Header Ads

မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAppမှ ကျင်းပသောနှစ် ၇၀ ပြည့်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ မှ ပြိုင်ပွဲဝင်ကဗျာများကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။ji

ဖော်ဖော်ဝါရီလ ၁၁ ရက်တွင်ကျရောက်သော နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ (Facebook) မှ ပြိုင်ပွဲဝင်ကဗျာများကို ပြန်လည် တင်ဆက်ခြင်းဖြစ်ပါသည်။


မြန်မာလူငယ်သတင်းစုံ Page
နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာပြိုင်​ပွဲ
ပြိုင်ပွဲဝင်ကဗျာ

အမည်....ဒီမိုးလွင်
နေရပ်.... လှိုင်သာယာ ရန်ကုန်
ဖုန်း......09.975507405
မော်ဒန် ကဗျာ

,,,," ပြည်ထောင်စုစိတ်ဓာတ် ",,,,
*********************

အညှောင့် အတက်တွေက စွင့်စွင့်ကားကား
ဓူဝံကြယ် ကိုခူးဆွတ်တော့မလားထင်
ဒါပေသိ
တစ်လုံးစီပြန့်ကျဲနေတဲ့ ဝါးလုံးတွေမှာ
" အား " ဆိုတာမပြည့်ခဲ့လေတော့
အသိမဲ့စွာကူးခတ်မိသမျှ
ရူးမတတ် နစ်မြုပ်ခဲ့ကြပြန်တယ် ။

လက်လှမ်းမှီသမျှ ခူးဆွတ်
ဦးညွတ်ပေါင်းစည်းလာတဲ့ ဝါးလုံး ၁၄ လုံး
အမျိုးအပွားက ၁၃၅ မျိုး
ဘယ်ရန်သူတွေ ဘယ်လိုထိုးဖျက်
ဒီပင်လုံတံတား မကျိုးပျက်ခဲ့ဘူး ။

တွဲလက်ညီညာစွာ လျှောက်လှမ်း
ခေါင်းဆောင်ကောင်းတို့ရဲ့ ဥဒါန်းမှာ
ငြိမ်းချမ်းရေးပန်းတွေ လန်းနေလိုက်တာ
နှစ်ပေါင်း ၇၀ တောင်ကြာခဲ့ပြီ
အခုထိ မညှိုးနွမ်းသေးဘူးပဲ ။

ဖက်ဒရယ်လ်တာရိုး မကျိုးပေါက်သရွေ့
ငြိမ်းချမ်းရေးမိုး မခေါင်နိုင်ဘူး
ပြည်နယ် / တိုင်း ၁၄ ခုမှာ
သက်ဆိုင်ရာဓလေ့ရိုးရာတွေကူးစက်
ပြည်ထောင်စုကို အသက်ဆက်ရင်း
ငါတို့ဘိုးဘွားတွေ တာဝန်ကျေခဲ့ကြတယ် ။

မာန်မာနတွေ ခုတ်ဖြတ်
အာဃာတတွေ သင်္ဂြိုဟ်
မြေပုံတစ်ခုတည်းကို ညီတူရေး
ပြည်သူမွေးတဲ့ ခေါင်းဆောင်အောက်မှာ
ငါတို့အားလုံး ကြည်ဖြူစွာရောက်ရှိနေရမယ်
အဲဒါ...
" ပြည်ထောင်စု စိတ်ဓာတ် "ပဲ ။။

ကိုယ်တိုင်ရေး မည်သည့်နေရာမှ မပို့ဖူးပါ ။
ဒီမိုးလွင်


No comments