွေ၊ အကြီးစားယန္တရားတွေနဲ့ တူးကြပြန်တယ်။ ဒီစက်ယန္တရားကြီးတွေ အများစုကိုတော့ အမေရိကန်၊ ဒါမှမဟုတ်တရုတ်ကနေ တင်သွင်းလာကြ တာပါ။ ဒီယန္တရားကြီးတွေက တရွေ့ရွေ့လှုပ်ရှားရင်း တောတစ် တောလုံးကို မြန်မြန်ဆန်ဆန် ရှင်းပစ်လိုက်နိုင်တယ်။ တောင်ကြီးတစ်တောင်လုံးကို လပိုင်းအတွင်းဖြိုချပစ်လိုက်နိုင်တယ်။ ဟုတ်ပါတယ်။ ဖားကန့်ဟာ သေလုမြောပါးဖြစ်နေခဲ့ပြီးသားပါ။
သွေးမြေကျရတဲ့ မတော်တ ဆမှုတွေကလည်း တရိပ်ရိပ်မြင့်တက်လာပါတယ်။ အကြီးကျယ် ဆုံးဖြစ်ရပ်တစ်ခုကို ဥပမာ ပေးရရင်တော့ ၂၀၁၅ နိုဝင်ဘာလောက်ကပါ။ အဲဒီတုန်းက မြေပြိုမှုမှာ လူ ပေါင်း ၂၀၀ လောက် သေခဲ့တယ်။ ဒီကိစ္စက မီဒီယာတွေရဲ့ ခေါင်း ကြီးပိုင်းသတင်း ဖြစ်လာတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်း မိုင်းတွင်း မတော်တဆမှုတွေ ကြောင့် သေဆုံးသူအရေအတွက်ရာနဲ့ချီရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မှတ်တမ်းတင် ထားခဲ့တယ်။
ဖားကန့်က ကျောက်စိမ်းနန်း တော် မိုင်းတွင်းမှာ ညအချိန်ဖြစ်နေပါတယ်။ ရေမဆေးကျောက် ကို အလွတ်တမ်း ရှာဖွေသူတွေက ဓာတ်မီးတွေ ကိုယ်စီနဲ့ပါ။ သံပေါက်ချွန်းလေးတွေ ကိုင်ပြီး မြေစာတွေကို လိုက်ဆွနေကြတယ်။ ကျောက်စိမ်းအစိတ်အပိုင်းတစ်ခုခုကို ပေါက်မိတဲ့ အသံမျိုးထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။
ရုတ်တရက် စူးစူးဝါးဝါး အသံတစ်ခုထွက်လာတယ်။ ထိတ်လန့်တုန်လှုပ်မှုနဲ့အတူ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာတဲ့ အသံမျိုးပါ။ ရေမဆေးကျောက် ရှာဖွေနေသူတွေဟာ အဲဒီ ချောက် ကမ်းပါး အစပ်ကနေ ကမူးရှူးထိုး ပြေးလွှားရှောင်တိမ်းကြတယ်။ မိုင်းတွင်းထဲမှာ ကျောက်တုံး အ စိတ်အပိုင်းကြီးတစ်ခု ပြိုကျတဲ့ အသံမျိုးကြားလို့ပါ။ ကျွန်မရဲ့ ခေါင်းဆောင်က မီးရောင်နဲ့အတူ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေ တဲ့ မျက်ဝန်းတွေ၊ ဖုန်အလိမ်းလိမ်းပေကျံနေတဲ့ လက်တွေ၊ နွမ်းနယ်ချည့်နဲ့နေတဲ့ ခြေထောက်တွေကို မြင်လွှာတစ်ခုဆီ ပိုင်းခြားပြီး မြင်နေခဲ့ရပါတယ်။ နောက်တော့ ဒီသတိပေးမှုဟာ သတင်းမှားတစ်ခုလို့ သိလိုက်ရတယ်။ ဒါပေမဲ့တစ်လတောင်မကြာပါဘူး။ အဲဒီနေရာမှာပဲ မြေပြိုမှု တကယ်ဖြစ်ခဲ့ပြီး အနည်းဆုံး လူသုံးယောက်လောက် အသက်ပေးလိုက်ရတယ်။
Credit - 7Daydaily
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Post a Comment