အဖြူရောင်အလင်းတန်းပရဟိတကဗျာအသင်း တွေ့ဆုံပွဲနှင့် ကဗျာ ရွတ်ဖတ်ပွဲ ကျင်းပ
၁၁ မတ်
မုံရွာ
မြန်မာလူငယ်သတင်းစုံ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော အဖြူရောင်အလင်းတန်း ပရဟိတ ကဗျာအသင်း၏ တွေ့ဆုံပွဲ (မုံရွာ) အခမ်းအနားကို ၁၁.၃.၂၀၁၇(စနေနေ့) မုံရွာမြို့ အာစိဏ္ဏာရာမ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲကို အနယ်နယ်အရပ်ရပ်မှ အဖြူရောင်အလင်းတန်း ပရဟိတကဗျာ အသင်းဝင်များ / ကဗျာစာပေချစ်သူများတတ်ရောက်ခဲ့ပါတယ်။
ထို့အပြင် အဖြူရောင်အလင်းတန်းပရဟိတ ကဗျာ အသင်း ၏ ဥက္ကဋ္ဌ မရှင်းသန့်ဖြူ (ခေတ်လေပြေ) မှ မြန်မာလူငယ်သတင်းစုံသို့ မိဘမဲ့ပရဟိတ စာသင်ကျောင်းများသို့ လှူဒါန်းနိုင်ရန် ကျောင်းသုံးစာအုပ်များကို လည်းကောင်း / အဖြူရောင်အလင်းတန်း ပရဟိတကဗျာ ချစ်သူများအသင်း ဘဏ္ဍာရေးမှုး ကိုခွန်းဆက်သာမှ မြန်မာလူငယ်သတင်းစုံ - မြန်မာလူငယ်ပရဟိတအသင်းသို့ အလှူငွေ ကျပ် ၃၀၀၀၀(သုံးသောင်း) တိတိကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
အဆိုပါ လှူဒါန်းငွေနှင့် ပစ္စည်းများကို မြန်မာလူငယ်သတင်းစုံ ကိုယ်စား မြန်မာလူငယ်သတင်းစုံ ဒုတိယ ဥက္ကဋ္ဌ ဦးဖြိုးသက်ခိုင်မှ လက်ခံရယူခဲ့ပြီး မြန်မာလူငယ်သတင်းစုံမှ အဖြူရောင်အလင်းတန်း ပရဟိတကဗျာအသင်းသို့ Web Page စာမျက်နှာတစ်ခုကို ပြန်လည် လှူဒါန်းခဲ့ပါသည်။
Post a Comment